စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ်ထဲမှာ ပါတဲ့ ဓါတ်တွေက သင့်အတွက် ကောင်းတာ တစ်ခုမှ မရှိ

သင်သောက်တဲ့ဆေးလိပ်ထဲမှာ ပါတဲ့ ဓါတ်တွေက သင့်အတွက် ကောင်းတာ တစ်ခုမှ မရှိဘူး ဆိုတာ သင်သိပြီး ပါပီလား?

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။

၁။ Psoriasis ခေါ်တဲ့  အရေပြားရောဂါ။
 

၂။ Cataracts ခေါ်တဲ့  မျက်စိ တိမ်စွဲရောဂါ။
 

၃။ Wrinkling ခေါ်တဲ့ အသားအရေ ရှုံ့ တွ အိုမင်းခြင်း။ (ဒါကြောင့် ဆေးလိပ် သောက်သူတွေ ရုပ်ရည်ဟာ မသောက်သူ နဲ့ယှဉ်လိုက်ရင် ပိုပြီး အိုစာနာကျ ပုံ ဖြစ်နေရတာပါ။)
 

၎။ Hearing Loss ခေါ်တဲ့  နား အကြားအာရုံ ချို့ တဲ့ခြင်းရောဂါ။
 

၅။ Cancer ခေါ်တဲ့  ကင်ဆာ အမျိုးမျိုး -
ဥပမာ အဆုပ်၊ နှာခေါင်းလည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်းကင်ဆာ၊အစာမြိုပြွန် ၊ အူ၊ ရင်သား ကင်ဆာ၊ ကျောက်ကပ်၊ ဆီးအိတ် နှင့် အချို့ သော လူကီးမီးယား သွေးကင်ဆာများ။ (ဆေးလိပ်ထဲမှာ Carcinogen လို့ ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ပြီး ကင်ဆာကြောင့် သေဆုံးရခြင်းရဲ့  ၃၀ % ဟာ ဆေးလိပ်ကြောင့် ပါတဲ့)
 

၆။ Tooth decay ခေါ်တဲ့  သွားပိုးစား သွားပုပ် ရောဂါ ။ခံတွင်း အနံ့ အသက်လည်း ဆိုးရွားစေပါတယ်။
 

ရ။ Emphysema ခေါ်တဲ့  အဆုပ်လေအိပ်များတွင်လေခိုပြီး ပွပျက်သော ရောဂါ ။( ဒါကြောင့် အသက်ရှုရတာ ကြပ်တယ်။ မောတယ်ပေါ့ )
 

၈။ Osteoporosis ခေါ်တဲ့ အရိုးပွ အရိုးပါး ပြီး အရိုးကျိုးလွယ်စေသောရောဂါ ။
 

၉။ Heart disease ခေါ် နှလုံးနှင့်သွေးကျော ရောဂါများ။ (ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ ဦးနှောက်ထဲမှ ဒိုပါမင်းဓါတ်တမျိုးကိုများစေပြီး အဒီနလင်( adrenaline)ကိုပါများစေတဲ့အတွက် နှလုံးခုန်ခြင်းမြန်စေတယ်၊ သွေးတိုးစေတယ်ပေါ့။)
 

၁၀။ Stomach ulcer - ဆေးလိပ်ကြောင့်  အစာအိမ်မှာ အစာခြေရည် အက်စစ် ဓါတ်ထွက်နှုန်း ပို များပြားစေပြီး အစာအိမ် အနာပေါက်ဖို့ လွယ်ကူ စေပါတယ်။
 

၁၁။ Discolored fingers - ဆေးလိပ်မှာပါတဲ့ တာခေါ်တဲ့ ကတ္တရာဓါတ်ဟာ ဆေးလိပ်ကိုင်သောက်တဲ့  လက်မှာ အရောင်စွဲ ပြီး ပြောင်းလဲစေ တတ်ပါတယ် ။
 

၁၂။ Cervical cancer and miscarriage - အမျိုးသမီးများမှာ သားအိမ်ခေါင်း ကင်ဆာ နဲ့  သားလျှော သားပျက်ခြင်း များဖြစ်စေနိုင်ပါတယ် ။
 

၁၃။ Deformed sperm - အမျိုးသားများမှာရှိတဲ့ သုတ်ပိုး အရည်အတွက် လျော့နဲစေခြင်း၊ ပုံသဏ္ဍန်ပြောင်း လဲခြင်း၊ DNA ပျက်စီးမှု စသဖြင့်လည်း ဆိုးကျိုးရစေနိုင်ပါတယ် ။
 

၁၄။ Buerger's Disease - ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောငယ် များ ကျဉ်းစေ ပိတ်စေပြီး ခြေ ၊လက်တွေသို့သွေးလျှောက်လှည့်ပတ်ခြင်းကို ထိခိုက်စေ၍ နောက်ဆုံးတွင် သွေးကြောပိတ် ပြီး ခြေချောင်း လက်ချောင်း များ ထိပ်မှစပြီး ပုတ်ကာ အရောင်မဲ သွားတတ်ပါတယ် ။အဲဒီအခါမှာ အလွန် နာကျင်မှု ဝေဒနာကို ခံစားရမှာဖြစ်ပြီး ခွဲစိပ်ဖြတ်ထုတ်ရလောက်တဲ့ အထိဖြစ်တတ် ပါတယ်။

Credit to: စာရေးသူ Oppositeye myanmar


https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...