စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

ရန်ကုန်မြို့သို့ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများနှင့်အခြားတိုင်းရင်းသားများပျော်ရွှင်စွာပါဝင်ပူးပေါင်းဆင်နွဲသည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်းတွင် မဟာသင်္ကြန်အကြိုနေ့ (ဧပြီလ ၁၃)ရက်နေ့က စတင်ပြီးဖွင့်ပွဲပြုလုပ်ကာကျင်းပခဲ့သည်။ အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်ရှိမြို့နယ်များအလိုက် မဏ္ဍပ်များအသီးသီးဆောက်လုပ်ထားကာ လောင်းလှေသဏ္ဍန်ရေလှောင်ကန်အတွင်းရေဖြည့်ပြီး မိန်းမပျိုကလေးများနှင့် အမျိုးသားငယ်များအပြန်အလှန်ရေဆော့ကစားခြင်းဖြစ်သည်။ အဆိုပါ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန်အတတ်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)https://www.facebook.com/media/set/?set=a.978102222233930.1073743361.121507374560090&type=1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...