စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည်က အနံ့ပြင်းပြင်းရသာဟင်းများ

 နယူးယောက် ရန်ပုံငွေပွဲတွင် ရောင်းချသည့် မြန်မာတိုဟူးသုပ် (ဓာတ်ပုံ − နယူးယောက်ခ်တိုင်းမ်)

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကျွန် တော်သိသမျှကား သတင်းများမှသာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဒီမိုကရေစီအရေးလှုပ်ရှားသူများ ကို သေနတ်ဖြင့်ပစ်ခတ်သုတ်သင် တာ၊ အတိုက်အခံများကို အစိုးရ က ထောင်ချတာ၊ တိုင်းရင်းသား လူမျိုးနွယ်စုများကို စစ်သားများ က ဖိနှိပ်နှိပ်စက်တာတွေပဲဖြစ်ပါ သည်။

သို့သော် ပြီးခဲ့သည့် ဇွန်လ က နယူးယောက်ကွင်းရပ်ကွက်က အထက်တန်းကျောင်း မုန့်ဈေး တန်းမှာ စပါးလင်နှင့်ချက်ထား သော ဟင်းရည်ကိုခေါက်ဆွဲဖတ် နှင့် စားမိလိုက်သောအခါ မြန်မာ ဆိုသည့် တိုင်းပြည်ကိုရော လူမျိုးတွေကိုပါ သိမြင်နားလည်ခွင့်ရခဲ့ ပါသည်။
ရန်ကုန်မှာကြီးပြင်းလာခဲ့သူ မျိုးမိုးဆိုသော မြန်မာဓာတ်ပုံ ဆရာမတစ်ဦးက မြန်မာမိဘမဲ့ ကလေးတွေအတွက် ရန်ပုံငွေရှာပွဲတစ်ခုဖြစ်သည့် မိုးကြိုးမြန်မာ အစားအစာဈေးပွဲတော်သို့ ကျွန် တော့်ကို ဖိတ်ကြားပါသည်။

‘‘ဒီမှာတော့ ကျွန်မတို့ အသိုင်းအဝိုင်းက သိပ်ကျဉ်းပါ တယ်။ ကျွန်မတို့က လာတဲ့နောက် ခံအခြေနေတွေမတူပေမယ့် အ စားအစာက ကျွန်မတို့ကို အချင်း ချင်း ပေါင်းကူးဆက်သွယ်ပေး ထားတယ်။ ဒါကြောင့် တစ် ယောက်နဲ့တစ်ယောက်နီးစပ်နေ တာပဲ။ ဒီအစားအစာတွေကို ဈေး ဆိုင်မှာမရနိုင်ဘူး။ ဒါကြောင့် ကိုယ့်အစားအစာကိုစားရပြီဆို ရင် ဘယ်ကရတာလဲလို့ ဂရုကို မစိုက်နိုင်တော့ဘူး’’
အနှစ် ၆၀ ကြာ တိုင်းရင်း သားလူမျိုးပဋိပက္ခများဖြစ်နေ သည့် တိုင်းပြည်ကလာသော လူ တွေဆီက သည်လိုစကားကို ကြားရသည်မှာ နှစ်လိုဖွယ်ရာကောင်း လှပါ၏။

အစားအစာ ဈေးပွဲတော် ကျင်းပရာအခန်းထဲမှာ စားပွဲတွေ က ဒါဇင်ချီရှိနေပြီး ဟင်းပွဲတွေ ပြင်ဆင်ထားသည်။ ထိုဟင်းပွဲ များတွင် အနှစ်များများကုလားပဲ ဟင်းရည်နှင့်စားရသော ဆန် ခေါက်ဆွဲ၊ လက်ဖက်သုပ်၊ ဝက် ခေါက်ကြော်နှင့် ဝက်အသားကင်၊ မုန့်ဟင်းခါးဟုခေါ်သော ငါးဟင်း ရည်နှင့် အနံ့ပြင်းပြင်းအရသာစုံ ဟင်းပွဲ စသည်တို့အစုံအလင်ဖြစ်ပြီး အားလုံးကိုလုပ်အားပေးတွေ က ချက်ပြုတ်ထားပါသည်။ မျိုးကတော့ ဖာလူဒါခေါ် သာကူ၊ ကျောက်ကျောမျိုးနှင့် ပူတင်းကို နှင်းရည်ဆမ်းထားသည့် အချို ရည်ဖြင့်ဖျော်သည့် အိန္ဒိယအချိုပွဲ တစ်မျိုးကိုယူလာခဲ့သည်။

  မြန်မာလူမျိုးမိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများအပါအ ဝင် ထိုပွဲတော်မှာ လူရာချီပြီးရောက်ရှိ စုဝေးနေကြပါသည်။ အားလုံးက တိုင်းပြည်နှင့် မိုင်ထောင်ချီဝေး သည့်နေရာမှာ ကိုယ့်အစားအစာ များကို စားသောက်နေကြပါ သည်။ ကျွန်တော်ကသဘော ကောင်းလှသည့် ကိုဂျိမ်းဆုဆို သော အငြိမ်းစားမြို့နယ်ဆရာဝန် တစ်ဦးနှင့် စကားပြောဖြစ်ပါ သည်။ သူက ကျွန်တော့်ကိုဈေးပွဲ တော်သို့ လိုက်လံပြသပြီး စားပွဲ တိုင်းမှာရပ်ကာ စားစရာများချက် ပြုတ်သူ စားဖိုမှူးများနှင့်မိတ် ဆက်ပေးပါသည်။ သူတို့အထဲမှာ အိမ်အကူအလုပ်သမားကနေ သူ့ လိုဆရာဝန်အထိ လူအမျိုးမျိုး ပါဝင်သည်။ ကိုဂျိမ်းဆုက အစိုးရ နှင့် ကရင်တိုင်းရင်းသားလက် နက်ကိုင်များတိုက်ပွဲဖြစ်နေသည့်ကရင်ပြည်နယ်သို့ ဝန်ထမ်းအဖြစ် တာဝန်ချထားခြင်းခံရသည်။ ထို ကနေတစ်ဆင့် နယ်မြေမလုံခြုံ သဖြင့် သူရော သူ့ဇနီးပါ ထွက် ပြေးဖို့ဆုံးဖြတ်ခဲ့ကြသည်။


မြန်မာပြည်ကနေ ထိုင်းနယ် စပ်က ကရင်နယ်မြေထဲသို့ရောက် အောင် ခုနစ်ရက်ခန့်  သူတို့လမ်းလျှောက်ပြီးသွားခဲ့ကြသည်။ သူတို့ကို ကရင်လူမျိုးသူစိမ်းတွေက ခေါ်ဆောင် ကြည့်ရှုကျွေးမွေး စောင့်ရှောက်ခဲ့သည်။ သည်လိုကရင်သူပုန်တွေ အိမ်မှာနေတာ ကို မစိုးရိမ်ခဲ့ဘူးလားလို့ ကျွန် တော်က မေးသည့်အခါ ‘‘ဟင့်အင်း မစိုးရိမ်ပါဘူး။ ပြဿနာ ဖြစ်တာက အစိုးရတပ်နဲ့ ကရင် တပ်အကြားမှာဖြစ်တာ ရိုးရိုးလူ တွေကြားမှာဖြစ်တာမဟုတ်ဘူး’’
ထိုကျေးဇူးကို တုံ့ပြန်သော အားဖြင့် သူက နှစ်စဉ်ကရင်ဒုက္ခ သည်စခန်းသို့ပြန်သွားပြီး ရက် ပေါင်းများစွာ နေထိုင်လုပ်အား ပေးလေ့ရှိသည်။

ကိုဂျိမ်းဆုက ကျွန်တော့်ကို တိုဟူးသုပ်လုပ်ရောင်းသည့် သင်း သင်းလဲ့ဆိုသော ကရင်ကလေး ထိန်းအမျိုးသမီးတစ်ဦးဆီ ခေါ် သွားပါသည်။ တိုဟူးသုပ်မှာ သူ့ နာမည်ထက်ကို ပိုအရသာရှိလှ ၏။ တိုဟူးက ကုလားပဲကိုကြိတ် ပြီး လုပ်ထားခြင်းဖြစ်ကာ ကြက် သွန်နီ ဆီချက်၊ မန်ကျည်းရည်နှင့် ကြက်သွန်နီ အကြွပ်ကြော်တို့ဖြင့် ပြင်ဆင်ထားပါသည်။ ကြက်သွန် နီနှင့် နံနံပင်ပါပြီး အရသာရှိလှပါသည်။ ကျွန်တော်က တိုဟူးသုပ် ကို ပထမတစ်ပွဲ၊ နောက်ထပ်တစ် ပွဲစားသည့်အပြင် အိမ်ကိုလည်း နှစ်ပွဲထုပ်ခဲ့ပါသေးသည်။
တိုဟူးသုပ်၏ အရသာကို အလွန်သဘောတွေ့သွားသည့် ကျွန်တော်မှာ သင်းသင်းလဲ့၏ ဘေးနားကပ်ပြီး ‘‘ကျွန်တော့်ကို အဲဒါလုပ်နည်း သင်ပေးလို့ရ မလား’’ဟု မေးလိုက်သည်။

သင်းသင်းလဲ့က အားပါး တရပြုံးပြီး ငြိမ်သွား၏။ သူက သူငယ်ချင်းများနှင့်နေရခြင်းဖြစ် ၍ ကျွန်တော့်ကို ဖိတ်ခေါ်ခြင်းကို သူတို့တွေကြိုက်၊ မကြိုက် မသေ ချာလှ။ ထို့ကြောင့် ပစ္စည်းပစ္စယ များ၊ အိုးခွက်များထည့်ထားသည့် အိတ်ကို သူ့အရပ် ၅ ပေခန့်ဖြင့် အနိုင်နိုင်လွယ်ကာ တစ်နာရီလောက်ရထားစီးရသည့် ကျွန် တော့်အိမ်ကိုလိုက်ခဲ့ပါသည်။ ကျွန်တော့်အိမ်မှာ ချက်ပြုတ်နေစဉ် သင်းသင်းလဲ့က တိုဟူးသုပ်က သူတို့ ကရင်ရိုးရာအစားအစာ မဟုတ်ဘဲ အခြားတိုင်းရင်းသားလူ မျိုးစုတစ်ခုဖြစ်သည့် ရှမ်းလူမျိုးတို့ ၏ စားစရာဖြစ်ကြောင်း၊ သို့သော်မြန်မာပြည်ကလူတွေ အားလုံးနှစ် သက်ကြကြောင်း ရှင်းပြပါသည်။

ချက်ပြုတ်ပြီးတာနှင့် သူက ခွင့်တောင်းပြီး အိမ်ပြန်ပါသည်။ ကျွန်တော်က သူ၏ တိုဟူးသုပ်ကို စာဖတ်သူတွေသိရအောင် စာရေးမည်ဆိုတော့ သူက အံ့အားသင့်သွားပါသည်။ ကျွန်တော်စာရေး ဆရာတစ်ဦးမှန်းသူမသိပါ။ သင်းသင်းလဲ့က ကျွန်တော့်ကို ကျေးဇူးတင်ကြောင်းပြောပြီး သူ့အိတ်ကြီး ကိုလွယ်ကာ ရထားဘူတာဆီသို့ ပြန်လည်လမ်းလျှောက်သွားပါ တော့သည်။
နောက်ပိုင်းတွင် ဘာကြောင့် သူစိမ်းတစ်ယောက်ကို ချက်ပြုတ် နည်းသင်ဖို့ အဝေးကြီးလိုက်လာခဲ့ ရသလဲဟု သင်းသင်းလဲ့ကို ကျွန် တော်က ဖုန်းမက်ဆေ့ခ်ျပို့ပြီးလှမ်း မေးခဲ့ပါသည်။
သူပြန်ကြားလိုက်သည့် အင်္ဂလိပ်စာကို အဓိပ္ပာယ်ဖော်ဖို့ ကျွန်တော်အချိန်ယူစဉ်းစားလိုက် ရပါသည်။ သူ၏ ပြန်စာကား အောက်ပါအတိုင်းဖြစ်ပါ၏။

‘‘ကျွန်မက အားလုံးကိုခင် တတ်တဲ့၊ သဘောကောင်းတဲ့ မြန်မာလူမျိုးပါ။ ကိုယ့်အပေါ် မကောင်းတဲ့လူတွေကိုတောင် ကောင်းတတ်သူပါရှင်’’

(နယူးယောက်တိုင်းမ်သတင်းစာ ပါ ဆောင်းပါးရှင် FRANCIS LAM ၏ Myanmar's Many Funks and Flavors ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
http://7daydaily.com/story/44661

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...