စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ဗိုက်သား ပြားချပ်နေအောင် ထိန်းသိမ်းနိုင်မယ့် နည်း (၃) သွယ်


                
စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် Crop Top လို ခါးတိုအ၀တ်အစားလေးတွေ အရှိန်အဟုန်နဲ့ ခေတ်စားလာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံး နည်းလမ်း (၃)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

အစာတွေစားပြီးပြီးချင်း တခါတည်း အိပ်ခန်းသို့ ချီတက် အိပ်စက်အနားယူလိုက်မယ်ဆိုရင် အစာချေဖျက်ပေးဖို့ သင့်တင့်တဲ့အချိန် မယူလိုက်ပဲ၊ နေ့အချိန်က ကိုယ်လက်လုပ်ရှားမှုပြုနေစဉ်အတွင်းက ကယ်လိုရီတွေကို ဖယ်ထုတ်ပေးဖို့ အခွင့်ရအောင် အချိန်ကောင်း မပေးလိုက်ရာရောက်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်က ကိုယ့်အပေါ်မှာသာ စုပြုံပြီး ဝမ်းဗိုက်ကဘေးဘက်ကို ကားထွက်လာတာ၊ ကြီးရင်း ပိုကြီးလာတာ တဖြည်းဖြည်း စတင် သတိပြုမိလာမှာဖြစ်တယ်။

(၂) ထမင်းမစားမီနဲ့ စားပြီးအချိန်မှာ ရေတစ်ဗူးသောက်ပါ

ရေဟာ ကောင်းတဲ့ အချက်ဖြစ်သည်သာမက ဗိုက်ကို တကယ်ပြည့်နေတာထက်ကို ပိုတင်းနေရသလို ခံစားရစေမှာဖြစ်တယ်။ ထမင်းမစားခင် ရေတစ်ဗူးသောက်မယ် ဆိုရင် အစာအလွန် အကျွံ စားသုံး ချင်စိတ်ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ထမင်းစားပြီး ရေတစ်ဗူးသောက်ခြင်း အားဖြင့်လည်း ဗိုက်ပြည့်ပြီဖြစ်ကြောင်း သေချာမှု ရရှိခံစားလာစေမှာ ဖြစ်ပါတယ်။ ရေကြောင့်ဖြစ်လာတဲ့ ကိုယ်အလေးချိန်ကြောင့် မစိုးရိမ်ပါနဲ့။ ခဏကြာလာရင် ချက်ချင်း သိသိသာသာ ပြန်ကျသွားပါလိမ့်မယ်။

(၃) အိပ်ယာမဝင်ခင်နဲ့ နိုးလာတဲ့အချိန် ၂၅ ကြိမ်စီ အံကြိတ်ပေးပါ

ဒါမဖြစ်မနေလုပ်ရမယ့် တာဝန်ပါ။ ဒီအလေ့အကျင့်ကို တစ်ခုချင်းစီ အတိမ်းအစောင်း မခံဘဲ အကုန်လိုက်နာဆောင်ရွက်လို့မှ သင့်ဗိုက်က ထင်သလောက်ပြားချပ် မလာဘူးဆိုပါဆို့။ တစ်နေ့ကို အကြိမ် ၅၀ လောက် ထပ်လုပ်ပေးနိုင်ရင် မဆိုးဘူးပေါ့။ အဲဒီလို လုပ်လို့ အကျင့်ရလာပြီဆိုတာနဲ့ သင့်တစ်နေ့တာ လှုပ်ရှားမှုမှာ ထူးခြားမှုရှိလာကြောင်း သိရှိလာပါလိမ့်မယ်။

Credit : Trend Myanmar

https://www.facebook.com/revitalmyanmar/photos/a.316488991847992.10

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...