စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ကို စိတ်ဓါတ်ခွန်အား ဖြည့်ပေးနိုင်တဲ့ အချက် ၁၅ချက်


              

တစ်ခါတစ်လေ ဘဝမှာ ဘာပဲလုပ်လုပ် အဆင်မပြေတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ ဥပမာ အလုပ်ဖြုတ်ခံရတာမျိုး၊ အိမ်ထောင်ရေး အဆင်
မပြေတာမျိုး၊ ဒါမှမဟုတ် စာမေးပွဲကျတာမျိုးတွေပေါ့။ အဲ့ဒီလို အချိန်မျိုးမှာ သင်က အကူအညီမဲ့နေတာမျိုးတွေ၊ စိတ်ဓါတ် ကျနေတာမျိုးတွေ ဖြစ်တတ်
ပါတယ်။ ဝစ်စတန် ချာချီလ် (Winston Churchill) က “အောင်မြင်မှုဆိုတာ ကျရှုံးမှုတွေလည်း ပါဝင်ပြီး အဓိကကတော့ စိတ်ဓါတ်ခွန်အား မကျဖို့ပဲ” ဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဒီတော့ အရှုံးဆိုတာ တွေ့ကြုံရတဲ့အခါ လုံးဝအားမလျှော့လိုက်မိစေဖို့ သတိပေးမယ့် အချက်လေး ၁၅ ချက် ကို ပရိတ်သတ်ကြီးအတွက် တင်ပြပေးထားပါတယ်။

၁။ သင့်မှာ ကောင်းကောင်း နေထိုင်ပြီး သင်ယူခဲ့ရတဲ့ အချိန်တွေရှိတယ်။ နာကျင်စွာ ခံစားခဲ့ရပင်မယ့် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကနေပြီး ရခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိတယ်။

၂။ သင့်ဆီမှာ အိပ်ဖို့ အိပ်ရာ ရှိတယ်။

၃။ သင် ဝတ်ဖို့ အဝတ်တွေ ရှိတယ်။

၎။ သင့်မှာ သောက်စရာ ရေသန့်တွေ ရှိတယ်။

၅။ သင့်မှာ တစ်နေ့တစ်နေ့ စိတ်ပူပင်စရာ မလိုဘဲ စားစရာ အစားအသောက်တွေ ရှိတယ်။

၆။ သင့်မှာ လုပ်စရာ အလုပ်တစ်ခု လက်ထဲမှာ ရှိတယ်။ လက်ရှိ လက်ထဲမှာ အလုပ်မရှိရင်တောင် အလုပ်ရှာဖွေနိုင်စွမ်းရှိတယ်။

၇။ သင့်ရဲ့ လက်ရှိ အခြေအနေတွေ ပိုပြီးကောင်းလာအောင် လုံ့လစိုက်ထုတ်နိုင်စွမ်း ရှိတယ်။

၈။ သင့်မှာ ရှာမှီးထားတဲ့ ဗဟုသုတတွေ ရှိတယ်။

၉။ သင့်မှာ ရွေးချယ်နိုင်စွမ်းလည်း ရှိတယ်။

၁ဝ။ သင့်မှာ ရည်မှန်းချက်ပန်းတိုင် ရှိတယ်။

၁၁။ သင်မှာ ချစ်ခြင်းဆိုတဲ့ ကြိုးနဲ့ ချည်နှောင်ခံခဲ့ရဖူးတဲ့ အချိန်လည်း ရှိတယ်။

၁၂။ သင့်မှာ ခွင့်လွှတ်နိုင်စွမ်း ရှိတယ်။

၁၃။ သင့်မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရှိတယ်။

၁၄။ သင့်မှာ သူငယ်ချင်းမိတ်ဆွေတွေ ရှာဖို့ အခွင့်အရေးတွေ ရှိတယ်။

၁၅။ သင်သာ ယုံကြည်လို့ရှိရင် အရာရာအောင်မြင်နိုင်တဲ့ အရည်အချင်းမျိုး သင့်မှာ ရှိတယ်။

ဘာလိုသေးလို့လဲ။ နေတတ်မယ် ဆိုရင် ဘဝကြီးက နေပျော်ပါတယ်။

ဂန္တ၀င်မဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...