





ရှက်လ်ဘီဆွင့်(Shelby Swink)ဆိုသူ အမျိုးသမီးဟာ မင်္ဂလာဆောင်ခါနီး ငါးရက်အလိုမှာ သူမရဲ့ သုံးနှစ်ကြာတွဲခဲ့တဲ့ ချစ်သူသတို့သားလောင်းရဲ့ ထားခဲ့ခြင်းခံခဲ့ရပါတယ်။
အားလုံးမျှော်လင့်ထားတာ သူမဟာ မင်္ဂလာဆောင်နေ့လေးမှာ ကြေကွဲ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေလိမ့်မယ်လို့ပါ။ ဒါပေမဲ့ အဲဒီနေ့လေးကို သူမရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်း၊ မိဘဆွေမျိုးတွေနဲ့အတူ စိတ်ထွက်ပေါက် အဖြစ် မင်္ဂလာဝတ်စုံတွေကို ဖျက်စီးပစ်ရင်း စိတ်လှုပ်ရှားရင်ခုန်ဖွယ်နေ့လေးအဖြစ် အသွင်ပြောင်း လိုက်ပါတယ်။
ပြီးတော့ သူမကပြောပါသေးတယ် “ကျွန်မစိတ်တွေ ဘယ်လောက်ထိ လွတ်မြောက် သွားလဲဆိုတာကို ဘယ်လို ပြောပြရမှန်းတောင် မသိတော့ ပါဘူး ။ အထူးသဖြင့် ကျွန်မဝတ်စုံကို ပထမဆုံး ဆေးတွေ
ခြယ်လိုက်တဲ့အချိန်ပေါ့ ။ ”
နောက်တော့ သူမရဲ့ဆေးရောင်စုံခြယ်ထားတဲ့ မင်္ဂလာ ဝတ်စုံကို
Memphis မှာရှိတဲ့ နာမည်ကြီး Barefoot Bride မင်္ဂလာဝတ်စုံ အရောင်းပြခန်းမှာ ခင်းကျင်းပြသခြင်း ခံခဲ့ရပါတယ်။ အဲဒီဝတ်စုံ
ကြောင့် အရောင်းသွက်လာခဲ့တဲ့ အကျိုးအမြတ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်းခဲ့ပါတယ်။
သူမ ဖြန့်ဝေချင်တဲ့အယူအဆ လေးတွေကတော့ _”သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။ သင်ကြုံတွေ့လာရတဲ့ အခက်ခဲတွေအားလုံး သင်ကျော်ဖြတ်နိုင်ပါတယ်။
သူမရဲ့မတော်လိုက်ရတဲ့ ခင်ပွန်းလောင်းကို သာ တစ်ခုခုပြောခွင့်ရခဲ့
မယ်ဆို သူမပြောချင်တာတွေက_”ကျွန်မကို ဒီလိုနာကြင်ကြေကွဲစရာ
တွေ ပေးခဲ့တဲ့ ရှင့်ကို သိပ်ကျေးဇူးတင်ပါတယ် ။ ဒါတွေက ကျွန်မကိုပို
ပြီး ခံနိုင်ရည်ရှိဖို့ ၊ပိုပြီးခိုင်မာလာစေဖို့ တည်ဆောက်ပေးခဲ့လို့ပါ။
နောက်ဆုံးအနေနဲ့ ကျွန်မနားလည်လိုက်တာက ကိုယ့်ပျော်ရွှင်မှုတွေ
ကို ဘယ်သူကမှ လုယူထွက်ပြေးသွားလို့ မရဘူး ဆိုတာကိုပါ။”
ဂန္တဝင် မဂ္ဂဇင်းမှ
https://www.facebook.com/thutazone/posts/877331108986911
No comments:
Post a Comment