.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
(Unicode version)
တောင်တက်သော ဆိတ်များ
Mountain Goat လို့ခေါ်တဲ့ ဆိတ်၊ တောင်ဆိတ်များကို အများစုအားဖြင့် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတတ်။ သူ့မျိုးစိတ်မှာလည်း အမျိုးမျိုး ကွဲသေးပေမယ့် သူတို့ အားလုံးမှာ တူညီတဲ့ အရည်အချင်း တစ်ခုကတော့ တောင်တက်နိုင်ခြင်း ဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် တောင် မတ်စောက်မှု ဒီဂရီ ၆၀ လောက်ကို တက်နိုင်တယ်လို့ ပြောထားပေမယ့် အချို့သော ဆိတ်များဟာ ဒီဂရီ ၈၀ လောက်အထိ မတ်စောက်တာတောင် နည်းလမ်းရှာပြီးတော့ တက်တာမျိုးတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ၁၅ နှစ်ကနေ ၁၈ နှစ်လောက်အထိ အသက်ရှင်နိုင်ပြီး သူတို့အားလုံးမှာ ကုတ်တွယ်နိုင်မှုအား အင်မတန် ကောင်းတဲ့ ခြေထောက်နဲ့ ခြေသည်းများ ပါဝင်ပါတယ်။ သူတို့မှာ ထူတဲ့ အမွေးအမှင် များက ရာသီဥတု အအေးဒဏ်၊ အပူဒဏ်မျိှုးစုံကို ခံနိုင်ပြီး တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ တိုက်တဲ့ လေကိုတောင် ခံနိုင်စွမ်း ရှိပါတယ်။
သူတို့ဟာ အုပ်စုဖွဲ့နေထိုင်ကြပြီး အစားအသောက် အတွက် တိုက်ခိုက်တဲ့အခါ သေကြေတဲ့အထိလည်း တိုက်ခိုက်တတ်ပါတယ်။ တောင်တက်တဲ့ ဆိတ်များထဲမှာ အနည်းငယ်သာ ခြေချော်ပြီးတော့ သေဆုံးတတ်ပြီး အများစုကတော့ တောင် တစ်တောင်နဲ့ တစ်တောင် ပေ အနည်းငယ်သာ ခြားထားရင် ခုန်တတ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/834929526550301
No comments:
Post a Comment