စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဲအေးရှားလေယာဉ် ထိုင်ခုံများတွင် ခါးပတ်ပတ်ထားသော အလောင်းများကို ရေငုပ်သမားများ ရှာဖွေတွေ့ရှိ


လေယာဉ်ထိုင်ခုံတွင် ခါးပတ်ပတ်လျက်သား သေဆုံးနေသည့် ရုပ်အလောင်း အချို့ကို အဲအေးရှား လေယာဉ်ပျက် ဆယ်ယူရေး လုပ်ဆောင်နေသည့် အင်ဒိုနီးရှား ရေငုပ်သမားများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက်က ပျက်ကျခဲ့သည့် ခရီးစဉ်အမှတ် QZ8501 လေယာဉ်ပျက် နစ်မြုပ်နေရာ ပင်လယ်ပြင်မှ ရှာဖွေရေးဇုန် သတ်မှတ်နေရာ အတွင်းတွင် ထိုင်ခုံနှင့် တွဲလျက်သား အလောင်း(၅)လောင်းကို ဇန်နဝါရီ ၂၂ ရက်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ (၁၆၂)ဦးအနက် (၅၈)ဦး၏ အလောင်းများကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းစဉ် မုန်တိုင်းထန်သော ရာသီဥတု၌ ပျက်ကျခဲ့သော လေယာဉ်ပေါ်၌ အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိနိုင်ဟု ကယ်ဆယ်ရေးများက ခန့်မှန်းထားသည်။

“ကျွန်တော်တို့ရဲ့ ရေငုပ်သမားတွေက အလောင်း(၅)လောင်းကို ပင်လယ်ကြမ်းပြင် အောက်ခြေမှာ တွေ့ရှိခဲ့ပါတယ်။ အလောင်းတွေက ရွှံ့ထဲမှာ နစ်မြုပ်နေတယ်။ လေယာဉ်ကိုယ်ထည် ရှာတွေ့တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ ဧရိယာမှာပဲ အလောင်းတွေကို တွေ့တာပါ။ အလောင်းတွေအားလုံး ထိုင်ခုံမှာ ခါးပတ် ပတ်လျက်သား အနေအထားနဲ့ပဲ ရှိနေပါတယ်”ဟု ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီမှ အရာရှိ တစ်ဦးဖြစ်သည့် ဆူပရီယာဒီက ဆူယာဘာယာမြို့တွင် သတင်းထောက်များအား အသိပေး ပြောကြားခဲ့သည်။

အဆိုပါ အလောင်းများသည် လေယာဉ် ပင်မကိုယ်ထည်နှင့် မီတာ(၅၀)မှ (၁၀၀)ကြား ပျံ့နှံ့နေပြီး လေယာဉ်ပျက်ကျစဉ် ဖိတ်စဉ်ထွက်လာခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်း အချိန်ထိ အဆိုပါ အလောင်းများအနက် (၃)လောင်းကို ဆယ်ယူထားနိုင်ပြီး ဖြစ်သည်။

ဆူပရီယာဒီက ရေငုပ်သမားများသည် ရေအောက်ရှိ လေယာဉ်ပျက် ကိုယ်ထည်သို့ ချဉ်းကပ်စစ်ဆေးနေသော်လည်း ရေအောက်တွင် (၂)မီတာထက် ပိုဝေးအောင် မမြင်ရသောကြောင့် အခက်အခဲများ ရှိနေကြောင်းလည်း ပြောကြားခဲ့သည်/

Airbus A320-200 အမျိုးအစား လေယာဉ်၏ ကိုယ်ထည်ကို ပင်လယ်ကြမ်းပြင် အောက်ခြေတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ ပျံသန်းရေး မှတ်တမ်းတင် ကိရိယာနှင့် လေယာဉ်မှူးခန်း အသံဖမ်း ကိရိယာ Black Boxများကို ဆယ်ယူရရှိပြီး ဖြစ်ရာ လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
_Ref: CNA

http://7daydaily.com/story/29993#.VMJGe3vdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...