စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







အလုပ္မွာ သံုးဖို႔ Facebook ကို ေၾကညာ





Facebook ဟာ အလုပ္မွာ အသံုးျပဳလို႔ရမယ့္ Facebook@Work ဆုိတဲ့ Product အသစ္ကို ေၾကညာလိုက္ပါျပီ။ ျပီးခဲ့တဲ့ အပတ္ကတည္းက ျဖစ္ျပီး အေသးစိတ္ကိုေတာ့ ေနာက္မွ ေၾကညာေပးမွာ ျဖစ္ပါတယ္။

Facebook at Work ဆုိတာ လုပ္ငန္းသံုးဖို႔အတြက္ ဖန္တီးရမယ့္ Facebook ျဖစ္ပါတယ္။ အၾကမ္းဖ်ဥ္း Feature အေနနဲ႔

၁) အသံုးျပဳသူေတြဟာ မိမိလက္ရွိ အသံုးျပဳေနတဲ့ Personal account အျပင္ လုပ္ငန္းသံုး အေကာင့္တစ္ခုကို ထပ္လုပ္ရပါမယ္။ ယင္းအေကာင့္ကို ကုမၸဏီက ဖြင့္ေပးရမွာ ျဖစ္္ပါတယ္။

၂) ဒါေၾကာင့္မို႔ ကုမၸဏီဟာ အေကာင့္ဖြင့္ရန္ လိုအပ္ျပီး Facebook သုိ႔ ေလွ်ာက္ထားမွု ျပဳလုပ္ရပါတယ္။ ေလာေလာဆယ္ေတာ့ Free အေနနဲ႔ ပုိ႔ခြင့္ေပးထားျပီး ေနာက္ဆုိရင္ ဒီအတြက္ ေငြယူမယူကေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး။ ဒီသတင္းကိုလည္း ေစာင့္ၾကည့္ေနၾကပါတယ္။

၃) လုပ္ငန္းသံုး ျဖစ္တာေၾကာင့္ မိမိရဲ႕ ဝန္ထမ္းမ်ား အခ်င္းခ်င္းမွာ ပံုပုိ႔ျခင္း၊ စာပုိ႔ျခင္း၊ အြန္ုလိုင္းမွာ စည္းေဝးေျပာဆုိျခင္း တု႔ိ အျပင္ Group ေတြဖြဲ႔ျပီးေတာ့ Sharing လုပ္လို႔လည္း ရပါတယ္။

၄) ဖုန္းနဲ႔လည္း အသံုးျပဳႏိုင္သလို၊ ကြန္ျပဴတာ၊ tablet တုိ႔နဲ႔လည္း အသံုးျပဳႏုိင္မွာပါ။

အေျခခံအားျဖင့္ ယင္းအခ်က္တုိ႔ ပါဝင္ျပီး သူတို႔ ဘယ္လို monetize လုပ္မယ္ ေငြရွာမယ္ ဆုိတာကေတာ့ မေျပာတတ္ေသးပါဘူး။ ဥပမာအားျဖင့္ Business Facebook ျဖစ္တဲ့အတြက္ Business သမားေတြအတြက္ သီးသန္႔ ေၾကာ္ျငာ Feed မ်ိဳးေတြ တင္ေပးမွာလား။ အသံုးျပဳတဲ့ ကုမၸဏီေတြကိုလည္း ေငြေကာက္သြားမွာလားဆုိတာ စဥ္းစားစရာပါပဲ။

လက္ရွိ သူ႔ရဲ႕ ျပိဳင္ဘက္အေနနဲ႔ Slack အျပင္ အျခား သံုးေလးခုေလာက္ ရွိေနပါတယ္။ Slack.com ဟာဆုိရင္ လုပ္္ငန္းသံုး ကြန္ရက္တစ္ခုလို႔ ေျပာလဲ မမွားပါဘူး။ သူက Facebook လို Feed မတက္ေပမယ့္ group ဖြဲ႔ျပီးေျပာဆုိျခင္း လုပ္ငန္းလုပ္ျခင္းတို႔ ရပါတယ္။ Slack ရဲ႕ တည္ေထာင္သူအေနနဲ႔ ယခုရက္ပိုင္း မွာလည္း တစ္ခုေၾကညာခဲ့ပါတယ္။ သူ႔အေနနဲ႔ Slack ကို အင္တာနက္မလိုပဲ Offline အေနနဲ႔ အသံုးျပဳလို႔ရေအာင္ပါ ဖန္တီးမွာ ျဖစ္ေၾကာင္း ဆုိပါတယ္။

ဒီေတာ့ အနာဂတ္မွာ Facebook ဟာ ျပိဳင္ဆုိင္လို႔ရတဲ့ Online app/ website မ်ားနဲ႔ ယွဥ္ျပိဳင္ျပီးေတာ့ Product သစ္မ်ား ပိုမို ထုတ္လာႏုိင္ေခ်ပဲ ရွိပါေတာ့တယ္။

Facebook at Work အတြက္ စာရင္းသြင္းခ်င္တယ္ဆုိရင္ https://www.facebook.com/help/contact/827299783957064 မွာ ေလ့လာပါ။

  ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#tech_yyl
www.yoyarlay.com

(Unicode version)

အလုပ်မှာ သုံးဖို့ Facebook ကို ကြေညာ

Facebook ဟာ အလုပ်မှာ အသုံးပြုလို့ရမယ့် Facebook@Work ဆိုတဲ့ Product အသစ်ကို ကြေညာလိုက်ပါပြီ။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဖြစ်ပြီး အသေးစိတ်ကိုတော့ နောက်မှ ကြေညာပေးမှာ ဖြစ်ပါတယ်။

Facebook at Work ဆိုတာ လုပ်ငန်းသုံးဖို့အတွက် ဖန်တီးရမယ့် Facebook ဖြစ်ပါတယ်။ အကြမ်းဖျဉ်း Feature အနေနဲ့

၁) အသုံးပြုသူတွေဟာ မိမိလက်ရှိ အသုံးပြုနေတဲ့ Personal account အပြင် လုပ်ငန်းသုံး အကောင့်တစ်ခုကို ထပ်လုပ်ရပါမယ်။ ယင်းအကောင့်ကို ကုမ္ပဏီက ဖွင့်ပေးရမှာ ဖြစ်ပါတယ်။

၂) ဒါကြောင့်မို့ ကုမ္ပဏီဟာ အကောင့်ဖွင့်ရန် လိုအပ်ပြီး Facebook သို့ လျှောက်ထားမှု ပြုလုပ်ရပါတယ်။ လောလောဆယ်တော့ Free အနေနဲ့ ပို့ခွင့်ပေးထားပြီး နောက်ဆိုရင် ဒီအတွက် ငွေယူမယူကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီသတင်းကိုလည်း စောင့်ကြည့်နေကြပါတယ်။

၃) လုပ်ငန်းသုံး ဖြစ်တာကြောင့် မိမိရဲ့ ဝန်ထမ်းများ အချင်းချင်းမှာ ပုံပို့ခြင်း၊ စာပို့ခြင်း၊ အွန်ုလိုင်းမှာ စည်းဝေးပြောဆိုခြင်း တို့ အပြင် Group တွေဖွဲ့ပြီးတော့ Sharing လုပ်လို့လည်း ရပါတယ်။

၄) ဖုန်းနဲ့လည်း အသုံးပြုနိုင်သလို၊ ကွန်ပြူတာ၊ tablet တို့နဲ့လည်း အသုံးပြုနိုင်မှာပါ။

အခြေခံအားဖြင့် ယင်းအချက်တို့ ပါဝင်ပြီး သူတို့ ဘယ်လို monetize လုပ်မယ် ငွေရှာမယ် ဆိုတာကတော့ မပြောတတ်သေးပါဘူး။ ဥပမာအားဖြင့် Business Facebook ဖြစ်တဲ့အတွက် Business သမားတွေအတွက် သီးသန့် ကြော်ငြာ Feed မျိုးတွေ တင်ပေးမှာလား။ အသုံးပြုတဲ့ ကုမ္ပဏီတွေကိုလည်း ငွေကောက်သွားမှာလားဆိုတာ စဉ်းစားစရာပါပဲ။

လက်ရှိ သူ့ရဲ့ ပြိုင်ဘက်အနေနဲ့ Slack အပြင် အခြား သုံးလေးခုလောက် ရှိနေပါတယ်။ Slack.com ဟာဆိုရင် လုပ်ငန်းသုံး ကွန်ရက်တစ်ခုလို့ ပြောလဲ မမှားပါဘူး။ သူက Facebook လို Feed မတက်ပေမယ့် group ဖွဲ့ပြီးပြောဆိုခြင်း လုပ်ငန်းလုပ်ခြင်းတို့ ရပါတယ်။ Slack ရဲ့ တည်ထောင်သူအနေနဲ့ ယခုရက်ပိုင်း မှာလည်း တစ်ခုကြေညာခဲ့ပါတယ်။ သူ့အနေနဲ့ Slack ကို အင်တာနက်မလိုပဲ Offline အနေနဲ့ အသုံးပြုလို့ရအောင်ပါ ဖန်တီးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ဒီတော့ အနာဂတ်မှာ Facebook ဟာ ပြိုင်ဆိုင်လို့ရတဲ့ Online app/ website များနဲ့ ယှဉ်ပြိုင်ပြီးတော့ Product သစ်များ ပိုမို ထုတ်လာနိုင်ချေပဲ ရှိပါတော့တယ်။

Facebook at Work အတွက် စာရင်းသွင်းချင်တယ်ဆိုရင် https://www.facebook.com/help/contact/827299783957064 မှာ လေ့လာပါ။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...