စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(၇)နှစ်တိုင်သော်လည်း မမေ့နိုင်သေးတဲ့ နာဂစ်အိပ်မက်ဆိုး

လပွတ္တာမြို့နယ်အတွင်း တစ်နေရာတွင် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော အပျက်အစီးများကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
 
 မြန်မာနိုင်ငံအတွက်အကြီးမားဆုံးနှင့် ဆုံးရှုံးမှုအများဆုံး သဘာ ၀ဘေးအန္တရာယ်အဖြစ် သမိုင်း တွင်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်ခဲ့သည်မှာ ယနေ့ ခုနစ်နှစ်တင်းတင်း ပြည့်ပါပြီ။ လပွတ္တာ၊ ဘိုကလေးနှင့် ပြင်စလူ မြို့နယ်တို့သာမက မြစ်ဝကျွန်း ပေါ်ဒေသ တစ်ခုလုံးအတွက် ကြမ္မာဆိုးဝင်စေခဲ့သည့် နာဂစ်ဟု ခေါ်သော နာမည်ကျော် ထိုမုန် တိုင်းကြီးသည် ပြီးခဲ့သည့် ခုနစ်နှစ် မေလ ၂ ရက်က မြန်မာနိုင်ငံကို ဒုက္ခအကြီးအကျယ် ပေးခဲ့ပါ သည်။ လူဦးရေ တစ်သိန်းလေး သောင်းနီးပါး သေဆုံးခဲ့ရပြီး မုန် တိုင်းဝင်မွှေခဲ့ရာ ဒေသများသည် သုသာန်တစပြင်လို နေ့ချင်းည ချင်း ပြောင်းလဲသွားခဲ့သည်။

နာဂစ်ကြောင့် ပျက်စီးသွားသည့် အိမ်ရှေ့တွင်တွေ့ရသော ကွမ်းခြံကုန်းဒေသခံ မိသားစုတစ်စု (ဓာတ်ပုံ − အီးပီအေ)
နာဂစ်ကြောင့် ကြေမွသွား သည့် ဒေသများတွင်အချိန်ကာလ အားဖြင့် ခုနစ်နှစ်ကြာခဲ့ချိန်၌ အ တိတ်ဆိုးကို မေ့နိုင်ပါပြီလား။ သင်ခန်းစာကောင်းကောင်း ယူ နိုင်ခဲ့ပါပြီလား။ ပင်လယ်ကမ်းရိုး တန်းနှင့် ထိစပ်နေသည့် နေရာ၊ ယခုလိုမိုးကြိုနှင့်မိုးဦးကာလတို့ တွင် ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းတို့ မျက်စပစ်ရာနေရာ ဖြစ်သည့် နာဂစ်မုန်တိုင်းဘေးသင့် ခဲ့ရာဒေသများအတွက် ယင်းအ မေးများကို ဖြေဆိုရန် အဖြေတစ် ခုရှိရန်လိုအပ်နေဆဲဖြစ်ပါသည်။

‘‘နာဂစ်ကို ကြောက်တာအခု ထိရှိသေးတယ်။ လူတွေက စီးပွား ရေးလုပ်စားဖို့ဆိုရင် အဲဒီလိုများ ထပ်ဖြစ်မလား၊ ဆုံးရှုံးမှုတွေ ရှိမ လား၊ လူတွေဒုက္ခရောက်မလား ဆိုပြီးအခုထိထိတ်လန့်ပြီး အလုပ် တွေ လုပ်ချင်တာတောင် မလုပ်ရဲ ကြဘူး။ ကြောက်နေကြတယ်’’ဟု ခုနစ်နှစ်တိုင်သည်အထိ နာဂစ်၏ ခြောက်လှန့်ဆဲခံနေရသူ ပြင်စလူ မြို့နယ် အောင်လှိုင်ရွာမှ ဒေါ်စန်း ဌေးကပြောပါသည်။
 ဒေါ်စန်းဌေးသည် နာဂစ်မုန် တိုင်းဝင်စဉ်က သစ်ပင်တစ်ပင် ပေါ်တွင် တစ်ညလုံးနီးပါးနေခဲ့ရ ပြီးမှ အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း မုန်တိုင်းကြောင့် ၎င်း၏ဆွေမျိုးခြောက်ဦးကို ဆုံးရှုံး ခဲ့သည်။ လူဦးရေသောင်းချီ ရှိ သည့် ပြင်စလူမြို့နယ်တွင် မုန် တိုင်းဘေးမှ လွတ်မြောက်ခဲ့သူ ရာဂဏန်းခန့် လူဦးရေတွင် ဒေါ် စန်းဌေးတစ်ယောက် ပါဝင်ခဲ့ သည်။ နာဂစ်မတိုင်မီ မုန်တိုင်း ဒဏ် အတွေ့အကြုံ မရှိခဲ့သော် လည်း နာဂစ်အလွန်တွင်မူဒေသခံ အားလုံး ရာသီဥတု သတင်းအချက်အလက်များကို အာရုံစိုက်သည့် အလေ့အထရှိလာသည်ဟု ၎င်းကဆိုသည်။

‘‘အင်တာနက်ထဲကလည်း မုန်တိုင်းတွေရှိတယ်ပြောရင် တစ် ယောက်တစ်ပေါက်နဲ့ ကျွန်မတို့ ကြားရပါတယ်။ စလောင်းရှိတဲ့ သူတွေကတော့ သေချာသိကြ တာပေါ့။ ကျွန်မတို့ကတော့ သူ များပြောမှ သိရတာ’’ဟု ဒေါ်စန်း ဌေးကပြောသည်။

နာဂစ်မုန်တိုင်းကြောင့် လူ တစ်သိန်းကျော် သေဆုံးခဲ့ရခြင်း အတွက် အစိုးရက ယနေ့အချိန် အထိ တာဝန်ခံသည့်စကားမပြော သေးပါ။ မိုးလေ၀သဌာန၏ သ တင်းထုတ်ပြန်သတိပေးမှုနှင့် ယင်းကာလက အစိုးရပိုင်အကြီး အကဲပုဂ္ဂိုလ်များ အချိတ်အဆက် လွဲခဲ့ကြောင်း သတင်းများထွက် ပေါ်လာခဲ့ဖူးသည်။ သို့သော် ဘ၀ များစွာ စုတ်ပြတ်သွားခဲ့သည့် လ ပွတ္တာနှင့်ပြင်စလူမြို့နယ် ဒေသခံ များကတော့ အစိုးရအပေါ် ယနေ့ အချိန်အထိ အယုံအကြည်မဲ့နေ ဆဲပင်ဖြစ်ပါသည်။
‘‘နာဂစ်ဖြစ်တုန်းကတစ်နာရီ မိုင် ၆၀၊ မိုင် ၅၀ ပဲပြောပြီးတော့ ၁၂၀ တိုက်သွားတာ ခံစားရတော့ သူတို့ကြေညာတဲ့ဟာ ကျွန်မတို့ က သိပ်မယုံသလိုဖြစ်နေတယ်။
အခုရက်တွေမှာလည်း လေပြင်း တွေတိုက်မယ်။ မိုးကြိုးတွေပစ် မယ်လို့ ကြေညာနေတယ်။ ကျွန် မတို့က ကြောက်တာပဲသိတယ်။ ခံစားရတဲ့သူတွေဆိုတော့’’ ဟု လပွတ္တာမြို့နယ်မှ ဒေါ်မိုးအေးက ပြောသည်။

နာဂစ်မုန်တိုင်းမြန်မာနိုင်ငံ သို့ ၀င်ရောက်ပြီးရက်ပိုင်းအကြာ တွင် အမေရိကန်သမ္မတကတော် လော်ရာဘုရှ်က ထုတ်ပြန်ချက် တစ်ခုပြုလုပ်ခဲ့သည်။ ထုတ်ပြန် ချက်တွင် နာဂစ်အန္တရာယ်ကို သ တိပြုမိခဲ့သော်လည်း အစိုးရပိုင် မီဒီယာများသည် မုန်တိုင်းလမ်း ကြောင်းပေါ်မှ ပြည်သူများအား အချိန်ကိုက်သတင်းပေးနိုင်ရန် ပျက်ကွက်ခဲ့သည်ဟု သုံးသပ်ထား ကြောင်း အမေရိကန် စာရေးဆရာမ Emma Larkin က နာဂစ်ဖြစ်ရပ်မှန် အတွင်းရေး ဇာတ်လမ်းများ စာအုပ်၌ ရေးသားထားသည်။ နာဂစ်မုန်တိုင်း အလွန်ကာ လတွင် အစိုးရက မြစ်ဝကျွန်းပေါ် ဒေသအများစုကို သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စီမံချက်ချ၍ သင်တန်း များပေးခဲ့သည်။

 ဘေးအန္တရာယ် ပြမြေပုံများကို ဒေသခံများအား ဖြန့်ဝေခဲ့သည်။ ဒေသတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး တည်ဆောက်ပေးသည်။ ထို့အတွက်ကြောင့် ၎င်းတို့ အနေ ဖြင့် သဘာဝဘေး ကြိုတင်ကာ ကွယ်ရေးအတွက် အသိပညာရခဲ့ သည်ဟု လပွတ္တာနှင့်ပြင်စလူမြို့ နယ်ဒေသခံများက ပြောသည်။ သို့သော် အစိုးရ၏ ကတိက၀တ် ပျက်မှုတစ်ခုနှင့် ၎င်းတို့၏စိုးရိမ်မှု ကို ယခုလိုရင်ဖွင့်သည်။

‘‘အခု ကြိုတင်ကာကွယ်ဖို့ တော့ သိရှိတယ်။ ဒီမှာက အ ကြောင်းဟယ်ဆိုရင် လွတ်ရာနေ ရာကို ပြေးဖို့ ရှဲယ်တာ(မုန်တိုင်း ဒဏ်ခံအဆောက်အအုံ) အပိုင်ဆို တာ မရှိဘူး။ ရှိတဲ့ရှဲယ်တာကျ တော့ မကောင်းဘူးလေ။ အက် ကွဲနေတယ်။ သင်တန်းလာပို့ချ တုန်းက ရှဲယ်တာနောက်တစ်လုံး ဆောက်ပေးမယ်ဆိုပြီး အခုထိလည်း မလာသေးဘူး’’ဟုပြင်စလူမြို့နယ် အောင်လှိုင်ကျေးရွာဒေသခံများက ပြောသည်။

ယင်းကျေးရွာသို့ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ မိုး/ ဇလဌာန တာဝန်ရှိသူများ ဦး ဆောင်၍ ၂၀၁၄ နိုဝင်ဘာလခန့် က လာရောက်ကာ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် သင်တန်းပေးခြင်းနှင့် ရေကာတာ ဆောက်ရန် မြေနေရာတိုင်းတာခြင်းတို့လုပ်ခဲ့ပြီး ရှဲယ်တာတစ်လုံး တည်ဆောက်ပေးရန် ကတိပေး ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

‘‘သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့ဆိုပြီး သူတို့ကရေကာ တာတွေ ဘာတွေ လာတိုင်းထွာ တဲ့အခါ ဒီရွာက ကျိန်းသေအန္တ ရာယ်ကျရောက်မယ်တဲ့။ ရှဲယ် တာကို မဖြစ်မနေ မုန်တိုင်းဒဏ် ခံနိုင်အောင် လာဆောက်ပေးမယ် ဆိုပြီးတော့။ အဲဒီလိုသင်တန်းပို့ချ ပြီးတဲ့နေ့ကတည်းက တစ်ခါမှ လည်း မလာတော့ဘူး။ အခုထိ လည်း လာမဆောက်ပေးဘူး။ အ ကြောင်းအရာ တစ်ခုခုဖြစ်ရင် ကျွန်မတို့ အားငယ်တာပေါ့’’ ဟု အောင်လှိုင်ကျေးရွာသူတစ်ဦးက ပြောသည်။ ယင်းအကြောင်းအ ရာကိုလည်း နေပြည်တော်သို့ သတင်းစကား ပါးလိုကြောင်း အောင်လှိုင်ကျေးရွာသားများက ပြောကြသည်။
နာဂစ်ဒဏ်သင့်ခဲ့ရာဒေသ များတွင် ဆယ်နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဒုတိယရဲ မှူးကျော်ဆန်းက မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသခံများမှာ သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိရှိနေပြီဟု ယုံကြည်ကြောင်းပြောသည်။ မုန်တိုင်းသင့်သူ ဒေသခံအများစုနှင့် လက်ပွန်းတတီးနေခဲ့စဉ် နာဂစ်မှာ သတင်းကြားထားသည်ထက်ပိုသော အရှိန်ဖြင့် ၀င်လာခဲ့ခြင်းဟု မကြာခဏပြောကြကြောင်း ၎င်း၏အတွေ့အကြုံကို ပြန်လည်မျှဝေပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နာဂစ်မုန်တိုင်းကိုရင်ဆိုင်ခဲ့ရသည့် ဒေသခံများမှာ ပင်လယ်ပြင်နှင့် ၎င်းတို့ပတ်ဝန်းကျင်တွင် ရာသီဥ တုအခြေအနေ ထူးခြားလာပြီဆို  သည်နှင့် မိုး/ဇလဌာနရုံးသို့ ဖုန်း ဆက်  သတင်းပို့သည်အထိသဘာ ၀ဘေး ကြိုတင်ကာကွယ်ရေး အ သိရှိနေပြီဟုပြောသည်။

 ‘‘မိုးလေ၀သ သတင်းကို တော်တော်လေးစိတ်ဝင်စားလာ ကြတယ်။နည်းနည်းလေးလေပြင်း တိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ဆီကို တိုက်ရိုက် ဖုန်းဆက်ပြောတယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့စခန်းမရှိတဲ့မြို့တွေကနေ သူတို့တွေသတင်းပို့လို့သတင်းရတဲ့ အနေအထားမျိုးလေးတွေ ရှိလာတယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

နာဂစ်မုန်တိုင်း ပြီးဆုံးပြီး နောက် ကုလသမဂ္ဂလက်အောက် ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရှင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က မြစ်ဝကျွန်းပေါ် ဒေသ တွင် မုန်တိုင်းအန္တရာယ်အဆိုးရွား ဆုံး ရင်ဆိုင်ခဲ့ရခြင်း၏ အချက် ၁၂ ချက်ပါ သုံးသပ်ချက် တစ် စောင် ထုတ်ပြန်ခဲ့သည်။ ယင်း ၁၂ ချက်အနက် သဘာဝဘေးအန္တ ရာယ်များဖြစ်သော လေပြင်းများ နှင့် မုန်တိုင်းဒီရေများကိုကာကွယ်  တားဆီးပေးနိုင်သော သဘာဝ ဒီရေတောများ ပြုန်းတီးပျက်စီးနေ ခြင်း၊ မိုးလေ၀သဆိုင်ရာ အသိ ပညာဗဟုသုတ အလွန်အားနည်း ခြင်းနှင့် ဒေသခံပြည်သူအများစု သည် ဆင်းရဲသူများဖြစ်ခြင်းဟူ သော အချက်သုံးချက်ကို အရေး ကြီးဆုံးအဖြစ် ထပ်မံ စိစစ်ရွေး ချယ်ခဲ့သည်။

နာဂစ်မုန်တိုင်းဝင်ခဲ့ရာ ဒေ သတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အ ခြေခံအဆောက်အအုံများ လိုအပ် နေသလို သဘာဝပတ်ဝန်းကျင် ပညာရှင်များ ထောက်ပြထား သည့် မုန်တိုင်းဒဏ်ခံ ဒီရေတော များ နည်းပါးနေခြင်းမှာလည်းမြေ ပြင်တွင် ခုနစ်နှစ်ကြာသည့်တိုင် မပြောင်းလဲသေးပေ။ ပြည်တွင်း နှင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင် များက ဆုံးရှုံးမှုတန်ဖိုးငွေသန်း ပေါင်း ၁၂ ထရီလီယံရှိခဲ့သည်ဟု တွက်ချက်ပြခဲ့သည့် နာဂစ်မုန် တိုင်းသင့် ဒေသများတွင် စီးပွား ရေးအရ ပြန်လည်ထူထောင်ရေး အပိုင်း၌ နာလန်မထူနိုင်ဘဲ ရှိ နေသေးသည်။

လာခြင်းမကောင်းသော နာ ဂစ်မုန်တိုင်းသည် နာကျင်မှုများ ဖြင့် သတိရတမ်းတနေစရာ မ ဟုတ်ပါ။ သို့သော် အကြီးမားဆုံး သဘာဝဘေးအဖြစ် ကမ္ဘာ့အဆင့် နံပါတ် (၈)ချိတ်ခဲ့သည့် အတိတ် ဆိုးများကို သတိရပြီး နာဂစ်ထံမှ သင်ခန်းစာယူနိုင်ရန် အရေးပါ ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က အကြံပြု ပါသည်။

‘‘သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေးဆိုတာ ဌာန ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အချိုးညီညီ ဆောင်ရွက်မှ အောင်မြင်မှုဆိုတာ ရ နိုင်မယ်လို့ သင်ခန်းစာယူနိုင်မှ နောက်တစ်ကြိမ် နာဂစ်မုန်တိုင်း မျိုးဖြစ်ခဲ့ရင် မသေမပျောက်ကြရ အောင် ကာကွယ်နိုင်ပါလိမ့်မယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က အကြံပြုသည်။

http://www.7daydaily.com/story/363

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...