စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၉၇၀ခုနှစ်က ပျောက်ဆုံးသွားသည့် ဂျပန်တောင်တက်သမား ၂ ဦး၏ ရုပ်အလောင်းပြန်လည်တွေ့ရှိ



ပုံ- တောင်တက်သမားများ၏ရုပ်အလောင်းများအနီးမှတွေ့ရှိရသည့် တောင်တက်ဖိနပ်အား ရဲတပ်ဖွဲ့ကထုတ်ဖော်ပြသနေစဉ် 

ဆွစ်ဇာလန်နိုင်ငံ မက်တာဟွန်းရေခဲတောင်ခြေရင်းတွင်တွေ့ရှိရသော ရုပ်အလောင်းများမှာ လွန်ခဲ့သော ၄၅ နှစ်က ပျောက်ဆုံးသွားသည့် ဂျပန်တောင်တက်သမား ၂ ဦးဖြစ်ကြောင်းသိရှိရသည်။ DNA စစ်ဆေးချက်အရ ထိုအလောင်းများသည် ၁၉၇၀ ခုနှစ် သြဂုတ်လကပျောက်ဆုံးသွားသည့် ဂျပန်တောင်တက်သမားများဖြစ်သည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ရုပ်အလောင်းများကို ယမန်နှစ်အောက်တိုဘာလက အဲလ်စ်တောင်တန်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၉၂၀၀ တွင်တွေ့ရှိခဲ့ရသည်။ အမြင့်ပေ ၁၄၆၉၂ ရှိ မက်တာဟွန်းရေခဲတောင် အရည်ပျော်ရာမှတစ်ဆင့် ၎င်းတို့ကို ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဂျီနီဗာရှိ ဂျပန်ကောင်စစ်ဝန်က တောင်တက်သမားများမှာ မီချီအိုအိုကာဝါနှင့် မာဆာယူကီကိုဘာယာဆီတို့ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပြီး ၎င်းတို့မှာ ပျောက်ဆုံးသွားချိန်တွင် အသက် ၂၂ နှင့် ၂၁ နှစ်အရွယ်ဖြစ်ကြသည်။ ဂျပန်ကောင်စစ်ဝန်သည် ၎င်းတို့၏ DNA ရလဒ်များကို နှိုင်းယှဉ်နိုင်ရန် တောင်တက်သမား ၂ ဦး၏ မိသားစုများကို ဆက်သွယ်ဖော်ထုတ်ပေးနိုင်ရန်ကူညီပေးခဲ့သည်။


ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှုကြောင့် အဲလ်စ်ရေခဲတောင်များ အရည်ပျော်လာသည့်အတွက် ကာလကြာရှည်ပျောက်ဆုံးနေသည့် တောင်တက်သမားများ၏ရုပ်အလောင်းများ ပြန်လည်တွေ့ရှိမှုမှာ တဖြည်းဖြည်းပိုမိုများပြားလာခဲ့သည်။ တောင်ပေါ်ကယ်ဆယ်ရေးရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ်က မက်တာဟွန်းတောင်ထိပ်အနီးတွင် ၁၉၇၉ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့သည့် ဗြိတိသျှတောင်တက်သမား ဂျိုနသန်ကွန်ဗေးလ်၏ ရုပ်အလောင်းနှင့် တောင်တက်ပစ္စည်းများအား တွေ့ရှိခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ် ၄၀ က မတော်တဆဖြစ်ရပ်ကြောင့် ပျောက်ဆုံးသွားခဲ့သည့် ချက်နိုင်ငံသားတောင်တက်သမား၏ရုပ်အလောင်းကို ဘားနိစ်အဲလ်စ်တောင်ပေါ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

Ref: BBC
ညီမင်းဟန်
https://www.facebook.com/Internationalnewsformyanmar/photos/a.703837809703354

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...