စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုရှားငါးဖမ်းသဘောင်္မှ အသက်ရှင်ကျန်သည့်မြန်မာ ၂၂ ဦး ပြန်ရောက်

ရုရှားငါးဖမ်းသဘောင်္မှ အသက်ရှင်ကျန်သည့်မြန်မာ ၂၂ ဦး ပြန်ရောက်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
 
ရုရှားငါးဖမ်းသင်္ဘောတိမ်းမှောက်မှုတွင်ပါဝင်ပြီး အသက်ရှင်ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးသည် ယနေ့ည ၁၀ နာရီ မိနစ် ၄၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာခဲ့သည်။
ပြန်ရောက်လာသောသင်္ဘောသားများအား၎င်းတို့၏ မိသားစုဝင်များက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
"သင်္ဘောမှောက်တော့ ရေခဲရေထဲမှာ ၃နာရီလောက် နေခဲ့ရတယ်။

ကိုယ့်ကိုကိုယ်လည်း သေပြီလို့ထင်ထားတာ။ သင်္ဘောပေါ်ရောက်တဲ့ထိ သတိမရသေးဘူး။အခုလေယာဉ်လက်မှတ်ကတော့ သင်္ဘောကုမ္ပဏီကပဲ စီစဉ်ပေးတာပါ"ဟု အသက်ရှင်ပြန်ရောက်ရှိလာသူ စစ်ကိုင်းတိုင်းဖောင်းပြင်မြို့နယ်မှကိုမျိုးမင်းဦးက ပြောသည်
သင်္ဘောသား ၁၃၂ ဦးအနက် မြန်မာသင်္ဘောသား ၄၂ ဦး လိုက်ပါလာသော ရုရှားငါးဖမ်းသင်္ဘောသည် ဧပြီ ၁ ရက်က တိမ်းမှောက်မူ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သင်္ဘောတိမ်းမှောက်မူတွင် မြန်မာရေလုပ်သား ၂၂ ဦး အသက်ရှင်ကယ်ဆယ်နိုင်ခဲ့ပြီး ၁၆ ဦးသေဆုံးကာ လေးဦးပျောက်ဆုံးခဲ့သည်။
အသက်ရှင်ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သွားရောက်ခေါ်ဆောင်ပြီး ပတ်စ်ပို့များအမြန်ဆုံးလုပ်ပေး၍ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဆယ်ယူရရှိသော မြန်မာသင်္ဘောသားရုပ်အလောင်း ၁၆လောင်းကိုလည်းပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး ဧပြီ ၁၅ ရက်တွင် ရောက်ရှိလာမည်ဟု ရှရှာနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ထားသည်။
အသက်ရှင်ကယ်ဆယ်ရရှိသော ၂၂ ဦးအား တိမ်းမှောက်သွားသည့် ငါးဖမ်းသင်္ဘောပိုင်ဆိုင်သော Magellan ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့်ညီမျှသော ရူဘယ်ငွေများ ၊ သေဆုံးသွားသည့် သင်္ဘောသားများအား အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့် ညီမျှသော ရူဘယ်ရှရှားငွေများအား ဧပြီလနောက်ဆုံးပတ်တွင် ပေးအပ်သွားမည်ဟု မြန်မာသံရုံးက ပြောသည်။

http://www.7daydaily.com/story/35429#.VSvSAy7dXL

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...