စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးရှိသူတိုင်း သတိထားရမည့် အန္တရာယ်တစ်ခု



ပုံထဲမှာ မြင်ရတဲ့အတိုင်း ကလေးတစ်ယောက်ဟာ ပလပ်ထိုးထားတဲ့ ဓါတ်ကြိုးကို သွားနဲ့ကိုက်ဆော့ပြီး ဓါတ်ကြိုးမှတဆင့် ဓါတ်လိုက်ကာ မျက်နှာတစ်ခုလုံး မီးလောင်ဒဏ်များစွာနဲ့ အရေးပေါ်ဆေးရုံကို
ရောက်သွားတယ်လို့ ကျန်းမာရေးအကြောင်းများကို ဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေနဲ့ ကလေးငယ်ပေါင်း များစွာဟာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ပြီး ဆေးရုံကို မကြာခဏ ရောက်လာကြတယ်လို့ အရေးပေါ်ဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ဆိုထားပါတယ်။

မြင်မြင်သမျှကို ကောက်ယူပြီး ဆော့ကစားချင်ကြတာ ကလေးသဘာဝပါပဲ။ ဘယ်ဟာက အန္တရာယ်ရှိတယ် မရှိဘူးဆိုတာ လူကြီးတွေကသာ မျက်ခြေမပျက် စောင့်ကြည့်ပြီး ထိန်းပေးရမှာပါ။

(ကဲ မိတ်ဆွေတို့လည်း ဘယ်နိုင်ငံမှာ ဘယ်တုန်းက ဖြစ်တယ်ဆိုတာတွေကို လိုက်လံစစ်ဆေး မေးမြန်းမနေပဲ လောလောဆယ် ဒီလို အများအတွက် အကျိုးရှိတဲ့ သတိပေးပို့စ်လေးကို တဆင့်မျှဝေပေးလိုက်တာက ပိုအကျိုးစေပါလိမ့်မယ်)

ဒီပုံကို မြင်တဲ့သူတိုင်း Share တစ်ချက် လုပ်ပေးလိုက်ကြပါ။ အနည်းဆုံး ကလေးတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်စေပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ Injury Prevention For Babies



https://www.facebook.com/231741783686751/photos/a.231751513685778.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...