စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှာခေါင်းကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သော ခြင်ဆေးခွေ



ခြင်ဆေးခွေ အသုံးပြုခြင်းသည် နှာ ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အ သက်ရှူလမ်းကြောင်း ကင်ဆာများကို ဖြစ် ပွားစေနိုင်ကြောင်း သုတေသနပြု ဆန်းစစ် မှုတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ခြင်ဆေးခွေ အတွင်းတွင် ဓာတုဗေဒ ပိုးသတ်ဆေးများ ထဲတွင် အပြင်းထန်ဆုံးဟု သတ်မှတ်ထား သှော.၂ ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဆိုးဆေး၊ ဓာတုအမွှေးအကြိုင်နှင့် ဗိုင်ဒါကော်များ ပါ ဝင်နေ၍ပင် ဖြစ်သည်။

၎င်းတို့အပြင် အပြင်း ထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သော ဘန်ဇိုင်း ကာစီနိုဂျင်(Benzene)ပါ ထပ်မံပါဝင်နေ ပြီး ၄င်းဓာတုပစ္စည်းသည် အာရုံကြောမှအ စပြု၍ ရိုးတွင်းခြင်ဆီအထိ အဆိပ်ဖြစ်စေ နိုင်စွမ်း ရှိနေသည်။

ခြင်ဆေးခွေတစ်ခွေ၏ ဓာတုအဆိပ် ထုတ်လုပ်နိုင်မှု စွမ်းအားသည် စီးကရက် အလိပ် စုစုပေါင်း ၁၃၇ လိပ်မှ ထွက်ရှိလာ သော ဓာတုအဆိပ်မှုန့် အရေအတွက်နှင့် ညီမျှနေကြောင်း သိရသည်။

အလားတူအ မွှေးတိုင်များသည်လည်း ခြင်ဆေးခွေနည်း တူ အန္တရာယ်ရှိနေခြင်းကြောင့် သုံးစွဲခြင်း မပြုအပ်ကြောင်း ကျန်းမာရေးပညာရှင်များ က အသိပေး ပြောကြားသွားခဲ့သည်။

Ref: CNN

https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...