စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်မသိသေးတဲ့တိရိစ္ဆာန်တွေရဲ့ထူးခြားချက်များ



၁။ ဆင်တွေဟာမခုန်နိုင်ပါဘူး။

၂။ အိမ်ကြွက်ကလေးတွေဟာဝမ်းနည်းမှုကို အချင်းချင်း မျှဝေခံစားနိုင်ကြပါတယ်။

၃။ မျှော့တွေမှာဦးနှောက် ၃၂ ခုရှိပါသတဲ့။

၎။ Jellyfish တွေမှာနှလုံးမပါပါဘူး။

၅။ Grizzly ဝက်ဝံတွေဟာ ၁၈ မိုင်အကွာကအနံ့ကိုခံနိုင်ပါတယ်။

၆။ခရုတွေရဲ့မျက်လုံးကို သင်ဖြတ်လိုက်မယ်ဆိုရင် နောက်မျက်လုံးအသစ်ပြန်ပေါက် လာပါလိမ့်မယ်။

၇။ ပုရွက်ဆိတ်တွေဟာအခြားသတ္တဝါတွေလို အိပ်ချိန်အကြာကြီး မယူ
တတ်ကြပါ။ တစ်နေ့ကို ၈ မိနစ် ၂ ကြိမ်ပဲ တစ်ရေးအိပ်လေ့ရှိပါတယ်။

၈။ သစ်ကုလားအုတ်တွေဟာလည်း တစ်ညမှာ ၂ နာရီပဲအိပ်ပါသတဲ့။

၉။ ပုတ်သင်ညိုတွေဟာကယ်ဆီယမ်ဓာတ်ရရှိဖို့အတွက် သူ့အမှီး ကိုသူပြန်စားလေ့ရှိပါတယ်။

၁၀။ ဖားတွေဟာသူတို့ရဲ့နားကို အလိုလိုပိတ်နိုင်ပါတယ်တဲ့။

၁၁။ ဖျံတွေရဲ့သွားကြီးထွားမှုဟာ ဘယ်တော့မှမရပ်ပါဘူး။

၁၂။ ဆိတ်တွေဟာသူတို့ရဲ့ခေါင်းကို ၃၆၀ဒီဂရီအထိလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်နိုင်ကြပါတယ်။

၁၃။ ပိုးဖလံတွေမှာအစာအိမ် မပါရှိပါဘူး။

၁၄။ ငါးဖားပြုပ်တွေမှာ ကြွက်သားမရှိပါဘူး။

၁၅။ ဝက်တွေဟာကောင်းကင်ကိုမမြင်နိုင်ပါဘူး။ သူတို့ ရဲ့မျက်လုံး 
ဟာမရွေ့လျားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 
 
၁၆။ မြွေတွေဟာမျက်တောင်မခတ်နိုင်ပါ။

၁၇။ လိပ်ပြာတွေဟာအရသာကို သူတို့ရဲ့ခြေချောင်းတွေကတစ်ဆင့် ခံစားကြပါတယ်။

၁၈။ ပိုးဟပ်တွေဟာခေါင်းမရှိပဲ တစ်ပတ်အသက်ရှင်နိုင်ပါသေးတယ်။

၁၉။ ခြင်္သေ့တွေရဲ့ဟိန်းသံကို ၆မိုင် အကွာအဝေးက ကြားနိုင်ပါတယ်။

၂၀။ နွားတွေဟာမတ်တပ်ရပ်ရင်း အိပ်နိုင်ပေမယ့် လဲလျောင်းပြီးအိပ်မှ သာအိပ်မက် မက်နိုင်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...