စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်သက်စာ ငွေစုပြီ ချစ်ဇနီးအတွက် လက်စွပ်ဝယ်တဲ့ အဖိုးအို





Xinjiang ပြည်နယ် အနောက်မြောက်ပိုင်းက မြို့ငယ်လေး တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၈၀ ကျော် လင်မယား နှစ်ဦး လက်ဝတ် ရတနာ ဆိုင် တစ်ခုမှာ ယခုလို မြင်တွေ့ရပါတယ်။ အမျိုးသား အဖိုးအိုက သူ့ချစ်ဇနီး အဖွားအို အတွက် စိန်လက်စွပ် ဝယ်ပေးနေခြင်း ဖြစ်ပါတယ်။ ဆိုင်ရှင်အနေနဲ့ စပ်စုပြီး မေးကြည့်တော့ သူ့ဇနီးအတွက် ဝယ်ပေးချင်လွန်းလို့ အလုပ်လုပ်တဲ့ တစ်သက်စာ နီးပါးလုံး စုထားတဲ့ ငွေနဲ့ ဝယ်တာပါတဲ့။

ဘဏ်အကောင့်စာရင်းကို ကြည့်လိုက်တော့ banknote တစ်ခုစီမှာ ငွေအနည်းငယ်သာ ရှိပြီး နှစ်ပေါင်းများစွာ စိတ်ရှည်ရှည်နဲ့ အချိန်ပေး စုလာခဲ့တာကို ဆိုင်ဝန်ထမ်းများ အံ့သြ လေးစားခဲ့ပါတယ်။ ဒါကြောင့် သူတို့ ပါလာတဲ့ ငွေနဲ့ မလောက်ပေမယ့် သင့်လျော်ကောင်းမွန်တဲ့ စိန်လက်စွပ် တစ်ကွင်းကို လျော့ဈေးနဲ့ ရောင်းချပေးခဲ့ ပါတယ်။ အဖိုးအိုဟာ သန့်ရှင်းရေး ဝန်ထမ်း တစ်ဦး ဖြစ်ပါတယ်။ သူတို့ နှစ်ဦး အတူ ပေါင်းသင်း နေထိုင်လာတာ နှစ် ၅၀ မကတော့ ပါဘူး။ အသက်တွေကလည်း ၈၀ ကျော်နေပြီ ဖြစ်ပါတယ်။

ဘာလို့ ယခုလို ကြိုးစားပြီး ငွေစုလို့ ဝယ်ပေးခဲ့ရသလဲလို့ ဆိုင်ရှင်မေးပါတယ်။ ဒီတော့ အဖိုးအိုက "ကျွန်တော်တို့ ခက်ခဲတဲ့ ဘဝကို အတူဖြတ်သန်း လာခဲ့ကြပြီးပြီ။ သူ့အတွက် တန်ဖိုးကြီး အရာပစ္စည်းတစ်ခုတော့ ဖြည့်ဆည်းပေးခဲ့ ချင်ပါ သေးတယ်" လို့ ဖြေကြားခဲ့ပါတယ်။

Ref: dailymail
  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...