စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နည်းပြဆရာ+ တပည့် = အောင်မြင်မှု


ကိုယ်ခန္ဓာတည်ဆောက်မှု အားကစားသည် မိမိ တည်ဆောက်လိုသော ကြွက်သား အစိတ်အပိုင်းမှ ကြွက်သားစများကို အလေးဖြင်. ကွေးချီ ဆန်.ချီ ပြုလုပ် လေ.ကျင်.ပေးခြင်းဖြင်. ကြွက်သားများ ရုံးကန် တွန်းလှန် ပေါ်ထွက်လာခြင်းကို ကြွက်သားဆိုင်များ ရှုံနိုင်မှုမှ ပေါ်ထွက်လာခြင်း ဟု ဆိုပေသည်။ ကြွက်သားဆိုင် တစ်ခုရှိ အစွန်းနှစ်ဘက်ကို အနီးဆုံး ဖြစ်အောင် ရှုံနိုင်လေ ကြွက်သား အရည်အသွေး အစွမ်းတက် လာလေဖြစ်သည်။ သို.သော် မှန်ကန်သော လေ.ကျင်.နည်းကို အသုံးပြုတတ်ရန် လိုပေသည်။ 

နည်းစနစ် မှန်ကန်မှု မရှိပါက အစွန်းထွက်မှုလည်း ကောင်းမွန်လာမည် မဟုတ်ပေ။ အိုလံပစ် အလေးမနည်းသည် သတ်မှတ်ထားသော မနည်းနှစ်မျိုး (အမြန်မ နှစ်ဆင်.မ) ကို အများဆုံး မနိုင်ရန် ခွန်အား သန်စွမ်းမှုရှိရန် လေ.ကျင်ပေးခြင်း ဖြစ်သည်။ ခန္ဓာကိုယ် တည်ဆောက်မှု အားကစားသည် ခွန်အား သန်စွမ်းမှုထက် ကြွက်သားများ ကြီးထွား မို.မောက် ဖေါင်းကြွ ပေါက်ကွဲ ရုန်းကန်ပေါ်ထွက်မှု ကို အဓိကထားခြင်း ဖြစ်သည်နှင်. အညီ ပြင်းထန်သော ကြွက်သား ရှုံနိုင်မှုဖြင်. လေ.ကျင်. တည်ဆောက်ခြင်း ဖြစ်လေသည်။ ကာယဗလ တည်ဆောက်မှု၏ အဓိက ရည်ရွယ်ချက်သည် ကိုယ်ခန္ဓာရှိ ကြွက်သားများ အားလုံး သူ.နေရာနှင်.သူ ညီညွတ် ကြီးထွားရေးပင် ဖြစ်သည်။ ကာယဗလ လေ.ကျင်နည်းပေါင်း အမျိုးမျိုးရှိသည်။

၁။ ကိုယ်ခန္ဓာ အထက်ပိုင်း (တစ်နေ.) အောက်ပိုင်း (တစ်နေ.) The Split System

၂။ ကိုယ်ခန္ဓာ အထက် အောက်ပိုင်းကို (၄၅)မိနစ် လေ.ကျင်.ပြီးနောက် အနည်းဆုံး (၆/၈) နာရီ နားပြီး အခြား ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို (၄၅)မိနစ် လေ.ကျင်.ပေးခြင်း။ The double Split System

၃။ မရပ်မနားပဲ လေ.ကျင်.ခန်း တစ်ကြော. ပြီးသည်နှင်. တဆက်တည်း နောက်ထပ် လေ.ကျင်.ခန်း တစ်ခု ကို ဆက်တိုက် ပြုလုပ်ခြင်း။ A Superset

၎။ (၃)ရက် ကစား (၁)ရက်နား Three on one off

၅။ (၂)ရက်ကစား (၁)ရက်နား Two on one off

၆။ (၁)ရက်ကစား (၁)ရက်နား One on one off

၇။ လေ.ကျင်.ခန်း နောက်ဆုံး အကြိမ်တွင် အတင်းအကြပ် အားထုတ် လေ.ကျင်.ခြင်း။ Force reps

၈။ လေ.ကျင်.ရာတွင် သက်တောင်. သက်သာဖြစ်စေရန် မိမိကိုယ်ကို လွဲပြီး လှုပ်ရှား လိမ်ညာ လေ.ကျင်.ခြင်း Cheating reps

အထက် ဖော်ပြပါ လေ.ကျင်.နည်းများကို အခြေခံလျက် နည်းပြဆရာတို.သည် one to one traning တစ်ယောက်ခြင်း လေ.ကျင်. ပေးခြင်းနှင်. one to all အများ အဖွဲ.အစည်းကို လေ.ကျင်.ပေးခြင်းစသည် ဆောင်ရွက်မှုများ ပြုလုပ် ကြပေသည်။

ကာယဗလ လေ.ကျင်.သူ တို.သည် မိမိနှင်. သင်.တော်သော လေ.ကျင်.ခန်းကို ရွေးချယ် လေ.ကျင်.တတ် ရမည်။ မည်သည့် လေ.ကျင်.ခန်း၊ မည်သည်. လေ.ကျင်.နည်းစနစ် သည် မိမိအတွက် အသင်.တော်ဆုံး ဖြစ်သည်ကို တွေးတော ဆင်ခြင်၍ နည်းပြဆရာကောင်း ထံချဉ်းကပ် လေ.လာ သင်ကြားရန် အထူး လိုအပ်ပေသည်။ နည်းပြဆရာ တို.၏ ညွှန်ကြားပြသမှု အတွေ.အကြုံ ကိုဆန်းစစ်၍ လိုက်ဖက် ကောင်းမွန်ရာများကိုေ၇ွးချယ် လေ.ကျင်.ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ၊စိတ်ဓာတ် တက်ကြွ ခိုင်မာခြင်းတို.သည် ထူးချွန်သော အားကစားသမား တစ်ဦးဖြစ်ရေး အတွက် ရှိသင်. ရှိထိုက်သော အခြေခံ အချက်များပင် ဖြစ်သည်။ လေ.ကျင်.ခန်း လေ.ကျင်.နည်း တို.ကို အမြဲတန်း ပုံသေထား လေ.ကျင်.ပါက ပျင်းရိ ငြီးငွေ. လာတတ်သည်။ စိတ်မပါပဲ လေ.ကျင်.လျင် တိုးတက်မှု မရှိသည်.အပြင် အချိန်ကုန် လူပန်း အကျိုးယုတ်သော ရလဒ်များသာ အသားတင်ရမည် ဖြစ်သည်။

ဆန်းသစ်သော လေ.ကျင်.ခန်းများ၊ အထောက်အကူ ပြု လေ.ကျင်.ခန်းများ၊ စက်ကိရိယာ လေ.ကျင်.ခန်းများ၊ စသည်ဖြင်. လေ.ကျင်.မှု အစီအစဉ် (Traning Programme) ကို အခြေအနေနှင်. လိုက်လျော ညီထွေ ပြောင်းလဲပေးရမည်။

မိမိ၏ ကြွက်သားများ တိုးတက် ပြောင်းလဲ ဖြစ်ပေါ်မှုကို ရှုထောင်. အမျိုးမျိုးမှ ကြည်.ပြီး မှန်ကန် စနစ်ကျသော လေ.ကျင်.နည်း များကို စီစဉ် ရေးဆွဲနိုင်သော ဆရာကောင်း တစ်ယောက်အမြဲရှိဖို. လိုအပ်သည်။ နည်းပြဆရာသည် မိမိ လေ.ကျင်.ပေးသော တပည်.များ၏ အရည်အသွေး၊ တိုးတက်မှု အခြေအနေကို အစဉ်မပြတ် လေ.လာ သုံးသပ်ရပေမည်။ လေ.ကျင်. တည်ဆောက်မှု တိုးတက်စေရန် ဆရာနှင်. တပည်. ရင်းရင်းနှီးနှီး ပွှင်.ပွှင်. လင်းလင်း ညှိနှိုင်း ဆောင်ရွက်ရန် လိုသလို နည်းပြဆရာ အနေနှင်.လည်း ဟိတ်ဟန် ပြခြင်း၊ မာန်မာန ထားခြင်း၊ မရှိသင်.ပေ။ တပည်.များ အနေနှင်.လည်း ဆရာကို အထင်သေး လေးစားမှု မရှိသည်. အဖြစ်မျိုး ဘယ်တော.မှ မဖြစ်သင်.ဘူးလို. ထင်ပါတယ်။

အားကစားသမား တစ်ယောက်သည် ဆရာထံမှ အသိပညာရပ်များ တိုးပွားရရှိ၍ လာသည်နှင်. အမျှ ကိုယ်.ကိုကိုယ် ယုံကြည်မှု ပိုမိုရရှိလာပြီး ကိုယ်တိုင် ဆန္ဒ တင်ပြခွင်.ရရှိ၍ စိတ်ဓာတ် တက်ကြွခိုင်မာပြီး အောင်မြင်မှု ပန်းတိုင် သို. မရောက် ရောက်အောင် တက်လှမ်းလိုသော ဆန္ဒပြင်းပြ လာစေသည်။ ယင်းသည် ဆရာနှင်. တပည်.တို.၏ ရင်းနှီး လေးစားမှု ရလဒ်ပင် ဖြစ်သည်။
ကာယဗလ အားကစားနည်းသည် တစ်ဦးချင်း ကစားနည်း ဖြစ်သည်.အပြင် တစ်ဦးခြင်း ယှဉ်ပြိုင်ရသော အားကစားနည်း ဖြစ်သည်နှင်. အညီ တစ်ဦးကောင်း တစ်ယောက်ကောင်း ရွေးချယ် လေ.ကျင်.ပေးလျင် လျင်မြန်စွာ တိုးတက်ပြီး အရည်အသွေး ပြည်.၀စေ၍ ပိုမို ထိရောက်သည်ကို တွေ.ရသည်။ ပုဂ္ဂလိက စီမံကိန်းနှင်. ကျစ်လစ် သိပ်သည်းသော ဆောင်ရွက်မှု တို.ကြောင်. ချန်ပီယံဘွဲ. ကို ကြာရှည် ထိန်းထားနိုင်ပြိး နည်းပြဆရာ၏ မျက်မှောက်တွင် လေ.ကျင်.လျင် အားကစားသမား၏ အခြေအနေမှန်ကို သိမြင်နေရမည် ဖြစ်သည်။

ထို.အပြင် နည်းပြဆရာနှင်. တပည်.တို.သည် နေ.စဉ် လေ.ကျင်.မှု မှတ်တမ်း ထားရှိပြီး တိကျ မှန်ကန်သော အချက်အလက်များ ရေးသွင်းနိုင်၇မည်။ နေ.စဉ် မှတ်တမ်းတွင် လေ.ကျင်.ခန်းများ၊ လေ.ကျင်.မှု အကျော.အကြိမ်၊ လေ.ကျင်.မှု ခံစားရ၍ စိတ်အား ထက်သန်မှု၊ မောပန်း နွမ်းနယ်မှုနှင်. ထိခိုက် နာကျင်မှု တို.အပြင် အိပ်စက်၍ ပျော်မပျော်၊ အစားအသောက် ခံတွင်း တွေ.မတွေ.စသည်. အချက်များ ကိုလည်း မကွယ် မ၀ှက် ထည်.သွင်း ရေးသား သင်.ပေသည်။

 ဤသို. ရေးသားခြင်းသည် အားကစားသမား တစ်ယောက် အတွက်သာမက အခြားသူများ ဖို.လည်း အလွန် ကောင်းမွန်သော အလေ.အကျင်. တစ်ခု ဖြစ်သည်။ လေ.ကျင်.ရေး မှတ်တမ်းစာအုပ် သည် နည်းပြဆရာ အတွက် အထူး လိုအပ်ပေသည်။ တပည်.တိုင်း၏ အခြေအနေ ကိုစိတ်ဖြင်. မှတ်သား၍ မရနိုင်ပေ။ မိမိတပည်.များ၏ နည်းစနစ် မှန်ကန်မှု လိုအပ်ချက်များကို ပြုပြင်ပေးခြင်း၊ ပြုပြင်ပေးရာ၌လည်း ထိရောက်မှု အခြေအနေ စိတ်ဓာတ် တက်ကြွမှုနှင်. အခြား စိတ်ဓာတ်ရေးရာများ စသည်. အားကစားသမား၏ လိုအပ်ချက်များကို စိစစ် သုံးသပ် မှတ်တမ်း ပြုစုထားရမည် ဖြစ်သည်။

လေ.ကျင်.မှု ပရိုဂရမ် ရေးဆွဲတတ်ခြင်းနှင်. နေ.စဉ် မှတ်တမ်း ရေးမှတ်ထားခြင်း တို.သည် နည်းပြဆရာကောင်း တစ်ယောက် ဖြစ်ရေးအတွက် အထူးလိုအပ်ချက် ဖြစ်သလို ထိပ်တန်းရောက် အားကစားသမား တစ်ဦး ဖြစ်ေ၇းအတွက်လည်း အထူး လိုအပ်သည်။အားကစားနည်း ပညာရပ် တစ်ခု တိုးတက် မြင်.မား လာဖို.ရန် လေ.ကျင်.ရေး နည်းပညာရပ်များ ခေတ်နှင်.အညီ တိုးတက် တီထွင် ဆန်းသစ်လာခြင်း၊ နည်းပြဆရာ ကောင်းများ ပေါ်ထွန်းလာခြင်း၊ ရည်မှန်းချက် ဦးတည်ချက် များကို လုံ့လ ၀ရီယ ဇွဲသတ္တိတို.ဖြင်. ကြိုးပမ်း အားထုတ်လိုသည်. ထူးချွန်သော အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာခြင်း၊ လိုအပ်သည်. အကူအညီ အထောက်အပံ့များ ပံ့ပိုးပေးခြင်း တို.သည် မရှိမဖြစ် လိုအပ်သည်။

 သို.ဖြစ်၍ ကာယဗလ ကာယအလှ အားကစား နိုင်ငံတကာ အဆင်.မှီ တိုးတက် ဖြစ်ထွန်း လာစေရန် နည်းပြဆရာနှင်. အားကစားသမား တို.သည် သဟဇာတ စွမ်းအားဖြင်. ခေတ်မှီ တိုးတက်သော လေ.ကျင်.ရေး နည်းပညာ လိုအပ်သလို တစ်ဖက် တစ်လမ်းမှလည်း လိုအပ်သော အထောက်အပံ့များ အသုံးပြုနိုင်၇န် အရေးကြီးကြောင်း တင်ပြ လိုက်ရပါသည်။( နောက်ပိုင်းအလျဉ်းသင့်ပါက နည်းပြဆရာတို့ လေ့လာသင့် သိထားသင့်သည် အချက်များကို ဆက်လက်ရေးသားပေးပါမည်။)
တင်ဆက်သူ။ ။ အောင်အောင်(လှိုင်)

https://www.facebook.com/permalink.php?story_fbid=1188785014481687&id=885104638183061 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...