(၁)။ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် သပ္ပါယ်သော ဗုဒ္ခမြတ်စွာကို မိမိ၏ရှေ့မှောက် မနီးမဝေး၌ ကြွရောက်နေပုံကို အာရုံယူပါ။
(၂)။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌
ရှေးရှေးသော ပါရမီကောင်းမှုထူးများက ထုံမွှမ်းသောကြောင့်ထူးထူးခြားခြား ကြည်လင်နေပုံကို အာရုံယူပါ။
(၃)။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို ပယ်ပြီးဖြစ်၍ စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို အာရုံယူပါ။
(၄)။ ထိုကြည်လင်သန့်ရှင်းသောစိတ် တော်၌ အစွမ်းသုံးပါးနှင့်ပြည့်စုံ သော သဗ္ဗညုတဉာဏ်တော်ကြီး
ကိန်းဝပ်တော်မူနေပုံကိုလည်း အာရုံယူပါ။
(၅)။ ထိုဘုရားရှင်က မိမိကို အပါယ်ဆင်းရဲမှ ကယ်တင်ဖို့ရာကြီးစွာသော မဟာကရုဏာဖြင့် ကြည့်တော်မူနေပုံကိုလည်းအာရုံယူပါ။
(၆)။ ထိုကဲ့သို့ အာရုံယူ၍ လက်အုပ်ချီကာ “ဗုဒ္ဓေါ ဗုဒ္ဓေါ”ဟု အထပ်ထပ် ရွတ်ဆို၍
ကြက်သီးမွှေးညှင်းထလောက်အောင် ပီတိဖြစ်လာသောအခါ
ထိုပီတိကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟုရှုပါ။
(၇)။ ပီတိမဖြစ်လျှင်လည်း ဗုဒ္ဓကိုအာရုံပြုသော မိမိစိတ်အစဉ်၏ မမြဲမှုကို သတိဖြင့်စိုက်၍
“အနိစ္စ၊ အနိစ္စ” ဟုရှုပါ။
(၈)။ ဤသို့နေ့စဉ် မှန်မှန်ကြိုးစားသောအခါ “ရာဂ၊ ဒေါသ၊မာန၊ဣဿ၊မစ္ဆရိယ၊မာယာ၊သာ ဌေယျ”
စသော အကုသိုလ် တရားတွေ နည်းပါး၍၊ “သဒ္ဓါ၊သတိ၊ပညာ၊သမာဓိ၊ဝီရိယ” ဟူသော
ကုသိုလ်တရားများ တိုးပွားလာပါလိမ့်မည်။
(၉)။ ထမင်းကို မှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း ကြိုးစားရမည်။ မစားချင်ဘဲ စားချိန်ကျ၍ စားရစေကာမူ
စားရင်းစားရင်း မြိန်လာသကဲ့သို့ စိတ်မထက်သန်ဘဲ၊အချိန်ကျ၍ အားထုတ်ရစေကာမူ ပီတိဖြစ်လာအောင်
အာရုံထင်လာတတ်သည်။
(၁၀)။ ရုပ်တု ၊စေတီတော် ၊ဗုဒ္ဓမြတ်စွာဘုရားကို အာရုံယူရာ၌ ဉာဏ်အားနည်းသေးသောသူတို့မှာ
ရုပ်တု ရုပ်ပွားတော်လောက်သာစထင်လာတတ်သည်။ စေတီတော်ကို ဖူးမြော်ရာ၌လည်း စေတီတော်အတိုင်းသာ အာရုံထင်လာ တတ်သည်။
ထိုသို့ အာရုံများထင်လာရာမှာလည်း အကျိုးကား မနည်းပါ။ သို့သော် ထိုအာရုံများမှတစ်ဆင့်
သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံရအောင်ကြိုးစားမှသာ “ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာ”ကို
အားထုတ်ရာ ရောက်ပါမည်။
(၂)။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌
ရှေးရှေးသော ပါရမီကောင်းမှုထူးများက ထုံမွှမ်းသောကြောင့်ထူးထူးခြားခြား ကြည်လင်နေပုံကို အာရုံယူပါ။
(၃)။ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို ပယ်ပြီးဖြစ်၍ စိတ်အစဉ် သန့်ရှင်းကြည်လင်နေပုံကို အာရုံယူပါ။
(၄)။ ထိုကြည်လင်သန့်ရှင်းသောစိတ်
ကိန်းဝပ်တော်မူနေပုံကိုလည်း
(၅)။ ထိုဘုရားရှင်က မိမိကို အပါယ်ဆင်းရဲမှ ကယ်တင်ဖို့ရာကြီးစွာသော မဟာကရုဏာဖြင့် ကြည့်တော်မူနေပုံကိုလည်းအာရုံယူပါ။
(၆)။ ထိုကဲ့သို့ အာရုံယူ၍ လက်အုပ်ချီကာ “ဗုဒ္ဓေါ ဗုဒ္ဓေါ”ဟု အထပ်ထပ် ရွတ်ဆို၍
ကြက်သီးမွှေးညှင်းထလောက်အောင
ထိုပီတိကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟုရှုပါ။
(၇)။ ပီတိမဖြစ်လျှင်လည်း ဗုဒ္ဓကိုအာရုံပြုသော မိမိစိတ်အစဉ်၏ မမြဲမှုကို သတိဖြင့်စိုက်၍
“အနိစ္စ၊ အနိစ္စ” ဟုရှုပါ။
(၈)။ ဤသို့နေ့စဉ် မှန်မှန်ကြိုးစားသောအခါ “ရာဂ၊ ဒေါသ၊မာန၊ဣဿ၊မစ္ဆရိယ၊မာယာ၊သာ
စသော အကုသိုလ် တရားတွေ နည်းပါး၍၊ “သဒ္ဓါ၊သတိ၊ပညာ၊သမာဓိ၊ဝီရိယ”
ကုသိုလ်တရားများ တိုးပွားလာပါလိမ့်မည်။
(၉)။ ထမင်းကို မှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း ကြိုးစားရမည်။ မစားချင်ဘဲ စားချိန်ကျ၍ စားရစေကာမူ
စားရင်းစားရင်း မြိန်လာသကဲ့သို့ စိတ်မထက်သန်ဘဲ၊အချိန်ကျ၍ အားထုတ်ရစေကာမူ ပီတိဖြစ်လာအောင်
အာရုံထင်လာတတ်သည်။
(၁၀)။ ရုပ်တု ၊စေတီတော် ၊ဗုဒ္ဓမြတ်စွာဘုရားကို အာရုံယူရာ၌ ဉာဏ်အားနည်းသေးသောသူတို့မှာ
ရုပ်တု ရုပ်ပွားတော်လောက်သာစထင်လာတတ်သည်။ စေတီတော်ကို ဖူးမြော်ရာ၌လည်း စေတီတော်အတိုင်းသာ အာရုံထင်လာ တတ်သည်။
ထိုသို့ အာရုံများထင်လာရာမှာလည်း အကျိုးကား မနည်းပါ။ သို့သော် ထိုအာရုံများမှတစ်ဆင့်
သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံရအောင်ကြိုးစားမှသာ “ဗုဒ္ဓါနုဿတိ ကမ္မဌာန်းဘာဝနာ”ကို
အားထုတ်ရာ ရောက်ပါမည်။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】
-【မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ “ဗုဒ္ဓါနုဿတိဘာဝနာစာအုပ်”မှ-
ကောက်နှုတ်ကူးယူပူဇော်မျှဝေ ပါသည်။】
-【မဟာဂန္ဓာရုံဆရာတော်ဘုရားကြ
ကောက်နှုတ်ကူးယူပူဇော်မျှဝေ
No comments:
Post a Comment