စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ.တနေ.တာ !!!

               


မနက်ထချိန် - ၆နာရီ ၁၅မိနစ်

၆ : ၁၅ မှ ၇ နာရီ - လေ့ကျင့်ခန်းပြုလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကိုထိန်းညှိပေးတယ်။ နောက်ပြီးအလုပ်လုပ်တဲ့အခါမှာခွန်အားအပြည့်နဲ.လန်းဆန်းတက်ကြွစေနိုင်ပါတယ်။

၇ နာရီ မှ ၇ : ၅၀ - အဆင်သင့်ပြင်ဆင်ပါ။ အလုပ်အကြီးအကဲခေါင်းဆောင်တွေရဲ. ၇၀% လောက်ကပဲ Breakfast စားလေ့ရှိပြီးတော့ သူတို.အကုန်လုံးလိုလိုက သွားရင်းလာရင်း အဆင်ပြေလွယ်ကူစွာ ၀ယ်စားလို.ရတဲ့ Breakfast မျိုးပဲစားကြတာ များပါတယ်။

၇ : ၅၀ မှ ၈ : ၁၅- အလုပ်ကိုရောက်ချိန်

၈ : ၁၅ မှ ၉ : ၁၅ - E-mail နဲ. Message တွေကိုစတင်အသုံးပြုရတဲ့အချိန်ပါ။ အကြီးအကဲခေါင်းဆောင်တော်တော်များများရဲ. E-mail နဲ. စာပို.စာယူလုပ်ရတဲ့အချိန်က အကြမ်းဖျင်းအားဖြင့် တနေ.ကို ၂နာရီနဲ. ၂၅မိနစ်လောက်ရှိပါတယ်။

၉ : ၁၅ မှ ၉ : ၄၀ - အကြောင်းအရာနည်းလမ်းတွေစဉ်းစားတွေးတောပါ။ အောင်မြင်အောင်ပြုလုပ်ရမယ့် ပစ်မှတ်တွေကို နေ.အလိုက်၊ အပတ်စဉ်အလိုက်၊ လအလိုက်၊ နှစ်အလိုက် ကြိုတင် စဉ်းစားစီမံကိန်းချထားမှ ရေရှည်အောင်မြင်နိုင်မှာပါ။

၉ : ၄၀ မှ ၁၀ နာရီ - မုန်.ပဲသရေစာနည်းနည်းစားရင်း E-mail တွေစစ်တာ၊ ပို.တာတွေလုပ်ပါ။

၁၀ နာရီ မှ ၁၁ နာရီ - အစည်းအဝေးအချိန်

၁၁ နာရီ မှ နေ.ခင်း ၁၂ နာရီ - တာဝန်ချမှတ်စစ်ဆေးတာတွေ၊ စီမံကိန်းတွေနဲ.ပတ်သက်တာတွေဆွေးနွေးပါ။

နေ.ခင်း ၁၂ နာရီ မှ ၁၂ : ၃၀ - ဖုန်းထဲကနေဆွေးနွေးပြောဆိုတာ၊ ဆုံးဖြတ်ချက်ချတိုင်ပင်တာတွေလုပ်ရပါမယ်။ တနေ.တာရဲ. ၂.၄၄ နာရီလောက်က ဒီလိုဖုန်းခေါ်ပြောဆိုရတာတွေရှိပါတယ်။

၁၂ : ၃၀ မှ ၁ နာရီ - နေ.လယ်စာစားချိန်

၁ နာရီ မှ ၁ : ၅၀ - E-mail, Message နဲ. ဖုန်းအသုံးပြုနေရတဲ့အချိန်ပါ။

၁ : ၅၀ မှ ၃ : ၃၅ - အကြီးအကဲခေါင်းဆောင်တွေရဲ. ၅၀% လောက်ကအသင်းအဖွဲ.တွေနဲ.အတူတူအချိန်ပေး လုပ်ကိုင်အကောင်အထည်ဖော်တတ်ကြပါတယ်။ ဒီအချိန်မှာ အသင်းအဖွဲ. လက်အောက်ဝန်ထမ်းတွေနဲ.အတူတူ အလုပ်ပိုင်းတွေ တွဲလုပ်ပေးတာပဲဖြစ်ဖြစ်၊ အခြားတာဝန်တွေကိုအကြံပေး ကူညီပေးတာမျိုးတွေပဲဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။

၃ : ၃၅ မှ ၄ : ၁၅ - အစည်းအဝေးအချိန်

၎ : ၁၅ မှ ၅ နာရီ - ခေါင်းဆောင်တွေအနေနဲ.နေ.စဉ် ၁နာရီနဲ.၄၅မိနစ်တာအချိန်လောက်ကတော့ ကိုယ့်ကိုယ်ပိုင် လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်လုပ်ကိုင်ရပါမယ်။ ကိုယ်လုပ်ရမယ့်အလုပ်မှန်သမျှကိုလည်း မလစ်ဟင်းအောင် လုပ်ကိုင်နိုင်ဖို.ကလည်းအရေးကြီးပါတယ်။

၅ : ၃၀ မှ ၆ နာရီ - အလုပ်မှအိမ်သို.ရောက်ချိန်

၆ နာရီ မှ ၇ နာရီ - ညစာစားချိန်ပါ။ အကြီးအကဲခေါင်းဆောင်တွေရဲ. ၇၀% လောက်ကပဲ Breakfast စားပြီး ၈၆% လောက်ကတော့ မနက်စာစားပါတယ်။ ဒါပေမယ့် ၉၃%နီးပါးလောက်ကတော့ ညစာစားလေ့ကြပါတယ်။

၇ နာရီ မှ ၈ : ၄၅ - တစ်ပတ်တာမှာ အချိန်စုစုပေါင်းရဲ. ၈နာရီလောက်ကိုတော့ မိသားစုနဲ. သူငယ်ချင်းအပေါင်းအသင်းတွေကိုပေးပါ။ သူတို.တွေနဲ.ပြောဆိုတွေ.ထိပြီး အဆက်မပြတ် တသီးတသန်.ဖြစ်မနေအောင်နေရပါမယ်။

တနေ.တာရဲ. ကျန်တဲ့အချိန် ၃နာရီနီးပါးလောက်ကတော့ ဘာအတွက်ရယ်လို. သေသေချာချာသတ်မှတ်အစီအစဉ်ချတာမျိုးမရှိဘဲ ကုန်ဆုံးရလေ့ရှိပါတယ်။

၁၁ နာရီ မှ ၁၁ : ၃၀ - ကိုယ့်ကိုယ်ပိုင်စိတ်ကူးအတွေးတွေအတွက်အချိန်ပေးပါ။

၁၁ : ၄၀ - စတင်အိပ်စက်ချိန်

Wilson Chan (YK)

Credit : Pinterest

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...