စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
Nz ရိုးရာလေး
www.yoyarlay.com
‪#‎Nz_yyl‬
‪#‎news_yyl‬
Unicode version
ရင်သွေးအသက်ရှင်ဖို့ ကင်ဆာပြန့်ပွားခံခဲ့တဲ့မိခင်
ကင်ဆာရောဂါကို ဓာတုကုထုံးနဲ့ ကုသရင် နှစ်လခွဲ သန္ဓေသား ပျက်စီးမယ့်အတွက် မိခင်လောင်းတစ်ဦးက အသက် အသေခံဖို့ ဆုံးဖြတ်ပြီး ကလေးမွေးဖွားခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ် ကယ်လီဖိုးနီးယားမြို့သူ ကော်ဂျီဟာ ဒုတိယရင်သွေးကို ကိုယ်ဝန်ဆောင်ထားပြီး နှစ်လခွဲ အကြာမှာ အရိုးကင်ဆာ ရောဂါ ဖြစ်နေမှန်း သိလိုက်ရပါတယ်။
အဲဒီအချိန်တုန်းက ရောဂါမပြင်းထန် သေးပါဘူး။
ခြေထောက်မှာ ဖြစ်နေတဲ့ အရိုးကင်ဆာကို ဓာတုကုထုံးနဲ့ ကုသရင် အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ ဓာတုကုထုံးက ပြင်းလွန်းလို့ သန္ဓေသား ပျက်စီးသွားနိုင်ပါတယ်။ ကော်ဂျီဟာ သူအသက်ရှင်ဖို့ အခွင့်အရေးကို ငြင်းပယ်ပြီး ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ်ပါ။ ၂၀၁၄ခုနှစ် ဇွန်လမှာ ကော်ဂျီက သမီးငယ် ပရက်စလေကို မွေးဖွားခဲ့ပါတယ်။
အဲဒီနောက် ကင်ဆာရောဂါကို ကုသခဲ့ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ရောဂါပျံနှံ နေပြီဖြစ်လို့ အသက်ရှင်ဖို့ အချိန်သိပ် မကျန်တော့ပါဘူးလို့ ဆရာဝန်တွေက သူ့ကိုပြောခဲ့ပါတယ်။" သူတို့ကို ကျွန်မဘယ်လောက်ချစ် တယ်။ သူတို့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ တိုက်ခိုက်ခဲ့ရတယ်ဆိုတာ ကလေးတွေကို သိစေချင်ပါတယ် "လို့ ကော်ဂျီက ပြောပါတယ်။
ကော်ဂျီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အတူနေချစ်သူ ဂျိုနသန်နဲ့ လက်ထပ်ခဲ့ကြပါတယ်။
https://www.facebook.com/yoyarlaydotcom/posts/832860886757165 
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...