စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားဖြည့်အချိုရည်သောက်သုံးမှုကြောင့် ဆယ်ကျော်သက်များ နှလုံးအန္တရာယ်ရှိ


အားဖြည့်အချိုရည်များသောက်သုံးမှုကြောင့် ကျန်းမာသောဆယ် ကျော်သက်များတွင် နှလုံးပြဿနာများဖြစ် ပွားနိုင်ကြောင်း ဆရာဝန် များက သတိပေးထားသည်။

အားဖြည့်အချိုရည်ကို တစ်နေ့တစ်ဘူး သောက်သုံးလျှင် လုံ လောက်သည်ဟု ဆရာဝန်များကပြောကြား ပြီး အားဖြည့်အချိုရည် များ လွန်ကဲစွာသောက်သုံးခြင်း၊ အရက် (သို့မဟုတ်) မူးယစ်ဆေးဝါးများနှင့် ရောစပ်သောက်သုံးခြင်းတို့၏ အန္တရာယ်များကို လူငယ်များ သတိထားရန်လိုသည်ဟု ၎င်းတို့ ကပြောကြားသည်။

ရုတ်တရက် နှလုံးမူမမှန်ဖြစ်ပြီး သေဆုံးသော ရောဂါ (SADS) မှာ နှလုံးပြဿနာရှိကြောင်း စစ်ဆေးတွေ့ ရှိထားသူများတွင် အထူး သဖြင့် အန္တရာယ်များကြောင်း သိရသည်။

ကျန်းမာသော ကြီးကောင်ဝင်စအရွယ် လူငယ်များအတွက် အားဖြည့်အချိုရည် ၂၅၀ မီလီလီတာအထိ သောက်သုံးခြင်းမှာ ဘေးကင်းသော်လည်း အားကစားလုပ်နေစဉ် (သို့မဟုတ်) မလုပ်မီ သောက်သုံးမှုကို ရှောင်ရှားသင့်သည်ဟု သုတေသီများက အကြံပြု ထားသည်။

အားဖြည့်အချိုရည်များသည် ကလေးများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးများသောက်သုံးရန်မ သင့်ဟု ဗြိတိန်နိုင်ငံတွင် ရောင်းချသည့် အားဖြည့်အချိုရည်ဘူးများ၌ ဖော်ပြထားသည်။

ကြီးကောင်ဝင်စအရွယ်များ၊ လူငယ်များ စုစုပေါင်း၏ သုံးပုံ တစ်ပုံသည် အားဖြည့်အချိုရည်များကို ပုံမှန်သောက်သုံးလေ့ရှိကြ ပြီး အားဖြည့်အချိုရည်များ လူကြိုက်များမှုမြင့်တက်လာကြောင်း သုတေသီများက ကနေဒါနှလုံးကျန်းမာရေးဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

အရက် (သို့မဟုတ်)အခြားမူးယစ်ဆေးများနှင့်တွဲဖက်၍ အား ဖြည့်အချိုရည်များကို လွန်ကဲစွာသောက် သုံးခြင်း (သို့မဟုတ်) နှစ် မျိုးစလုံးနှင့် ရောသောက်ပါက သေဆုံးခြင်းအပါအဝင် အနုတ် သဘော ထိခိုက်မှုများဖြစ်နိုင်သည်ဟု သတိပေးထားသည်။

အသက် (၁၂)နှစ်အောက် ကလေးငယ်တစ်ဦးသည် ၎င်း၏ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ကဖိန်းဓာတ် ၂ ဒသမ ၅ မီလီဂရမ်ထက် ပိုမိုသောက်သုံးပါက အဆိပ်ဖြစ်နိုင်ကြောင်း ကျွမ်း ကျင်သူများက တွက်ချက်ဖော်ပြသည်။

7Day

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...