စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ ဝင်ငွေအများဆုံး မင်းသားများ



ကမ္ဘာ့ ဝင်ငွေအများဆုံး မင်းသားများစာရင်းထဲမှာ Iron Man မင်းသား ဖြစ်တဲ့ Robert Downey Jr က နံပါတ်တစ်မှာ ယူနေပါတယ်။ ဇာတ်ကား တစ်ကားတစ်ကား ရိုက်လိုက်တိုင်းမှာ ရရှိတဲ့ ပျမ်းမျှငွေ ဖြစ်ပါတယ်။ Robert Downey Jr ဟာ ဇာတ်ကားတစ်ကားကို ပျမ်းမျှတွက်လိုက်ရင် ဗြိတိန်ပေါင် ၅၁.၂ သန်း ရှိပါတယ်။

Avengers စတင်ရိုက်ကူးတုန်းက အမေရိကန်ဒေါ်လာ သန်း ၄၀ ကို တစ်ခါတည်းငွေချေ စနစ်နဲ့ ပေးပြီး သတ်မှတ်ထားတဲ့ Record တစ်ခုကို ကျော်ရင် ရာခိုင်နှုန်းနဲ့ မြောက်ပြီးတော့ ထပ်ဖြည့်ပေးရပါတယ်။ ဒါကြောင့်မို့ Avengers ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါး အောင်မြင်တာကြောင့် Robert ရရှိတဲ့ ငွေဟာလည်း စံချိန်ချိုးခဲ့ပါတယ်။ ဒါ့အပြင် သူ့မှာ Iron Man စီးရီး၊ ရှားလော့ဟုန်း တို့လို ဇာတ်ကားကောင်းများမှာ သရုပ်ဆောင်ရန် စာချုပ်ရထားသူ ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

ဒုတိယနေရာမှာ လိုက်နေတဲ့ ဂျက်ကီချန်းကတော့ ဟောင်ကောင်နွယ်ဖွား တရုတ် မင်းသား တစ်ဦး ဖြစ်ပြီး ဇာတ်ကားတစ်ကားကို ပျမ်းမျှအားဖြင့် ဗြိတိန်ပေါင် ၃၂ သန်း ရပါတယ်။ တတိယနေရာမှာ လိုက်တဲ့ ဗင်ဒီဇယ်က ဂျက်ကီချန်းနဲ့ ၂ သန်းလျော့ ပါတယ်။ Fast and Furious အောင်မြင်မှုကြောင့် နှစ်အနည်းငယ် အတွင်း ထိပ်တန်း ၁၀ ဦးစာရင်းထဲ ပါဝင်လာခြင်း ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ အိန္ဒိယ ဘောလိဝုဒ် မင်းသားများ ပါဝင်နေခြင်း ဖြစ်ပါတယ်။ အမီတာဘဂျန်း နဲ့ ဆဲလ်မန်ခန်း တို့ နံပါတ် ၇ မှာ အတူရှိနေပြီး နောက်ထပ် အိန္ဒိယ မင်းသား တစ်ဦး ဖြစ်တဲ့ Akshay Kumar က သူတို့ အောက်မှာ မတိမ်းမယိမ်း ရှိပါတယ်။ ဂျိမ်းစဘွန်းမင်းသား ဒန်နီယမ် ခရစ်ကတော့ နံပါတ် ၁၅ မှာ ရှိပြီး ဗြိတိန်ဖွား သရုပ်ဆောင် မင်းသားထဲမှာ ထိပ်ဆုံးပဲ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...