စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘယ်သူက အပျော်ဆုံးလဲ

                
တခါက ကျီးကန်းတကောင်ဟာ သူ့ဘဝသူ ကျေနပ် ပျော်ရွှင်နေပါသတဲ့ ။
တနေ့မှာ ငန်းဘဲဖြူတကောင်ကို ကျီးကန်းက တွေ.တဲ့အခါ ။
ဒီငန်းဘဲကတော့ ဖြူစွတ်နေတာပဲ ၊ သူဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးသူ ဖြစ်နိုင်တယ် လို့ တွေးမိပြီး ၊ ငန်းဘဲကို သူ့အတွေးအကြောင်းပြောပြတယ် ။
ငန်းဘဲကလည်း သိပ်မှန်တာပေါ့ ။ ငါဟာ ကြက်တူရွေးကို မမြင်ဘူးခင်ထိ ငါကိုယ်ငါ ဂုဏ်ယူပြီး အပျော်ရွင်ဆုံးလို့ ထင်ခဲ့တယ် ။ ကြက်တူရွေးက အရောင်

နှစ်ရောင်ရှိတယ်လေ ။ အခုတော့ ငါထင်တယ် ကြက်တူရွေးဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးဌက်ဖြစ်မယ် လို့ ပြောသတဲ့ ။

ဒီတော့ ကျီးကန်းလည်း ကြက်တူရွေးထံ ချဉ်းကပ်ပြီး မေးတဲ့အခါ။
ကြက်တူရွေးက အရောင်စုံတဲ့ ဒေါင်းတကောင်ကို မမြင်ဘူးခင်အထိ ငါဟာ အလွန်ပျော်ရွင်ခဲ့ဘူးတယ် ၊ ငါ့မှာတော့ အရောင် နှစ်ရောင်ပဲရှိပြီး ၊ ဒေါင်းမှာတော့ အရောင်မျိုးစုံ

ရှိတယ်လေ ။ ဒါကြောင့် ဒေါင်းဟာ ကမ္ဘာမှာ အပျော်ဆုံးဌက် ဖြစ်မယ် လို့ ကျီးကန်းကို ရှင်းပြခဲ့တယ်။

ကျီးကန်းလည်း ဒေါင်းကို တွေ.ချင်တာနဲ့ လိုက်ရှာတဲ့အခါ ၊ တိရိစ္ဆာရုံတခုထဲမှာ ရာချီတဲ့လူတွေ ဝိုင်းအုံကြည့်နေတဲ့ ဒေါင်းတကောင်ကို တွေ.ပါလေရော ။
ကျီးကန်းဟာ လူတွေ ထွက်သွားတဲ့ အချိန်ထိစောင့်ပြီး ၊ ဒေါင်းထံကို ချဉ်းကပ်ခဲ့တယ် ။
အို အသင်ဒေါင်း ၊ သင်ဟာ အလွန်လှပသူပါ ။
နေ့စဉ်နေ့တိုင်း လူအများအပြားဟာ သင့်ကို လာရောက်ကြည့်ရှုကြတယ် ။
ကျွန်ုပ်မှာတော့ လူတွေက မြင်တာနဲ့ မောင်းလွတ်တော့တာပဲ ။
သင်ဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံး ဌက်လို့ ကျွန်တော်ထင်တယ် လို့ မေးတဲ့အခါ ။
ဒေါင်းက
ငါဟာ ကမ္ဘာမှာ အလှဆုံးနဲ့ အပျော်ရွှင်ရဆုံး ဌက်တကောင်လို့ ငါ့ကိုယ်ငါထင်ခဲ့တယ် ။ ဒီအလှကြောင့်ပဲ ငါဟာ တိရိစ္ဆာန်ရုံထဲမှာ နေနေရတယ် ။
ငါသေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကျီးကန်းဟာ တိရိစ္ဆာန်ရုံထဲမှာ လှောင်အိမ်ထဲ အထည့်မခံရတဲ့ ဌက်ပဲ ။
ငါသာ ကျီးကန်းတကောင်ဖြစ်ရင် သိပ်ကောင်းမှာပဲ ၊ ငါဟာ လွတ်လွတ်လပ်လပ် ဆန္ဒရှိတဲ့နေရာကို သွားလာနိုင်မယ်လို့ ပြီးခဲ့တဲ့ရက်တွေကပဲ ငါတွေးနေခဲ့သေးတယ် လို့ပြန်ပြောသတဲ့ ။

အရာအားလုံးဟာ သူ့အလှနဲ့ သူရှိနေပြီးသားပါ ။ ငါက ပိုလှတယ် သူက ပိုလှတယ် ဆိုပြီး ၊ ပြောနေ ပြိုင်နေစရာမလိုပါဘူး ။
ကျွန်တော်တို့ လူသားတွေဟာ ဒီပုံပြင်ထဲက ဌက်တွေလိုပါပဲ ။ လူတိုင်းမှာ ကိုယ်ပိုင် အလှတရားနဲ့ ပျော်ရွှင်မှုတွေ ရှိနေကြပါတယ် ။ သဘာဝက ပေးထားတဲ့

ကိုယ်ပိုင်အရာတွေ ရှိပေမဲ့ အခြားသူတွေနဲ့ မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေ လုပ်ပြီး စိတ်မကောင်းဖြစ်နေကြတယ် ။ မနာလိုခြင်းတွေ ဖြစ်နေကြတယ် ။
ပျော်ရွှင်ခြင်းရဲ့ လျှို.ဝှက်ချက်ကို ရှာဖွေပါ ။ ဘယ်အရာက ၊ ဘယ်လို စိတ်ကူးမျိုးက သင့်ကို ပျော်ရွှင်စေနိုင်မလည်း ဆိုတာ လေ့လာပါ ။ တပါးသူရဲ့ ပိုင်ဆိုင်မှုဟာ ကိုယ်နဲ့မတူ

သာလွန်တာတွေ ရှိနေခဲ့ရင်တောင် မုဒီတာ ပွားလိုက်ရုံပါပဲ ။ ဘာကြောင့် စိတ်ဆင်းရဲခံနေဖို့ လိုအပ်ပါသလဲ ။ သဘာဝတရားကြီးက လှပတဲ့ အရာတွေ ပျော်ရွင်ဖွယ်

အချိန်တွေကို တဦးနဲ့ တဦးမတူညီအောင် ပေးထားပြီးသားပါ ။
မလိုအပ်တဲ့ နှိုင်းယှဉ်မှုတွေဟာ စိတ်ဆင်းရဲခြင်းကိုသာ ဖြစ်စေပါလိမ့်မယ် ။

ရဲသူရိန်မင်း

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...