
(၁)။ သူတကာ လောဘကြီးသော်လည်း မိမိက လောဘ မကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာခေါင်းပါးခြင်း(ဒုဗ္ဘိက
ထိုဘေးမှ လွတ်မြောက်မည်။
(၂)။ သူတကာ ဒေါသကြီးသော်လည်း မိမိက ဒေါသမကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး (သတ္တန္တရကပ်)ဆိုက်ရောက်သော်လ
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
(၃)။ သူတကာ မောဟကြီးသော်လည်း မိမိက မောဟမကြီးအောင်နေ။
ထိုသို့နေလျှင် သူတကာ ရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်
မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။
ဤကား ကျေးဇူးတော်ရှင်
မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။
ယနေ့သည် ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ …
(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှ စွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။
(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။
(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။
(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။
(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။
-【တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး】

“ကပ်သုံးပါး ကင်းဝေးလိုလျှင်…”
❦လောဘထွန်းကားလာသဖြင့် ဆန်ရေစပါး ရှားပါး၍ အစားအစာ ငတ်မွတ်ခြင်းအား “ဒုဗ္ဘိက္ခန္တရကပ်”၊
❦ဒေါသလွန်ကဲသဖြင့် အချင်းချင်း သတ်ဖြတ်ကြသည့် လက်နက် ဘေးသင့်ခြင်း “သတ္တန္တရကပ်”၊
❦မောဟ လွန်ကဲသဖြင့် ရောဂါအမျိုးမျိုးကပ်ရောက်ခြင်း “ရောဂန္တရကပ်”ဆိုသော
ကပ်ကြီးသုံးပါး ကျရောက်ရ၏။
●လောဘကြောင့် မီးဘေး၊
●ဒေါသကြောင့် ရေဘေး၊
●မောဟကြောင့် လေဘေးများ သင့်ရ၏။
“သီလနှင့် ပြည့်စုံသောသူ”မှာ ပြဆိုအပ်ပြီးသော ဘေးဒုက္ခအမျိုးမျိုးမှ လွတ်မြောက် နိုင်ကြ၏။
-နတ်ပြည်သို့ တက်ရာတွင် သီလတည်းဟူသော စောင်းတန်း လှေကားဖြင့် တက်ကြရ၏။
-နိဗ္ဗာန်မြို့တော်ကြီးသို့ဝ
သီလနှင့် ပြည့်စုံ သောသူကား လူ့ပြည်ချမ်းသာ၊ နတ်ပြည်ချမ်းသာဟူသော ဝေဒယိတသုခ
လောကီချမ်းသာမျိုးကို မဆိုထားဘိ၊ လောကီချမ်းသာထက် မနှိုင်းယှဉ်နိုင်လောက်အောင်
သာလွန်ထူးမြတ်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကြီးကိုပင် ရရှိနိုင်ပါပေ၏။
ထို့ကြောင့် ပစ္စက္ခဘဝ၌ပင်လျှင် ကပ်ကြီးသုံးပါးတို့မှ လွန်မြောက်လျက် နောင်တမလွန်ဘဝ၌
နတ်ပြည်ချမ်းသာ စသော လောကီ ချမ်းသာနှင့် အဆုံးဘဝ၌လည်း သန္တိသုခနိဗ္ဗာန်ချမ်းသာကို
ရရှိလိုကြသော ပညာရှိ သူတော်ကောင်းတို့သည် ချမ်းသာခြင်း၏ အရင်းမူလ ပဓာနဖြစ်သော
“သီလတရား” ကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【အဘိဓဇမဟာရဋ္ဌဂုရုစံကင်းဆရာေ
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936