စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးငယ်များရဲ့ ရေတိမ်ရောဂါ (Glaucoma for Children)



ရေတိမ်လူအများ စုက ရေတိမ် ရောဂါ ဆိုတာ လူကြီး တွေမှ ဖြစ်တယ်လို့ ထင်ထား စရာပါ။ ဒါပေမယ့် ကလေး တွေမှာလည်း ရေတိမ် ရောဂါ ခံစားရ တာပါပဲ။ ရေတိမ်ရောဂါ ဆိုတာ အ ကြောင်းတစ်ခုခုကြောင့် မျက်စိအတွင်း ဖိအားများလာတဲ့အခါ မျက်စိ အာရုံ ကြော (Optic Nerve) ကို ထိခိုက် ပျက်စီးစေတဲ့အတွက် အမြင်အာရုံ ချွတ်ယွင်းလာရတဲ့ ရောဂါဖြစ်ပါတယ်။ နှစ်မျိုးခွဲခြားထားပြီး ကလေး အသက် သုံးနှစ်အတွင်း ရေတိမ်ဖြစ်လာခဲ့ရင် မွေးရာပါ ရေတိမ်လို့ ခေါ်တယ်။

သုံးနှစ်ကျော်ကနေ အသက် ၃၀ အတွင်း ရေတိမ်ဖြစ်လာရင်တော့ ဂျူဗီနိုင်း(Juvenile) ရေတိမ်လို့ ခေါ်ပါတယ်။ မျက်လုံးအတွင်းမှာ အာဟာရ ဖြည့်တင်းပေးဖို့နဲ့ မျက်လုံးအတွင်း အင်္ဂါအစိတ်အပိုင်းတွေ ချောမွေ့စွာ လည်ပတ်ဖို့၊ မခြောက်သွေ့စေဖို့ အရည်တစ်မျိုးရှိပါတယ်။ အဲဒီ အရည် ထုတ်လုပ်လည်ပတ်မှု တစ်နေရာရာ မှာ ပုံမမှန်ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ပရိုင်မာရီ အခြေခံ (Primary Glaucoma) ရေတိမ်ဖြစ်လာပါတော့တယ်။

ကလေးတွေမှာ ၅၀ ရာခိုင်နှုန်းလောက် ကတော့ မျက်လုံးအတွင်းက ပုံမမှန် အကြောင်းတွေ ကြောင့် ရေတိမ်ဖြစ်ရ တာပါ။ တခြားရောဂါတွေကြောင့် (Systemic Abnormalities) ဖြစ်ရ တဲ့ ရေတိမ်တွေ (Secondary Glaucoma) တွေလည်း ရှိပါတယ်။ သေချာမကုရင် တစ်သက်တာ လုံး အမြင်အာရုံ ဆုံးရှုံးစေပါတယ်။

ကလေးရေတိမ်ရောဂါရဲ့ လက်ဏ္ခာတွ

အဓိကလက္ခဏာသုံးမျိုးအဖြစ် မျက်ရည်တွေအကြောင်းမဲ့ ကျဆင်း နေခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ဘဲ မျက်စိစူးလို့ မျက်စိမှိတ်တုတ် မှိတ် တုတ်သာလုပ်နေခြင်းနဲ့ မျက်လုံးကို ခဏခဏမျက်တောင်ခတ်ပြီး ညှစ်နေ သလိုပြုလုပ်ခြင်း (Eyelid Squeezing) စတာ တွေပဲဖြစ် ကြတယ်။ တချို့ ကလေးတွေကြတော့ မျက်လုံးကို ခဏခဏလက်နဲ့ ပွတ်တတ်ကြ သေး တယ်။ ဒီအချက်တွေအားလုံးက မျက်ကြည်လွှာ(Cornea) ကို ထိခိုက် ပျက်စီးစေလို့ မပြုလုပ်မိဖို့ သတိထား သင့်ပါတယ်။

ဒါပေမယ့် တချို့ ကလေးတွေမှာ ဒီလိုသိသာတဲ့ လက္ခဏာသုံးမျိုးလုံးပြတာက ၃၀ ရာခိုင်နှုန်း လောက်ပဲရှိတာပါ။ စမ်းသပ် တွေ့ရှိရချက်တွေကတော့ မျက်နက် ဝန်း (Cornea) ဟာ မဖြစ်တဲ့ဘက် (ကောင်းတဲ့ဘက်) ထက် ပိုကြီးမားနေ ခြင်း (Corneal Oedema and Enlargement) မျက်စိနီရဲရောင်ရမ်း နေခြင်း စတာတွေ တွေ့ရှိရတယ်။ အလွယ်ပြောရရင် မျက်လုံး ၂ ဖက် ယှဉ်ကြည့်ရင် ဖြစ်တဲ့ဘက်က မျက် နက်အိမ် အရွယ်အစား ပိုကြီးနေ တယ်။ မျက်ဝတ်မထွက်ဘဲ မျက်သား တွေနီရဲယားယံနေတယ်။ ဒါဆိုရင် မိဘတွေအနေနဲ့ မပေါ့ဆ သင့်ဘူး။ ရေတိမ်ဖြစ်တာကြာလေ လူကြီးရော ကလေးပါ အမြင်အာရုံဆုံးရှုံးရလေ ဖြစ်တာမို့ အချိန်မဆွဲသင့်၊ အချိန် မဖြုန်းသင့်တာပါ။

အသက်အငယ်လေးမှာတော့ မျက်သားဖြူဧရိယာမှာရော မျက်နက် ဝန်းနေရာမှာပါ ပျော့ပျောင်း (Elastic) လှတဲ့အတွက် ရေတိမ်ဖြစ်အောင် မြင့်တက်လာတဲ့ မျက်စိတွင်းဖိအား ကြောင့် မျက်လုံးအိမ်ကြီးဟာ ဖောင်း ကားကြီးမားလာပြီး အပြင်ကို စူထွက် လာပါတယ်။ ဒါကြောင့်မို့ ကောင်းနေ တဲ့ဘက်နဲ့ ယှဉ်ကြည့်ရင် မျက်စိ တစ်ဖက်ဟာ ပိုမိုကြီးမားစူထွက် (Ox Eye) နေတာမြင်ရပါတယ်။ မျက်စိ တွင်း ဖိအားများတာ ကြာမြင့် လေလေ မျက်နက်ဝန်းက ပိုစူထွက် လေလေ တောက်ပမှုလည်း လျော့ လေလေဖြစ်လာကာ ထိခိုက်ပျက်စီး မှုတွေ ဖြစ်ပေါ်လာပါတော့တယ်။

အဲဒီလို မျက်နက်ဝန်းနဲ့ မျက်သား ဖြူ ရောင်ရမ်းလာတဲ့အတွက် မျက် ရည်တွေ ကျဆင်းတာ၊ အလင်းရောင် မကြည့်နိုင်တာတွေ ဖြစ်လာတာပါ။ နှာစေးချောင်းဆိုး အကြာကြီး ဖြစ်နေတဲ့ ကလေးတွေမှာ တစ်ကိုယ် ရေသန့်ရှင်းမှုကလည်း မကောင်းရင် နှာခေါင်းနဲ့ မျက်စိအကြား ဆက် သွယ်ထားတဲ့ လမ်းကြောင်း (Nasolacrimal Duct) ပိတ်ဆို့သွားရင် လည်း ကလေးတွေ မှာ ရေတိမ်ဖြစ် လာနိုင်ခြေရှိတာမို့ မပေါ့ဆသင့်ပါဘူး။

ရေတိမ်က တစ်ဖက်တည်း မဟုတ် ဘဲ နှစ်ဖက်လုံးဖြစ်နေတဲ့ ကလေးတွေ မှာလည်း တစ်ဖက်နဲ့တစ်ဖက် နှိုင်းယှဉ် ကြည့်လို့ မလွယ်အောင် ၂ဖက်လုံး မျက်နက်အိမ်ကြီးမားနေတာ ဆိုတော့ မိဘတွေအနေနဲ့ သတိထားမိတာ နောက်ကျတတ်ပါတယ်။ တချို့မိဘ တွေကျပြန် တော့ မျက်နက် တစ်ဖက် တည်းကြီးနေတဲ့ ကလေးကို ရောဂါ အဖြစ် မသိတဲ့အတွက်၊ မယူဆမိ တဲ့အတွက် အစောကြီးကတည်းက ပြသကုသရမယ့်အစား အမြင်အာရုံ အတော် လေး ထိခိုက်ပြီးမှ၊ အတော် လေးနောက်ကျမှ လာပြကြတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့ အင်မ တန် နုနယ်တဲ့ကလေးရဲ့ မျက်လုံး လေးတွေမှာအမြင်အာရုံ တစ်သက်လုံး မဆုံးရှုံး ရအောင် ထူးခြားမှု တစ်ခုခု တွေ့တာနဲ့ တစ်ပြိုင်နက် ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

တချို့ မိဘတွေက ကလေး မျက်စိနာရင် ကြားဖူးနားဝနဲ့ ကွမ်း ရွက်မျက်စဉ်းနဲ့ ဆေးလိပ်ဖင်စီခံ အရည်တွေ မျက်စိထဲ ထည့်ခြင်း၊ ဘာဆေးမှန်းမသိဘဲ ဆေးဆိုင်က အလွယ်ရတဲ့ မျက်စဉ်းဝယ် ခတ်ခြင်း၊ နို့ရည်ခတ်ခြင်း စတာတွေ ပြုလုပ် ကြပါတယ်။ မျက်စိဆိုတာ အင်မတန် ထိခိုက်လွယ်တာမို့ မသန့်တဲ့ပစ္စည်း တွေပါသွားရင် သို့မဟုတ် အနာနဲ့ ဆေး တည့်အောင်ပေးတာ မဟုတ်ဘဲ မဆီလျော်တာတွေ ဆေးအဖြစ် မျက်စိထဲ ခတ်မိရင် မူလရောဂါ မပျောက်တဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေပါ ခံစားရစေတာမို့ ရမ်းမသုံး သင့်ပါဘူး။ ကလေးရေတိမ်ရောဂါ အကြောင်း ဆက်ပြောရရင် မျက်စိအတွင်းကြည့် မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် မျက်စိ အာရုံကြောဟာ ရေတိမ်ဖိအားကြောင့် ခွက်ဝင်နေတာ မြင်နိုင်ပါတယ်။ တစ်ခုကောင်းတာက ငယ်တုန်းဆို တော့ မြင့်တက်နေတဲ့ ဖိအားကို မြန်မြန်လျော့ကျအောင် ကုသပေးနိုင် ရင် ထိခိုက်ပျက်စီးမှု သက်သာစေ နိုင်ပါတယ်။

ကလေးအရွယ် ရေတိမ်ဖြစ်စေတဲ့ အကြောင်းများ

မျက်စိရဲ့ ရှေ့ပိုင်း အင်္ဂါအစိတ် အပိုင်းများ မွေးရာပါ ချွတ်ယွင်းချက် ပါရှိခြင်း၊ မျက်စိ ၂ ဖက်လုံးရှိ မျက်နက်ဝန်း (Iris) ၊ မှန်ဘီလူး (Lens) ၊ ကော်နီယာ (Cornea) စတာတွေမှာ မွေးရာပါ ချွတ်ယွင်းမှု ရှိခြင်း၊ မွေးရာပါ တိမ်စွဲရောဂါ (Cataract)ပါခြင်း၊ မှန်ဘီလူးအနေ အထား မှားယွင်းခြင်း (Ectopia Lens) စတာတွေကြောင့်လည်း ငယ် ငယ်ရွယ်ရွယ်လေးနဲ့ ရေတိမ်ရောဂါ စွဲကပ်လာရပါတယ်။ ဒါအပြင် လမစေ့ ဘဲ မွေးတဲ့ကလေးတွေမှာ မျက်စိ အာရုံကြောမဖွံ့ဖြိုးတဲ့ Retinopathy ရောဂါကြောင့်လည်း ရေတိမ်ဖြစ်လွယ် လာပါတယ်။

မျက်စိထိခိုက်မိခြင်း၊ မျက်လုံး အတွင်း သွေးယိုစီးခြင်း၊ မျက်စိ ရောင်ရမ်းခြင်း၊ မျက်စိအတွင်း ကျူမာအကျိတ်ရောဂါဖြစ်ခြင်း စတာ တွေရဲ့ နောက်ဆက်တွဲအဖြစ် ကလေး တွေမှာ ရေတိမ်ရောဂါ ခံစားလာနိုင် သေးတယ်။ တခြားရောဂါတွေကြောင့် ရေတိမ်ဖြစ်လာ နိုင်တာတွေကတော့ စတာ့ဝီဘားရောဂါစု (Sturge Weber Syndrome) ၊ မာဖင်ရောဂါစု (Marfan Syndrome) ၊ မွေးရာပါရူဗဲ လားရောဂါ (Congenital Rubella) နဲ့ နျူရိုဖိုင် ဘရိုမက်တိုးဆစ် (Neurofibromatosis) ရောဂါတွေကြောင့် လည်း ရေတိမ်ဖြစ် ပေါ်လာနိုင် ပါတယ်။ မွေးရာပါတိမ်စွဲရောဂါရှိတဲ့ ကလေး တွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ငယ်ရွယ်စဉ် တိမ်ခွဲ ထုတ်အပြီးမှာ ရေတိမ်ရောဂါ ဖြစ်လာနိုင်တာတွေ့ရတယ်။ အဲဒါ ကြောင့်မို့ တိမ်ရောဂါကို ငယ်ရွယ်စဉ် ကတည်းက ခွဲစိတ်ကုသဖူးရင် ရေတိမ် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ အစောကြီးက တည်းက စောင့်ကြည့်ပြီး Follow up မှန်မှန်ပြသင့်ပါတယ်။

ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း

ကလေးရေတိမ်ရောဂါမှာ ဖော်ပြ ပါလက္ခဏာတွေ တွေ့ရရင် ချက်ချင်း သွားရောက်ပြသပြီး မျက်စိတွင်း ဖိအားတိုင်းတာသင့်ပါတယ်။ အချိန် ဆွဲလေ အမြင်အာရုံထိခိုက်လေ မျက်စိ အမြင်အာရုံ ဆုံးရှုံးလေဖြစ်ပါ တယ်။ လူကြီးရေတိမ်ရာဂါက ရေတိမ် ဖိအားလျော့ချ တဲ့ဆေးတွေ၊ မျက်စဉ်း တွေပေးကာ အရင်ဆုံးကုသပြီး စောင့် ကြည့်နိုင်ပေမယ့် ကလေးရေတိမ် ရောဂါမှာတော့ ချက်ချင်းပြ ချက်ချင်း ခွဲစိတ်ကုသတာက မျက်စိမကွယ် အောင် အမြန်ဆုံး လုပ်ဆောင်ရမယ့် နည်းလမ်းဖြစ်ပါတယ်။

တချို့ကလေး တွေနဲ့ သိပ်ဆိုးတဲ့ ရေတိမ်ရောဂါ ရှင်ကလေးတွေကိုတော့မျက်လုံးတွင်း ဖိအားလျော့ကျဖို့ ခွဲစိတ်မှု အကြိမ် ကြိမ်ပြုလုပ်ရတတ်ပါတယ်။ ခွဲစိတ် အပြီးမှာလည်း ဖိအားလျော့ချတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်နဲ့အညီ မှီဝဲဖို့ အချိန်မှန် ပြန်လည် ပြသဖို့ လိုအပ်ပါတယ်။ မွေးရာပါ ချွတ်ယွင်း ချက်တွေပါခဲ့တဲ့ ကလေးတွေဆိုရင် လည်း ပုံမှန်နီးပါး ဖြစ်အောင် ခွဲစိတ် ကုသဖို့ အရေးကြီးပါတယ်။ ရေတိမ်ရောဂါ ကြာသွားရင် ခွဲစိတ်ကုသ အပြီး တောင်မှ အမြင် အာရုံကြည်လင်ပြတ်သားမှု နည်းခြင်း ကတော့ အနည်းနဲ့အများ ဖြစ်လာ နိုင်ပါသေးတယ်။

ဘာကြောင့်လဲဆို တော့ မြင့်မားနေတဲ့ ရေတိမ် ဖိအား ကြောင့် မျက်စိအာရုံကြောထိခိုက် ပျက်စီးခြင်း (Optic Nerve Damage) နဲ့ မျက်ကြည်လွှာမှာ အမာရွတ် ထင်ခြင်း (Corneal Scarring) တို့ ကြောင့် အမြင်အာရုံ နည်းပါးသွား ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကလေးတွေမှာ မျက်စိတစ်ဖက်တည်း ဖြစ်ဖြစ်၊ နှစ် ဖက်လုံးဖြစ်ဖြစ် မျက်ရည်တွေကျဆင်း နေရင်သော်လည်းကောင်း၊ နီရဲကာ အလင်းရောင်မကြည့်နိုင်ရင်သော်လည်း ကောင်း၊ မျက်စိ ခဏခဏ မှိတ်ပြီး ညှစ်ထုတ်နေသလို ဖြစ်နေရင်သော် လည်းကောင်း ကြုံရာကျဘန်းအလွယ် လမ်းလိုက်မနေဘဲ မျက်စိနဲ့နား၊ နှာခေါင်းဆေးရုံသို့ဖြစ်စေ၊ နီးစပ်ရာ ဆေးရုံဆေးခန်း သို့ဖြစ်စေ အချိန် မဆိုင်းဘဲ အမြန်ဆုံး ပြသကုသ သင့်ပါကြောင်း နှိုးဆော်လိုက်ပါတယ်။ ကလေးငယ်များ ရေတိမ်ရောဂါမှ ကင်းဝေးကာအမြင် အာရုံကြည်လင် နိုင်ကြပါစေ။

Health Digest by 20 Jul 2012

http://www.yoyarlaymarket.com/index.php/health/health/article/28300-2012-07-20-09-02-18
--------------------------------------------------------

Glaucoma for Children

En Español
What is glaucoma?

Glaucoma is a group of diseases characterized by damage to the optic nerve that often occurs when the eye pressure is too high. This causes optic nerve damage and can result in severe vision loss. Most often the pressure is too high because the eye is able to make the fluid it needs, but is unable to sufficiently drain the fluid out. Glaucoma is more common in

the elderly but can develop at any age. Infants and children with glaucoma typically have different signs and symptoms than adults.
What are the different types and causes of pediatric glaucoma?

One way to classify glaucoma is based on the age of onset. Congenital glaucoma is present at birth. Infantile glaucoma develops between the ages of 1-24 months. Glaucoma with onset after age 3 years is juvenile glaucoma. Another way to classify glaucoma is to describe the structural abnormality or systemic condition which has caused the glaucoma.

Most cases of pediatric glaucoma have no specific identifiable cause and are considered primary glaucoma. When glaucoma is caused by, or associated with a specific condition or disease, it is called secondary glaucoma. Examples of conditions which can be associated with childhood glaucoma include Axenfeld-Reiger Syndome, aniridia, Sturge-Weber Syndrome, neurofibromatosis, chronic steroid use, trauma, or previous eye surgery such as childhood cataract removal. Not all patients with these conditions will develop glaucoma, but their incidence of glaucoma is much higher than average and they should be monitored regularly.
How common is pediatric glaucoma?

Childhood glaucoma is relatively rare. Primary congenital/ primary infantile glaucoma occurs in the general population at a rate of approximately 1 in 10,000 births. However, if a child has cataract surgery or one of the other conditions listed above, the incidence of glaucoma will be much higher. For example, 50% of patients with aniridia will develop glaucoma during their lifetime.
Is pediatric glaucoma hereditary?

Some types of pediatric glaucoma are hereditary. About 10% of primary congenital/infantile glaucoma cases are inherited. Recent research has identified specific gene mutations linked to this disease; genetic testing and counseling for affected families is available. In the future, there may be genetic therapies available.

Other secondary glaucoma conditions such as neurofibromatosis and aniridia are dominantly inherited and are passed on to children about 50% of the time.
What are the symptoms of congenital/infantile glaucoma?

The most common symptoms of congenital/infantile glaucoma are excessive tearing, light sensitivity and a large, cloudy cornea ( the normally clear front surface of the eye) which can cause the iris (colored part of the eye) to appear dull. Excessive tearing accompanied by mattering/discharge in a child is usually not caused by glaucoma but instead is the result of congenital nasolacrimal duct obstruction (blocked tear duct).

What are the symptoms of juvenile glaucoma?

Juvenile glaucoma tends to develop without any obvious symptoms, similar to adult glaucoma. Patients with juvenile glaucoma often have a family history. On exam the eye pressure will be elevated and there may be signs of optic nerve cupping (enlargement of the center “cup” portion of the optic nerve).
How is pediatric glaucoma evaluated and diagnosed?

If a baby is suspected of having glaucoma, an examination under anesthesia is typically performed [See figure 1]. While under anesthesia the ophthalmologist evaluates the intraocular pressure (for elevation), cornea diameter (for increased size), cornea clarity (for cloudiness and Haab striae which are breaks in the back surface of the cornea), axial length (for elongation of the eye- caused by stretching from increased pressure), refractive error (for myopia- also caused by stretching), and the optic nerve (for abnormal cupping which infers optic nerve damage). Some parts of this examination can be performed in the office on older, cooperative children. Such children may also be able to participate in a diagnostic visual field exam to evaluate peripheral vision. This will show (when the test results are reliable) if there has been any significant optic nerve damage Additional imaging tests on these children (such as OCT or others) may also sometimes be useful in the evaluation and monitoring for suspected glaucoma.
How is pediatric glaucoma treated?

Pediatric glaucoma is treated by lowering the intraocular pressure (IOP) via medical and/or surgical means. Most cases of primary pediatric glaucoma are treated with surgery. Trabeculotomy and goniotomy, which open the drainage canals, are the most common surgical interventions. Other procedures create a bypass route for the aqueous (fluid made by the eye) to drain out of the eye.

A trabeculectomy creates a guarded opening from the front of the eye to a space underneath the conjunctiva- which is the clear membrane that covers the sclera (the white part of the eye). A tube shunt is a device which is inserted into the front of the eye or into the vitreous cavity (back part of the eye). Fluid from the eye then drains to a reservoir that is located underneath the conjunctiva. Laser procedures can also be beneficial in some cases.

Control of the glaucoma often requires multiple procedures and examinations under anesthesia. Eye drops and oral medications are the primary treatments for secondary and juvenile glaucoma and are often used as adjuvant therapy after surgery in primary pediatric glaucoma. One or more medications may be necessary to control the intraocular pressure (IOP), even after surgery.

The treatment of pediatric glaucoma is not simply a matter of lowering IOP. Many children with pediatric glaucoma develop myopia (nearsightedness) and require glasses. Also, amblyopia (decreased vision) and strabismus (crossing or wandering eye) occur more frequently and may require treatment with patching or surgery. Despite timely and aggressive treatment, pediatric glaucoma can still cause significant and permanent vision loss. Early diagnosis and treatment aid in a successful outcome.

Associated information site: Pediatric Glaucoma and Cataract Family Association (PGCFA)

References: http://www.aapos.org/terms/conditions/55

======================

MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊ရန်ကုန်။
  ဆေးခန်းဖွင့်ချိန်
မနက် ၉း၃၀ မှ ၁၂း၀၀
ညနေ ၅း၀၀ မှ ၉ နာရီ
Mobile : 09-4310-4163 & 09-3023-7389
(ကျန်းမာရေးအသိပညာ အလှူဒါန ဖြစ်ပါသည်။ မည်သူမဆို share လုပ်နိုင်ပါသည်။)
 https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.149057

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...