စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"တစ်ဘ၀ စာ"

              

"သေခါနီး ဘ၀ကူးကောင်းရန်" ဆိုသော စကားစု သည့် မိမိတို့ လူနေမှုအသိုင်းအ၀ိုင်း တွင် အများစုက အားကိုးရာအလုပ်တစ်ခု အဖြစ် လက္ခံထားပြီး မိရိုးဖလာ အလေ့အထ တစ်ခုအဖြစ် ပြုနေခဲ့ကြသည်မှာ နှစ်ပေါင်းမနည်းတော့ပါ။

(၁) မွေးဖွားစ မှ လူရယ်လို့  ဖြစ်လာကတည်းက လူ့ အသိုင်းအ၀ိုင်းထဲမှ တဏှာ၊ အတ္တ ၊ မာန၊ နဲ့  ပျော်မွေ့ နေကြတာပါ။
ဘ၀ မှာ ကလျာဏမိတ္တ လို့ ခေါ်တဲ့ - တရားပြဆရာ၊ မိတ်ဆွေကောင်းတွေ နဲ့ 
မကြုံ ခဲ့ရလျင်သေည်၎င်း၊
ကြုံကြိုက် ပါသော်ငြားလည်း မိမိက ဥာဏ်အားမပြည့်မီ ပဲ ပါယ်ခွာသွားခဲ့ လျင်သော် ၄င်း။
အသက်အရွယ်ကြီးရင့် လာကြသော် အခါ ထို့ ဘ၀အဆက်ဆက် ထုံမွန်းနေခဲ့သည့် အတ္တ ကိလေသာထု သည်လည်း အလွန်ကြီးမားထူထပ်လာကြပေမည်

(၂) ရွယ်ကျလာလို့  ရောဂါ ဘယ၊ အို နာကြသည့် အခါ- အားကိုးရာ မဲ့ ဖြစ်ကုန်ကြကာ-
ဆွဲမိရာဆွဲ - တစ်ဘ၀ စာ - ဘ၀ကူးလေးကောင်းဖို့  ဟု ရည်ရွယ်ကာ အချိန်လင့်သော်မှ စွဲမိရာစွဲ ကြားဖူးနားဝ၊ အမြန်နည်းဖြင့် နောက် ဘ၀ (ဘ၀ တဏှာ) ၊ နောင်ဘ၀ ကူးကောင်းဖို့  (ဒီဘ၀ မှ ငါ သည် နောက် ဘ၀ တွင် ဆက် ဖြစ်သည်) ဟုဆိုသော အယူမှား အမှတ်မှား၊ အသိမှား၊ အားကိုးမှား ဖြင့် ထင်ရာမြင်ရာ ဆွဲကြပေတော့သည်။

(၃) အရွယ်ကောင်းစဉ် - ကျန်းမာနေစဉ် ဘ၀၏တန်ဖိုးရှိသော အချိန်များ ကို အတ္တ ၊ မာန၊ တဏှာ ဖြင့် ကုန်ဆုံးစေခဲ့ပြီးမှ သေခါနီး နိမိတ်ကောင်းရင် ဘ၀ကုးကောင်းတယ် ဆို သည်ကို အားကိုးရာ အဖြစ် လှမ်းကိုင်ဆွဲ ကာ နည်းမျိုးစုံဖြင့် ကုစားကြပေတော့သည်။

(၄) ဘ၀ ကိုတောင့်တသည့် (ဘ၀တဏှာ)၊ ဒီဘ၀ မှ ငါသည် နောက်ဘ၀ ကူးသည် ဆိုသော (အယူမှား အမှတ်မှား မသိမှား) ဒိဋ္ဌိ၊ ငါ ကိုယ် - ငါ့စိတ် ငါ စသည် (အတ္တ-မာန) တို့ ဖြင့် ကြီးစိုးခြံရံထားသော စိတ် အစဉ်တွင် - အဘယ်သို့ သော လားရာ ဂတိ ဖြစ်မည်ဟုထင်ပါသနည်း။

ထို အကြောင်းကြောင့် ဘုရားရှင်မှ လူတစ်သိန်း သေလို့  တစ်ယောက် လားရာကောင်းဖို့ မလွယ်ဖူး ဟု ဟောကြားခဲ့ သည် မှာ အကြောင်းမဲ့ မဟုတ်ပါ။

(၅) အကယ်၍ အလွန့် အလွန် ကံအကျိုးပေး၍ (အာသန္န = အနီး ကမ္မ= ကံ) သေခါနီး ကောင်းသည့် နိမိတ်ထင်၍ တစ်ဘ၀ စာ လားရာကောင်းသည် ဆိုပါသော် လည်း -
ယခု ဘ၀တွင် "တရားဓမ္မ နှင့် ထိတ်တိုက်" ထိတွေ့ ခွင့်ရနေသည် ကိုတောင် မှ ရှောင်လွှဲသွားခဲ့ပါလျင် -
နောက် တစ်ဘ၀ တစ်ခဏ အချိန်တွင် လည်း အဆက်ဆက် ပြုခဲ့ သည် "အတ္တ ၊ မာန၊ ဒိဋ္ဌိ" တို့ ၏ အကျိုးပေးမည်ဖြစ်သ ဖြင့် .. အမှန်ဓမ္မ ကို သိနိုင်မြင်နိုင်မည် ..ကျင့်နိုင်မည် ဟု ထင်ပါသလား။ ထို ကံအကျိုးပေးအချိန်လာလ ခဏတာလေးကုန် သည်နှင့် "အပါယ် ဘုံအိမ်" တွင် ပြန်လည်ကျက်စားနေရမည်သာတည့်

(၆) တကယ်တမ်း အို၊ နာ ရောဂါ တို့ ကိုရင်ဆိုင်လာကြရသည့် အခါ အကြင်ပု၈္ဂိုလ်တို့ ၏ စိတ် အစဉ် သည် - ကြောက်လန့် မှု၊ စိုရိမ်မှု၊ ပူပင်မှု၊ စသည့် (ဒေါသ) အားကြီးသည့် စိတ်အခြေအနေ - မှတဆင့် - ထို ခံစားနေရသော ဝေဒနာ- ရောဂါ (သို့ ) အိုနာ တို့ မှ လွတ်မြောက်ချင်- ပျောက်ကင်းချင်- သက်သာရာရချင်- သည့် (လောဘ) အားကြီးသောစိတ် အစဉ် တို့ စွဲကပ်ဖိစီးလျက်- ငါ - ငါ့ကိုယ်- ငါ့စိတ်- ငါ့ဝေဒနာ- ငါခံစားရသည်- ငါ လွတ်ချင်သည်- ငါမခံစားချင်၊ ငါမသေချင် - ငါ နောက်ဘ၀မှာဖြစ်မည် စသည့် "စိတ် နှင့် အာရုံ" အပေါ်တွင် အယူမှား အမှတ်မှား (မောဟ) အားကြီး စိတ်တို့ ဖြင့် လွှမ်းခြုံထားကြသည် ဖြစ်ပါ၍ - ထိုထို သောအခြေအနေတွင် အနှစ်နှစ် အလလ ဖြစ်ချင်ရာဖြစ် "နီဝရဏ" ဗရပွ ဖြင့် လွှတ်ထားသော "စိတ်" ကို ဘယ်လို များထိန်းကျောင်း တည့်မတ်၍ ကောင်းသည့်အာရုံပြုနိုင်ပါမည်နည်း။

(သေခါနီးမဆိုထားဘိ- အခြေခံသဘောတရား ဥပမာ အားဖြင့် - ယခု နေကောင်းနေချိန် မှာပင် မိမိစိတ် ကို ၅ မိနစ်လောက် အာရုံတစ်ခုထဲ တည်နေအောင်ထားကြည့်ကြပါ- ရမရ- တည်မတည်- ( လောကတွင် အလွန်လျင်မြန်ဆုံးဖြစ် ၍- ထိန်းရသိမ်းရအခက်ဆုံးဖြစ်သည့်) စိတ်က မိမိ ညွှတ်ရာနေရာတွင် နေမနေ မိမိ ကိုယ်ကို သိလာပါလိမ့်မည်) ။
ထိုကြောင့် သေခါနီး" ကစဥ့်ကလျာ ပြန့် ကျဲနေသော စိတ်" အခြေနေမျိုးတွင် အဘယ် လိုသော အကြောင်းတရား က သုဂတိလားရာ ကို ပို့ ပေးနိုင်ပါတော့မည်နည်း- အားကိုးရာ ဟုတ်ပါ၏လော။

သို့ ပါ၍ သေခါနီး မှ စိတ်ထဲ အရင် က ကောင်းတာလေးလုပ်ဖူးတာ စိတ်ကူး၍ သေမယ်ဆိုပြီးတာပဲ - တစ်ဘ၀စာတော့ သက်သာတာပေါ့ ဟူ သော ပြောဆို-လုပ်ကိုင်နေကြ သည့် ထုံးတမ်းအစဉ် အလာသည် - လူအများ ကို "အယူမှား၊ အမှတ်မှား၊ အာကိုးရာအမှား" အဖြစ် ပို.့ ဆောင်ပေးရာရောက်နေသလိုဖြစ်နေပေသည်။

ထို့ ကြောင့်
  သေခါနီး တစ်ဘ၀ စာ ဘ၀ကူး ကောင်းဖို့ ဟု ခေါ်ဆိုနေသော ဖြစ်နိုင်ခြေအခြေအမြစ် အလွန်နည်းပါးလှသည့် - မှားယွင်းနေသောအားကိုးရာရှာမှု - ဖုတ်ပူမီးတိုက် အားကိုးရာမဲ့ဖြင့် ဆွဲမိရာဆွဲ နေကြရင်း သံသရာ တစ်လျောက် မိမိကိုယ် တိုင်က တရားဓမ္မ ကိုရှောင်ခွာ ပါယ်၍ ထွက်ပြေးခဲ့ သည် ဘ၀တွေ က လွတ်မြောက်အောင်-
အားကိုးရာ အစစ်အမှန်ဖြစ်သော - ဘ၀၏တန်ဖိုးရှိသော အရွယ်ကောင်းတုံး၊ ကျန်းမာတုံး-ယခု အချိန်ဖြစ်ဆဲ သိဆဲ ရဆဲ ခဏ တွင် တရားအမှန်ကို ကျင့်ကြံ အားထုတ်နိုင်ကြဖို့  ဆရာကောင်း၊ ကလျာဏမိတ္တ ကို ရှာ၍ အေးချမ်းတည်ငြိမ်သော အမှတ်စိတ်ဖြင့် လောက၏ နောက်ဆုံးအချိန်များ ကို ဖြတ်ကျော်နိုင်ကြပါစေ။

( "တစ်ဘ၀စာ" အကြောင်း ဆွေးနွေးပေးခဲ့ သည် မဟာစည်ယောဂီ ဖိုးဇာနည် ကိုကျေးဇူးတင်ပါသည်)



https://www.facebook.com/photo.php?fbid=916151668396853&set=a.101744359837592.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...