ဘကြီးတော်မင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဦးအေးတဲ့။ ကျောင်းနေဘက်သူငယ်ချင်းတြွေ
ဦးအေးက စာတတ်ပုဂ္ဂိုတစ်ဦးပဲ၊ လူကလည်း လူတော်ဆိုတော့ အတုလမဟာ ဓမ္မိကရာဇာဘွဲ့ပေးထားတယ်။ မြို့ငါးမြို့လောက်စားရတဲ့ မြို့စားဆိုလည်း ဟုတ်သပေါ့။
တစ်နေ့တော့ ဘုရင်က ဦးအေးကိုခေါ်ပြီး ရွှေစည်းခုံဘုရားဘက် မြင်းစီးထွက်ကြတယ်။ ဘုရားရောက်တော့ ဘုရင်က မြင်းပေါ်က မဆင်းမီ
"မောင်အေးရယ် ပျင်းလှသကွယ်။ စာဆိုစမ်းဟဲ့" လို့ပြောလိုက်တယ်။ အဲဒါနဲ့ ဦးအေးလည်း ဘုရင်ကိုကြည့် လိုက်ပြီး စာချိုးလိုက်ပုံက
"ပန်းညိုကိုဆင်၊ ယဉ်ပါဘိတောင်း
မြင်းပေါ် ကိုယ်တော်စီးတယ်
ယီးကတစောင်း" လို့ ဆိုလိုက်တယ်။
အဲဒီတော့မှ ဘုရင်လည်း ကိုယ့်ဘာသာကိုယ်ငုံ့ကြည့်မိ
“မောင်အေးရယ် အဲဒါများ စာဆိုရသေးတယ်။ နှစ်ကိုယ်ကြား လာပြောရောပေါ့” လို့ဆိုလိုက်တယ်။
“ဒါနဲ့ ကိုယ်တော်ကပဲ စာဆိုလို့ပြောတော့ ဆိုရတာပေါ့” လို့ပြန်ပြောတယ်။
ဘုရင် ယီးတစောင်းဖြစ်နေတာကို စာချိုးဝံ့တာ အတော်ရှားတယ်။ ဦးအေးမို့လို့ပေါ့။ ဒီနေရာမှာ တခြားလူဆိုရင် သတ်စေစာရင်းထဲပါသွားမလားဘဲ။
ခေတ်အဆက်ဆက် မြင်းပေါ်စီးနေတဲ့ကိုယ်တော်ေ
ဘုရင်ကလည်း ဦးအေးလို ပြောခွင့်ပေး၊ ဦးအေးကလည်း အမြင်မတော်ရင် ဘုရင်ပေမယ့် ပွင့်လင်းစွာ ထောက်ပြတဲ့ ခေတ်မျိုးဟာ ဒီမိုကရေစီလို့ အော်တဲ့ခေတ်တိုင်အောင် မရှိသေးတာတော့ အမှန်ပဲဗျ။
Maukkha
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627
No comments:
Post a Comment