စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာရှမင်းသမီးလေးတွေရဲ့ အသားအရေထိန်းသိမ်းနည်း


အာရှကမင်းသမီးလေးတွေကိုကြည့်ရင် အသားအရေလေးတွေက ပြစ်မျိုးမှဲ့မထင် ဖြူစင်ဝင်း မွတ်နေတာမို့ သူတို့လိုလှချင်သူ တွေ အတုယူနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။
အာရှနိုင်ငံတွေရဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်တွေကို အသုံးပြုလေ့ရှိကြပြီး အရမ်းထူထူထဲထဲလိမ်းတာထက်

သဘာဝပုံစံမျိုးလေးလှရုံသာလိမ်းခြယ်လေ့ရှိကြပါတယ်။အာရှမင်းသမီးလေးတွေလုပ်လေ့လုပ်ထရှိတဲ့ အရာကမျက်နှာအသားအရေစိုပြည်အောင်လို့ ရေမှုန်ရေမွှားနဲ့ ဖျန်းပေးတာပါ။ ကိုယ်တိုင်လုပ်ကြည့်ချင်ရင် ရေဖျန်းဘူးအလွတ်တစ်ခုကိုယူ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ရနံ့ဆီနဲ့ ရေအနည်းငယ်နဲ့ ရောပြီးရင်တော့ မျက်နှာကို မကြာခဏဖျန်းပေးပါ။ ရေမှုန်လေးတွေပဲ ဖျန်းတာမို့ မိတ်ကပ်ပျက်မှာကိုတော့ စိုးရိမ်ဖို့မလို ကြောင်းပါ။

အောက်ခံမိတ်ကပ်ဆိုရင်တော့ ရေဓာတ်ထိန်းပေးနိုင်တာ မျိုး ရွေးရမှာပါ။ ဒါမှသာ အရေးအကြောင်းပေါ်တာတွေကို ကာ ကွယ်ပေးနိုင်မှာပါ။ ခုနလိုရေမှုန်လေးတွေ မျက်နှာကိုဖျန်းပြီး ခြောက်တော့မှ အောက်ခံမိတ်ကပ်လိမ်းတာမျိုးလုပ်ပေးရင် ပို ကောင်းပါတယ်။
အသားအရေတွေစိုပြည်စေဖို့က ရေဓာတ်ပြည့်ဝနေဖို့လိုအပ်တာကြောင့် ရေများများသောက်ရမှာပါ။ နောက်ပြီးရေခဲရေနဲ့ မျက်နှာသစ်တဲ့အလေ့အကျင့်လည်း လုပ်ပေးရမှာဖြစ်သလို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားဖို့လည်း လိုအပ်ပါတယ်။

နောက်ပြီး အသားအရေထိန်းသိမ်းတာနေ့စဉ်လုပ်တယ် ဆိုရင် မပျက်ကွက်ဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ၄၂၄ နည်းစနစ်ဖြစ်တဲ့ မျက်နှာသစ်ဆီနဲ့ လေးမိနစ်လောက်နှိပ်နယ်၊ မျက်နှာသစ်ဆေးနဲ့ ၂ မိနစ်လောက်ချေးချွတ်၊ လေးမိနစ်လောက်အချိန်ယူပြီး မျက်နှာသေချာသစ်၊ နောက်ဆုံးမှာရေအေးအေး လေးနဲ့ မျက်နှာသစ်ပြီး ချွေးပေါက်ပိတ်အောင် လုပ်လိုက်ပါ။
တိုနာသုံးမယ်ဆိုရင်လည်း ဂွမ်းစနဲ့ ဖိပွတ်တာမျိုးမလုပ်ဘဲ အသာအယာပုတ်ပြီး လိမ်းရမှာပါ။ ဂွမ်းစမရှိရင်လည်း လက်ချောင်းလေးနဲ့ အသာပုတ်ပြီး လိမ်းနိုင်ပါတယ်။

အလှဆီ (Moisturizer) လိမ်းမယ်ဆိုရင် လက်ထဲကိုအရင်ထည့် ပွတ်ပြီး လက်ရဲ့သဘာဝအပူ ဓာတ်ယူပြီးမှ မျက်နှာတစ်ပြင်လုံးလိမ်းရင် အသားထဲသေချာစိမ့်ဝင်ပြီး မျက်နှာတင်းရင်းလှပစေပါတယ်။
မျက်နှာပေါင်းတင်လွှာနေ့တိုင်း ကပ်ပေးတာမျိုးကလည်း အ သားအရေကို သန့်စင်ပြီး ချောမွတ်တောက်ပြောင်စေတယ်လို့ ဆိုပါတယ်။         
Ref: wellnessbin

http://7daydaily.com/story/43587

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...