စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်နေ့တည်းမွေးတဲ့ ညီအစ်မ သုံးယောက်၊ မင်္ဂလာပွဲ ကိုလည်း တစ်နေ့တည်း ကျင်းပပြုလုပ်


ဘရာဇီးလ်နိုင်ငံမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲ တစ်ပွဲဟာ ရောက်လာတဲ့ ဧည်သည့်တွေကို မျက်စိလည်သွား စေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့တည်းမှာ မွေးခဲ့တဲ့ ညီအစ်မ သုံးယောက်ကို တစ်နေ့တည်းမှာ လက်ထပ် မင်္ဂလာပွဲ ပြုလုပ်စေခဲ့ တာကြောင့် ဖြစ်ပါတယ်။

အမြွှာ ညီအစ်မ သုံးယောက်ရဲ့ မင်္ဂလာပွဲကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ တာကြောင့် မင်္ဂလာပွဲ ကိုတက်ရောက် သူတွေ အတွက် သတို့သမီးတွေကို ဝေခွဲရခက်စေခဲ့ ပါတယ်။ ဒါ့အပြင် သတို့သမီး သုံးဦးစလုံးဟာ မင်္ဂလာပွဲမှာ တူညီတဲ့ ၀တ်စုံတွေ ကိုသာ ၀တ်ဆင်ခဲ့ တာကြောင့် ပိုပြီး ဝေခွဲရခက်စေခဲ့ ပါတယ်။ ဒါပေမဲ့ ခွဲခြားလို့ ရအောင်ဆိုပြီး သတို့သမီး တွေဟာ မတူညီတဲ့ ပန်းစည်းတွေ ကိုတော့ အသီးသီး ကိုင်ဆောင် ထားကြပါတယ်။

ဘရာဇီးလ်နိုင်ငံ တောင်ပိုင်း၊ ပက်ဆိုဖန်ဒို အရပ်ဒေသမှာ နေထိုင်တဲ့ အသက်(၂၉) နှစ် အရွယ်စီရှိ ညီအစ်မ သုံးဦးဟာ ပြီးခဲ့တဲ့ စနေမှာ လက်ထပ်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အ၀တ်အစား၊ မိတ်ကပ်၊ ဆံပင်ပုံစံတွေက အစ တူညီနေခဲ့ခြင်ြး ဖစ်ပါတယ်။ ရာဖယ်လာ၊ ရိုချီလာ၊ တာဂီယာနီ အမည်ရ ညီအစ်မ သုံးဦးဟာ ရာဖေး၊ ဂါဘရီရယ်၊ အက်ဒွါဒို စတဲ့ သူတွေ နဲ့ ထိမ်းမြား လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ရာဖေးဟာ ရာဖယ်လာနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး ရာဖယ်လာက အချို့အချိန်တွေမှာ ညီအစ်မ သုံးယောက်ကို ခွဲရ အလွန်ခက်ကြောင်း ဟြေကြားခဲ့ ပါတယ်။ ရာဖေးက မိမိ အနေဖြင့် ရာဖယ်လာနဲ့ စကားပြောနေစဉ် ရိုချီလာ ရောက်ရှိလာ သဖြင့် ဝေခွဲရခက် သောကြောင့် နေရာပြောင်းလဲခဲ့ ရကြောင်း ဖွင့်ဟခဲ့ဖူး ပါတယ်။


 သူတို့ ညီအစ်မ သုံးယောက် ဟာ မိဘတွေရဲ့ ဆန္ဒကြောင့် မင်္ဂလာပွဲကို တစ်ရက်တည်း ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တာဂီယာနီဟာ အက်ဒွါဒိုနဲ့ စေ့စပ်ကြောင်းလမ်း ပြုလုပ်ရင်း မင်္ဂလာပွဲကို တစ်ပြိုင်တည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲမှာ သတို့သမီး အရန် (၁၈)ဦး အသုံးပြု ခဲ့ပြီး၊ ဘုရားကျောင်းမှာ ခမ်းနားစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ရိုချီလာက မိမိတို့ ညီအစ်မ သုံးဦးဟာ ပုံစံကွဲအောင် ပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ တူညီသွားခဲ့ကြောင်း ဟြေကြားခဲ့ ပါတယ်။ မင်္ဂလာပွဲကို တက်ရောက် လာသူတွေဟာ သတို့သမီး ဘယ်သူ ဖြစ်သလဲ ဆိုတာ ဝေခွဲရခက်နေပေမယ့် ပန်းစည်းတွေ ကြည့်ပြီး ခွဲခြားမှု ပြုလုပ်ခဲ့ တာကြောင့် သိပ် အခက်အခဲ မရှိခဲ့ဘူးလို့ သိရပါတယ်။
.
Messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...