စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်နေသူများရဲ့ အရည်အချင်း သို့မဟုတ် ဓလေ့စရိုက်



အောင်မြင်နေသူများလည်း ထမင်းစားတယ်။ သင်လဲ ထမင်းစားတယ်။ ကျုပ်လည်း ထမင်းစားတယ်။ ဒါဆို ဘာများ ကွာသလဲပေါ့။ လူချင်းတူပေမယ့် ဥာဏ်ချင်းမှ မတူတာလို့လည်း ပြောကြပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် တော်ပြီး အောင်မြင်နေ အများစုရဲ့ သာမန်လူနဲ့ မတူတဲ့ ဓလေ့စရိုက်များကို သိထားတော့ ကိုယ်လည်း တစ်စုံတစ်ယောက် ဖြစ်လာနိုင်တာပေါ့။ မိမိတို့ အလုပ်မှာလည်း ကိုယ့်ထပ် သာနေသူတွေ၊ တော်နေသူတွေ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ဓလေ့စရိုက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အပြည့်အဝ တာဝန်ယူ၊ ပြီးအောင်လုပ်တတ်သူ
အလုပ်တစ်ခု တာဝန်တစ်ခု ရလိုက်ပြီဆိုရင် သူဟာ ယင်း အလုပ် တာဝန်ကို သူနဲ့ သက်ဆိုင်တဲ့ အပိုင်းကို အပြည့်အဝ ယူပြီးတော့ လုပ်ပါတယ်။ လုပ်ပြီဆိုရင်လည်း ဒါကို ပြီးအောင် လုပ်တယ်။ မလုပ်ခင်မှာကတည်းက "ကျနော်ဒါကို သေချာ ပြီးအောင် လုပ်ပါ့မယ်" ဆိုပြီးတော့ သတ္တိရှိရှိ ကြေညာ ပြောတတ်သူ ဖြစ်ပါတယ်။

အစုံသုပ် မလုပ်
ဘမ်းစကားအရ အစုံသုပ် ဆိုပေမယ့် အသုပ် သုပ်တာကို မဆိုလိုပါဘူး။ Multitasking မလုပ်တာကို ပြောတာပါ။ အလုပ် တစ်ခုမှာ အာရုံစိုက်နေတုန်း သူ အခြား အာရုံ အဝင်မခံဘူး။ Facebook, Gmail နဲ့ ဟာသ ဗီဒီယိုလေးတွေ၊ အကျူဇယားတွေလည်း သူမေ့ထားတတ်တယ်။ ဘာလို့လဲဆို သူ့ခေါင်းထဲမှာ ဒီ အလုပ် တစ်ခု ပြီးအောင် လုပ်ကို လုပ်ရမယ်လို့ ခေါင်းထဲ ဝင်နေတယ်။ ဒါကြောင့်မို့ အခြား လုပ်ချင်တာလေးတွေ ရှိရင်တောင် လုပ်ငန်းတာဝန်ကို တစ်ခုဆို တစ်ခုတည်း သူအာရုံ ထားပါတယ်။

အကူအညီကို အားမနာတမ်း ငြင်းသူ
"သယ်ရင်းရေ.. ငါ့ကို ဒါလေး တစ်ချက်လောက် ကူညီပါအုံး" လို့ လာအကူအညီ တောင်းရင် သူမအားဘူး။ လောလောဆယ် ဒါလေး ပျက်အောင် လုပ်နေလို့ ဆိုပြီးတော့ ငြင်းလွတ်တတ်တယ်။ ဘော်ဒါဘော်ချက်တွေကလည်း လာပါ၊ သွားရအောင် လာရအောင် အစရှိသဖြင့်လည်း ခေါ်လိုက်မယ်။ အခြားသော အကူညီများလာရင်လည်း သူ့အလုပ်ကို ပျက်မယ်ထင်ရင် အားနာစွာပဲ ငြင်းတတ်ပါတယ်။

လူတော်ချင်း ပေါင်းတတ်သူ
အကယ်၍ သင်ဟာ အခန်းထဲမှာ အတော်ဆုံး ဖြစ်နေရင် သင်ဟာ အခန်းမှားထဲကို ရောက်နေပါတယ်တဲ့။ လူတော်၊ အလုပ်ကြိုးစား၊ ရေကုန်ရေခန်း လုပ်တတ်သူက သူတို့လို လူတွေနဲ့ပဲ ပိုပေါင်းဖြစ်ပါတယ်။ ပျင်းရိ ထုံထိုင်းသူ၊ အလုပ် ရေသာခိုသူတွေနဲ့ အပေါ်ယံ ဆက်ဆံရေး အရ သူ စကားတော့ ပြောလိမ့်မယ်။ ဒါပေမယ့် အပြင် အတူ ထွက်တာတို့၊ အတူ သောက်စားတာတို့ သူရှောင်လိမ့်မယ်။ အကြောင်းက သူဟာ လူတော်ချင်းပေါင်းမှ အတွေးအမြင်တွေ တူတယ်။ ပြောဆိုတာ တူတယ်။ အိုင်ဒီယာတွေ ဖလှယ်လို့ ရတယ်ပေါ့။ ပျင်းနေသူ တစ်ယောက်ကို အားကြိုးမာန်တက် ရှိနေသူ တစ်ယောက်က အားကြိုးမာန်တတ် သွားပြောနေလို့ စကား ကောင်းမလာသလို၊ စကား တစ်ခုကို အလေးနက် ပြောတဲ့အခါ တစ်ဖက် စကားက သူ့အတွက်လည်း ပေါ့နေတတ်ပါတယ်။

စိတ်ခံစားချက်ကို ဖယ်ထားနိုင်သူ
စိတ်ခံစားချက်ဆိုတာ ပြင်ပ ပယောဂကြောင့် ကိုယ်ဟာ စိတ်တို၊ စိတ်ဆိုးတာလည်း ပါမယ်။ အလုပ်မှာ လုပ်နေရင်း လုပ်ဖောင်ကိုင်ဖက် သို့မဟုတ် အထက်က လူပြောလို့ စိတ်ဆိုးတာလည်း ရှိမယ်။ ဒါတွေကို စိတ်ဆိုးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အစရှိသဖြင့် စိတ်ခံစားချက်ကို ထုတ်တတ်သူများ၊ ဖော်ပြတတ်သူများ၊ ပြန်လည် တုံ့ပြန်တတ်သူများဟာ အလုပ်မှာ အဆင်မပြေပါဘူး။ အဆင်ပြေရင်တောင် ပိုမြင့်တဲ့ အဆင့် တစ်ခု ရောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆို သူဟာ မရင့်ကျက်ဘူး သို့မဟုတ် အလုပ်ထပ် သူ့ခံစားချက်ကို ဦးစားပေးသူ ဖြစ်တာကြောင့် conflict of interest ဖြစ်တယ်လို့ မြင်လို့ပါ။ Super achiever များကတော့ ယင်း စိတ်ခံစားချက်ကို ခေါင်းထဲက ထုတ်ထားပြီး အလုပ်ကို လုပ်တတ်ကြ ပါတယ်။

Ref: mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766211817/915770478466205/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...