၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်နေ့ကတော့ နီပေါနိုင်ငံ ပြည်သူတွေအတွက် ကပ်ကြီး ၃ ပါး ရောက်ခဲ့တဲ့နေ့လို့ ပြောရမှာပဲ။ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၅၆ မိနစ် မှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၈ ရှိတဲ့ မြေငလျင်ကြီးဟာ မြို့တော်ခတ္တမန်ဒူ ရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ လောက်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၈၀ အတွင်း အားအပြင်းဆုံး မြေငလျင် ဖြစ်ပါတယ်။
နိုင်ငံရဲ့ အရေးပေါ်လုပ်ငန်းဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံမှာတင် သေဆုံးသူ ၅၀၅၇ ယောက်အထိ မြင့်တက်သွားခဲ့ပြီး ဒဏ်ရာရသူပေါင်း ၁၀၀၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ နီပေါဝန်ကြီးချုပ် ဆူရှီးလ် ကွိုင်ရာလာကတော့ သေဆုံးသူအရေအတွက်ဟာ ၁၀၀၀၀ အထိ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီငလျင်ကြီးကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့တာဟာ နီပေါနိုင်ငံတနိုင်ငံတည်းမဟ
ကမ္ဘာ့ကျော် ဧ၀ရက်တောင်မှာလည်း ရေခဲတောင်ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ ရပါတယ်။ ခုချိန်ထိ ပျောက်ဆုံးနေသူတွေလည်း အများကြီး ရှိနေပါသေးတယ်။ သတင်းဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းဗွီဒီယိုတွေကို ကြည့်လိုက်ရသူ နိုင်ငံတကာက ပြည်သူလူထုတွေ အားလုံး ထိတ်လန့် တုန်လှုပ် ကြေကွဲ ၀မ်းနည်းခဲ့ကြရပါတယ်။
“တချို့ရွာတွေဆိုရင် အိမ်ခြေ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပြိုကျ ပြားကပ်သွားပါတယ်” လို့ အမေရိကန်ကယ်ဆယ်ရေး ဆရာဝန် ရီဘက်ကာ မက်အက်တီးယားက ပြောပါတယ်။
ဒီသဘာဝ ကပ်ဘေးသင့်မှုကြီး စဖြစ်ပြီးတာနဲ့ ချက်ချင်းလိုလိုပဲ နီပေါအစိုးရက သူတို့ လုပ်ဆောင်လို့ ရနိုင်သမျှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း စတင်ဆောင်ရွက်ခဲ့သလို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။
နီပေါနိုင်ငံရဲ့ စစ်တပ်အင်အား ၁ သိန်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ချက်ချင်းပါဝင်ဆောင်ရွက်ခဲ့
“ကြီးမားတဲ့ အခက်အခဲကတော့ ကယ်ဆယ်ရေးပါပဲ” လို့ နီပေါအစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် လီးလာ မာနီပေါင်ဒယ်လ်က ပြောကြားခဲ့ပါတယ်။ သူက သူတို့အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကိ
ဒါပေမယ့် ငလျင်က အားပြင်းပြီး နီပေါနိုင်ငံရဲ့ ပြည်သူလူထုအများစုကြီး နေထိုင်ကြရတဲ့ မခိုင်ခန့်တဲ့ အိုးအိမ် အပြိုအပျက်တွေ၊ အသစ်ဆောက်ထားတဲ့ တိုက်ခန်းတွဲတွေရဲ့ ကွန်ကရစ် အပြိုအပျက်တွေနဲ့ အဆောက်အဦဟောင်းကြီးတွေရဲ့ အပြိုအပျက်တွေကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ အလျင်အမြန် မရောက်နိုင် ဖြစ်ခဲ့ကြရတယ်။
အိန္ဒိယ၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ သြစတြေးလျ၊ ပါကစ္စတန်နဲ့ တခြားတိုင်းပြည်တွေက ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ပစ္စည်းတွေ၊ အစားအစာတွေ တင်ဆောင်လာတဲ့ လေယာဉ်တွေ နောက်ထပ် ပိုမိုဝင်ရောက်လာလို့ ကူညီထောက်ပံ့မှု အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့်ရပေမယ့် ခတ္တမန်ဒူမြို့တော်ရဲ့ လေဆိပ်ဟာ ပြွတ်ကျပ်နေတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဆဲ ဖြစ်သလို ကယ်ဆယ်ရေး ပစ္စည်းတွေကို သယ်ထုတ်ဖို့ လုပ်သားမလုံလောက်မှုနဲ့ လိုအပ်တဲ့နေရာတွေကို သယ်ဆောင်ပေးပို့ဖို့ မော်တော်ယဉ်တွေ မလုံလောက်မှုကလည်း ရှိနေဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ငလျင် ဗဟိုနားမှာ နေထိုင်ကြတဲ့ ဆင်းရဲသား ပြည်သူ ၇၅၀၀၀၀ အပါအ၀င် လူပေါင်း ၁.၄ သန်းကျော်ဟာ အစားအစာလိုအပ်နေပြီး သောင်းနဲ့ချီတဲ့ ပြည်သူလူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
နီပေါနိုင်ငံရဲ့ လူဦးရေ ၂၈ သန်းရဲ့ ရာခိုင်နှုန်းအများစုက ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထု အများစုကြီးလိုပဲ ဆင်းရဲနွမ်းပါးကြသလို အစိုးရဟာလည်း မချမ်းသာတဲ့အတွက် ဒီလို ကပ်ဘေးသင့်မှုကြီးမျိုးကို ကိုယ့်အားကိုယ်ကိုးနဲ့ ဘယ်လိုမှ ကိုင်တွယ်ထိန်းချုပ် ပြန်လည်ထူမဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း အစိုးရက သူစွမ်းဆောင်နိုင်တာတွေကို ချက်ချင်း ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတကာကိုလည်း ချက်ချင်းပဲ အကူအညီ တောင်းခံခဲ့ပါတယ်။
ဒါကြောင့်လည်း ခုချိန်မှာ နီပေါနိုင်ငံရဲ့ မြေငလျင်ကပ်ဘေးကို အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတွေက ၀င်ရောက်ကူညီပြီး ကယ်ဆယ် ထောက်ပံ့နေကြသလို အမေရီကဲစ်(AmeriCares) လို ကမ္ဘာ့လွှမ်းခြုံ ကျန်းမာရေးအဖွဲ့အစည်း၊ ကဲ (Care) လို ကမ္ဘာတ၀ှမ်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လူသားချင်း စာနာထောက်ထားမှုအဖွဲ့၊ ကက်သလစ် ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့လို အမေရိကန်နိုင်ငံ ကက်သလစ်ဘုရားကျောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အေဂျင်စီ၊ တိုက်ရိုက်ကယ်ဆယ်ရေး (Direct Relief)လို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့၊ ကမ္ဘာလွှမ်းခြုံ ပေးကမ်းလှူဒါန်းရေးလို ရန်ပုံငွေ ရှာဖွေရေး ၀က်ဘ်ဆိုက်၊ နိုင်ငံတကာ ကယ်ဆယ်ရေး အသင်းများ (International Relief Teams) လို ကပ်ဘေးသင့်မှု ကယ်ဆယ်ရေး အထူးပြု လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေနဲ့ Operation USA ၊Save the Children၊ Seva Foundation၊ World Help ၊ Oxfam ၊ Handicap International နဲ့ American Jewish World Service လို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ
နီပေါနိုင်ငံရဲ့ နိုင်ငံတကာရဲ့ ကယ်ဆယ်ကူညီရေး အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဝင်ရောက်ခွင့် ပြုထားသလို အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက်လည
ကျနော်တို့အနေနဲ့ ငလျင်ဒဏ်သင့် နီပေါနိုင်ငံ ပြည်သူတွေအတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတာနဲ့ တချိန်တည်း ပြန်ပြောင်းသတိရ စိတ်မကောင်း ဖြစ်ရတာကတော့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီးရဲ့ဒဏ်က
အဲဒီအချိန်မှာ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ စစ်အုပ်စုတွေ အဓိက အာရုံစိုက်နေတာက သူတို့ရဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိ
လူသားချင်းစာနာထောက်ထားစိတ်
အယ်လ်ဂျာဇီးယားသတင်းဌာနက သတင်းထောက်အမျိုးသမီး(မယ်လီ
ရောက် ကြည်ရှုကူညီချင်တဲ့ နိုင်ငံခြားသားတွေကိုလည်း မုန်တိုင်းဒဏ်သင့်ခံ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့တာမျိုးတွေ လုပ်ခဲ့တာဟာ တကယ့် အဖြစ်မှန်တွေ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ဦးသိန်းစိန်ခေါင်းဆောင်တဲ့
ပြင်းထန်တဲ့ ငလျင်ကြီးရဲ့ ဒဏ်ကို ခံခဲ့ကြရတဲ့ နီပေါပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ အစိုးရ ရဲ့လုပ်ရပ်၊ နာဂစ်မုန်တိုင်းကြီးဒဏ်ကို ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံပြည်သူလူထုရဲ့
DVB
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
No comments:
Post a Comment