စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" မြတ်ဗုဒ္ဓ၏ တရား ဓမ္မ ဟောကြား နာယူနည်း"




===============================

မြတ်ဗုဒ္ဓ သည် ငြိမ်းချမ်းမှု အစစ် အမှန်ရရှိနိုင်မည် တရားဓမ္မ တို့ ကို သတ္တ၀ါအများအား ဟောကြား သင်ပြနေ စဉ်ခါမှာပင် - ဘုရားရှင် ကိုယ်တိုင်က - တရားဟောဆဲခဏ တရားနာသူ တို့ မှ "သာဓု" ခေါ်ဆို နေစဉ် အခိုက်အတန့် တစ်ခဏလေးတွင်မှာပင် "ဖလသမာပါတ်" ကို ညွှတ်၍ ကိုယ်တိုင် စိတ်၏ငြိမ်းချမ်း မှု အစစ် အမှန် တွင်မွေ့ လျော်စေ၏။

တရားနာယူသူ ပုဂ္ဂိုလ် အပေါင်းတို့ သည် လည်း- အချို့ က "မတုန်မလှုပ်" ယုံကြည်-တည်ကြည်သော "စိတ်ဖြင့် ၄င်း" ၊ အချို့ က ခို်င့်ခန့် ဖြူစင်သော" ဈာန် သမာဓိ" ဖြင့် ၄င်း နာယူကြရာ - အမှတ်စိတ် တို့ တွင် လ့က္ခာ ထင်မြင်ကာ တစ်ထိုင် တစ်ခဏတွင် "လွတ်မြောက်ခြင်း သို့ မျက်မှောက်ပြု" ကာ အေးချမ်းမှုအစစ်အမှန်ကို ရကြကုန်၏။

ယနေ့ အခါ ဘုရားရှင် မရှိတော့သည့်နောက်-
ဘုရားရှင် ၏သားတော် တို့ ဖြစ်ကြကုန်သော "ဘိက္ခူ၊ သံဃာ" တော်တို့ သည်- ဗုဒ္ဓသင်ပြ ခဲ့သည့်တရားတော်များ ကို "ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီး" လျင် လူဒကာ ဒကာမများအားပြန်လည်သင်ပြရာတွင် လည်း -
ထို နည်းတူ ငြိမ်းချမ်းမှု အစစ်အမှန် "သမာပါတ်ဝင်စားပြီး" သမာပါတ်မှ "အထ" တွင် ဟောကြားခြင်းဖြင့် ၄င်း...
ဟောကြားနေစဉ် ခဏတာ "အခိုက်အတန့် လေးများ" တွင် လည်း သမာပါတ် မ၀င်စားနိုင်သော်ငြားခဲ့ သည်ရှိသော် - "ပီတိ၊ ပဿတိ၊ သမာဓိ၊ ဈန် အင်္ဂါ" တို့ ဖြင့် ၄င်း၊ သို့ မဟုတ်ပါက လည်း - မှတ်စိတ် နှင့် အာရုံပေါ်ဝယ် သတိတင်၍ ၄င်း စိတ်၏ငြိမ်းချမ်း မှု အစစ် အမှန် တွင်မွေ့ စေ၏။

ထို အခါ ဟောကြားသင်ပြ သည့် တရားဓမ္မ တို့ ၏ "အနှစ်သာရ" သည်-
လေးနက် ကြည်လင်စွာ အေးမြစွာ ဖြင့် တိကျ မှန်ကန်သော အဟုန်ဖြင့်-
ရိုသေ လေးစားစွာ "မပျံ့ မလွင့် တည်ကြည်သော" စိတ်အစဉ် ဖြင့် အာယုံစိုက် တရားနာသူ သင်ယူသူ ဒကာဒကာမ ယောဂီတို့ ၏ "စိတ်နှလုံး အတွင်း" သို့  -
ထင်ရှားစွာ ချင်းနင်းထိုးဖေါက်ကာ- ၀မ်းမြောက်ဝမ်းသာ ပီတီ အဟုန်တို့ ဖြစ်စေကုန်ရာ၏။

ထိုအခါ - တရားနာယူ သင်ယူသူ တပည့်၊ ဒကာ တို့ မှ ထို "ပီတိ" အဟုန်တွင် လက္ခာ တင်၍ မိမိတို့ ၏ ဥာဏ်စွမ်းသမျှရောက်နိုင်သမျှ သော "မှတ်စိတ် အစဉ်" တို့ ဖြစ်စေ၍ အဆင့်ဆင့် သော သာ၍ ပို၍ မြင့်မြတ်သော ဥာဏ်အထူး တို့ ကို မျက်မှောက်ပြု ကုန်ရာ၏။ (သို့ တည်းမဟုတ်) နောက်နောင် ကမ္မဋ္ဌါန်း အားထုတ်နေစဉ် တွင် အားကြီးသော ထိုးထွင်းဥာဏ် ဖြစ်ရန် ရောက်ရန် အကျိုးပြုစေကုန်ရာ၏။

(အဂ္ဂမဟာ ကမ္မဋ္ဌါန စရိယ ဆရာတော် ဦးသုစိတ္တ)
(သာဓု၊ သာဓု၊ သာဓု ပါဘုရား)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...