စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်ဒိုနီးရှားမှ ကိုမိုဒို နဂါးများ




ကိုမိုဒို နဂါး (Komodo Dragon) လို့ခေါ်တဲ့ ဖွတ်များကို အင်ဒိုနီးရှား နိုင်ငံ ကိုမိုဒို ကျွန်းနဲ့ အခြားသော ကျွန်း လေးခုလောက်မှာ မြင်တွေ့ရ ပါတယ်။ သူတို့ဟာ အရွယ်အစားအားဖြင့် ကြည့်မယ်ဆိုရင် ၈ ပေလောက်အထိ အလျား ရှိနိုင်ပြီး ပေါင်ချိန် ၁၀၀၊ ၂၀၀၊ ၃၀၀ ပေါင် လောက်အထိလည်း ရှိနိုင်ပါတယ်။
အသက် သက်တမ်းအားဖြင့် ၃၀ နှစ်အထိ ရှည်နိုင်ပြီး ၅ နှစ်လောက်ဆိုရင် အကောင်ထွားပါပြီ။ နှစ်တိုင်း စက်တင်ဘာမှ မျိုးဥ ဥပြီး အမ တစ်ကောင်ကို ဥ ၂၀ လောက် ဥလေ့ ရှိပါတယ်။ သူတို့ဟာ ကြက်၊ နွား နဲ့ အခြားသော အကောင်း အငယ်နဲ့ အလတ်များကို စားလေ့ ရှိပါတယ်။ ကိုမိုဒိုနဲ့ အခြား ကျွန်းတွေမှာဆိုရင် ကမ်းခြေနေရာတို့၊ တောတို့ကို လူတစ်ယောက်တည်းဆိုရင် သွားခွင့် မပေးထားပါဘူး။ အကြောင်းကတော့ အကိုက်စားခံရမှာ စိုးလို့ ဖြစ်ပါတယ်။ 

သူတို့ ကိုက်တာ ခံရရင် လူကို စားလောက်တဲ့အထိ မလုပ်ကြပေမယ့် အကိုက်ခံပြီးရတဲ့ လူကတော့ သေပါတယ်။ အကြောင်းကတော့ ကိုမိုဒိုကောင်ရဲ့ ခံတွင်းမှာ ပါတဲ့ အဆိပ်ကြောင့်မို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အဆိပ်က သေလောက်တဲ့အထိ ပြင်းတာကြောင့် ဖြစ်ပါတယ်။ ကမ်းခြေနဲ့ နီးတဲ့ တစ်ဝိုက်မှာ နေထိုင်ပြီး လူများတဲ့ အရပ်ကိုတော့ လာခဲပါတယ်။ ရွာနီး စပ် လောက်အထိတော့ သွားပြီး ငါးခြောက်များ၊ အိမ်မွေးကြက်၊ ဆိတ် များကို စားပါတယ်။
ကိုမိုဒို အကောင်ဟာ အင်ဒိုနီးရှားရဲ့ အမှတ်အသား အကောင်များထဲမှ တစ်ခုလည်း ဖြစ်လာပြီး ကမ္ဘာကျော်ပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Komodo_dragon မှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/875720672471186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...