သင်္ကြန်ကာလအတွင်း နေ့အပူချိန်များ ဆက်လက် မြင့်တက်နေပါ က ယမကာမှီဝဲ၍ ရေကစားသူများ ဦးနှောက်သွေးကြောပေါက်ကာ ဦး နှောက်အာရုံကြော ပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။
“အခုက နေ့အပူချိန်က အရမ်းမြင့်တက်နေတယ်။ ဆားဓာတ်နဲ့ ရေဓာတ်မမျှတဲ့အတွက်ကြောင့် အားနည်းပြီး မူးမောတဲ့လူနာတွေကို တွေ့ ရတယ်။ ဒီအပူချိန်တိုင်း သင်္ကြန်မှာ ပူရင်တော့ အရက်သောက်ပြီး သင်္ကြန် ရေကစားမယ့်သူတွေ အတွက်တော့ ဦးနှောက် သွေးကြော ပေါက်တာတို့၊ အာရုံကြောပျက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်။ ဘာလို့တုန်းဆိုတော့ မူးနေတဲ့ အချိန်နဲ့ နေအပူရှိန်ကလည်း မြင့်တက်နေတဲ့ အချိန်နဲ့ ရေဆိုလိုက် ပြန်ပူသွားလိုက်နဲ့ စောစောကပြောတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်”ဟု ဒေါက်တာကပြောသည်။
မြန်မာနိုင်ငံတ၀န်းတွင် မကွေးတိုင်းဒေသကြီး အောင်လံ၊ တောင် တွင်းကြီး၊ မကွေးစသည့်မြို့နယ်များ မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၊ ကယားပြည်နယ်ရှိ ဘော်လခဲမြို့နယ် စုစုပေါင်း ၆ မြို့နယ်၌ သတ်မှတ်သည့် နေ့အပူ ချိန်ထက် ၂ မှ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိရာ ကယားပြည်နယ်တွင် သာမန်အပူချိန် ၃၃ ဒသမ ၀ ဒီဂရီစင်တီဂရိတ်သတ် မှတ်ထားသော်လည်း ဘော်လခဲမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြား
နေ့အပူချိန်မြင့်တက်နေခြင်း
ခရမ်းလွန်ရောင်ခြည်အညွှန်းကိ
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာန
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162
No comments:
Post a Comment