စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်သင်္ကြန်အကြိုနေ့


၁၃၇၆ ခုနှစ် နှစ်ကူးအတာသင်္ကြန်ပွဲ အကြိုနေ့မနက်ကတည်းက ရိုးရာမပျက် အတာအိုးများဖြင့် ကြိုဆိုရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သိမ်ဖြူဈေးမှာအခြားအချိန်တွေမှာ မမြင်တွေ့ရတဲ့ အတာအိုးရောင်းသူများ ထွက်ပေါ်လာကြသည်။ ဈေးဝယ်သူများကလည်း သိင်္ကြားမင်းကိုကြိုဆိုရန် အတာအိုးဝယ်ယူကြသည်။ သိင်္ကြားမင်းကို ကြိုဆိုရင်း အတာသင်္ကြန်ပွဲ စလေပြီ။

မနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ပြီး ရန်ကုန်မြို့တော်ဝန်ရေကစားမဏ္ဍပ်ကို ဖွင့်လှစ်လိုက်သည်။ ရန်ကုန်တမြို့လုံးရှိ ရေကစားမဏ္ဍပ်များ စတင်အသက်ဝင်လာကြသည်။ ရပ်ကွက်ထဲကကလေးငယ်များ အုပ်စုဖွဲ့ ရေကစားကြလေပြီ။

ရန်ကုန်မြိုကတော်ဝန်ရေကစားမဏ္ဍပ်မှာ အတီးအမှုတါအကအခုန်များဖြင့် ဖျော်ဖြေနေသည်။ အိမ့်ချစ်ရဲ့ တေးသံနှင့်အတူ စည်းချက်ညီကခုန်နေသောလူများအကြား ရေမှုန်ရေမွားတွေက တလွင့်လွင့်။ လူမများလှပေမယ့် သူတို့အားလုံး လောကကြီးကိုမေ့ထားပြီး ကခုန်ပျော်ရွှင်နေကြလေသည်။

မြို့တော်ခန်းမရှေ့တွင် လူမစည်ကားသော်လည်း ကန်တော်ကြီး မျှော်စင်ကျွန်းမှာ Iron Cross ဖြေဖျော်သဖြင့် အကြိုနေ့ပင်ဖြစ်ပေမယ့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေ မရပ်မနား ကခုန်နေကြသည်။ ကန်တော်ကြီးပတ်လမ်းတွင် ယခင်နှစ်ထက်စာလျင် မဏ္ဍပ်အရေအတွက် နည်းသွားသော်လည်း ၀မ်းရေးအတွက် စီးပွားရှာသူ ဈေးသည်များ လမ်းတလျောက် မျက်စေ့တဆုံး မြင်နိုင်သည်။ ထမင်းဆိုင်၊ မုန့်ဆိုင်၊ ဘီယာဆိုင်တဖြစ်လဲ အအေးဆိုင်၊ အကင်ဆိုင်တွေဖြစ်သည်။ တချို့က သင်္ကြန်ကာလဖြစ်သမို့ အနည်းငယ်ဈေးတင်ရောင်းကြပြီး အချို့ကမူ ပုံမှန်နူန်းထားအတိုင်းသာ ရောင်းချကြသည်။ သောက်ပြီးပစ်ထားခဲ့တဲ့ ဘီယာပုလင်း၊ ဘီယာဗူး၊ အအေးဗူးများကို လိုက်ကောက်ကြသည့် ကလေးငယ်များလည်း သူ့အလုပ်သူလုပ်နေကြသည်။ တခါတရံ သူတို့သည် မဏ္ဍပ်တခုအရှေ့က ခြေသလုံးမြုပ်ခန့်အိုင်နေသော ရေပြင်တွင် အပန်းပြေ ရေးစိမ်ရေကူး လုပ်ကြသည်။

သင်္ကြန်ကာလ ဘီယာ အရက်အရောင်းသွက်သလို သောက်သုံးသူတွေထဲ မိန်းကလေးများပင် ပါဝင်သည်။ ဒါသည် ထူးခြားမှုမဟုတ်။ သမားရိုးကျ မြင်ကွင်းတခုသာ။
သိင်္ကြားမင်းကို အတာအိုးဖြင့်ကြိုသည်။ ရေးကစားရင်ကြိုသည်။ အမှိုက်ကောက်ပြီး ကြိုသည်။ ဘီယာသောက် ကခုန်၍ကြိုသည်။ ကြိုနည်းကား အမျိုးမျိုး။ လေထုထဲတွင် သင်္ကြန်အငွေ့အသက် ပါလာပြီ။ ပွဲတော်နွှဲသူတို့ လွတ်လပ်ပျော်ရွှင် နေလေပြီ။

တေဇလင်း

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551955682612/839981869372949/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...