စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖအေတူ သမီးမို့ မစိုးရိမ်ပါ



 

ဒကာမကြီးက လျှောက်ပါတယ်။ တပည့်တော်မက ဟင်း သုံးလေးမျိုးစားရတာကို မနှစ်သက်ဘူးဘုရားတဲ့။
ဒါဟာ ငယ်ငယ်က မေမေ သင်ပေးထားတဲ့အကျင့်ကြောင့် ဖြစ်မယ်ထင်တယ်ဘုရား။ မေမေက ရှိတဲ့ဟင်းနဲ့သာ စားတတ်, သောက်တတ်အောင် တပည့်တော်မတို့ကို သင်ပေးခဲ့ခြင်းဟာ ဘုရားတပည့်တော်မအတွက်တော့ ရောင့်ရဲတင်းတိမ်နိုင်ခြင်းရဲ့ လမ်းစကို ရရှိခဲ့သလိုပါပဲဘုရားလို့ လျှောက်ကြားသွားပါတယ်။

ဦးဇင်းလည်း သိပ်ပြီး စိတ်ဝင်စားသွားပါတယ်။ အတွေးများကလည်း ဆက်တိုက် ဆိုသလို တန်းစီပြီး ဝင်ရောက်လာပါတယ်။ ဒကာမကြီးက ဘယ်လိုဟင်းမျိုး ကြိုက်တတ်တာပါလိမ့်ပေါ့။ သူမ ကြိုက်တတ်မည့် ဟင်းသည် အကောင်းဆုံး ဖြစ်မည် ထင်၏ဟု တွေးမိပါတယ်။ ဒါပေမဲ့ စဉ်းစားလို့ မရ,အတူတူ မေးလိုက်တာဘဲ ကောင်းပါတယ်ဆိုပြီး မေးမိပါတယ်။


တပည့်တော်မက အာလူးဟင်း ကြိုက်တယ်ဘုရား။ အာလူးဟင်းပျော့ပျော့လေးဆို နယ်ဖတ်စားလိုက်ရင် စိတ်ထဲမှာ ကျေနပ်သွားတာပဲတဲ့။ တစ်ခါတစ်လေ ထမင်းတောင် မလိုပါဘူးတဲ့။ အဲဒါလေးက တပည့်တော်မရဲ့ စိတ်ကို တကယ်ကျေနပ်စေတဲ့ အကြိုက်ဆုံးဟင်း ဖြစ်ပါတယ်ဘုရားလို့ လျှောက်ပြသွားပါတယ်။


ဒီလို လူသားတစ်ယောက်သာ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင် မြန်မာပြည်သူ-ပြည်သားတို့နဲ့ အတူတကွ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် စားသောက်နေထိုင်နိုင်မည့်သူ၊ ရင်ဆိုင်ဖြေရှင်းပေးမည့်သူလို့ ဦးဇင်းယုံကြည်မိတယ်။ ဟုတ်တယ်လေ။
ဒကာမကြီးရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့ရဲ့ ဇနီးကို
စာရေးပြောခဲ့ဖူးတယ်။ 


ကြည် ------
" ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ် " လို့ စာရေးခဲ့ဖူးတာ အားလုံး အသိပဲ။
ဒါကြောင့် ဖအေတူ သမီးမို့ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရင်တောင်မှ -------------------------------------------။
  နိုင်ငံအတွက် စိုးရိမ်ခြင်းမှ ကင်းဝေးကြပါစေ---
အရှင်သုနန္ဒ(မြစ်သား)
 https://www.facebook.com/kokyaw.thu.3/posts/640768499379563

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...