စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးမရနိုင်သော အကြောင်းရင်းများ ( Causes of Infertility)

                      



အမျိုးသားကြောင့် ကလေးမရနိုင်ခြင်း ( ၃၅ - ၄၀%)

သုတ်ပိုးများ Quality မကောင်းခြင်း၊ အရေအတွက်နဲခြင်း

( ကိုယ်ဝန်ရရန် သုတ်ပိုး များသည် ၁၅ million /ml အနဲဆုံး ရှိသင့်ပြီး၊ ၆၀% အနဲဆုံး လှုပ်ရှားပြေးလွား နိုင်ရမည်။ ပုံစံ မှန်ရမည်။ )
အမျိုး သား Y Chromosome မကောင်းခြင်း၊ ကပ်ပယ်အိတ်အ တွင်းတွင် သွေးကြောထုံးခြင်း( varicocoele) ၊ ကျား ဟိုမုန်း နဲခြင်း ၊ အချို.သောဆေးများကို ရေရှည်သောက်နေရခြင်း ၊ အားကစားသမားကဲ့သို. အတွင်းခံဘောင်းဘီ ကျပ်ကျပ်ကို အမြဲ ၀တ်ဆင် ရခြင်းကြောင့် ဝှေးစေ့သည် ခန္ဓာကိုယ်နားပို ကပ်နေပြီးခန္ဓာကိုယ် ၏ အပူချိန်ကြောင့် သုတ်ပိုး ထုတ်ပေးနိုင်မှု စွမ်းအား ကျဆင်းခြင်း စသည် တို.ကြောင့် သုတ်ပိုး၏ quality ကျ ပြီး၊ အရေအတွက်နဲ ပါးနိုင်ပါသည်။

  ဝှေးစေ့မှ လိင်အင်္ဂါသို.သုတ်ပိုးများသွားရန် လမ်းကြောင်း မကောင်းခြင်း

ဝှေးစေ့ မှ လိင်အင်္ဂါသို. သုတ်ပိုးများ သွားရန် လမ်းကြောင်း သည် မွေးရာပါ ပိတ်ဆို.နေခြင်း၊ ရောဂါ တခုခုကြောင့် ပိတ်ဆို.သွာခြင်း၊ ကပ်ပယ်အိတ်အ တွင်းတွင် သွေးကြောထုံးခြင်း( varicocoele)၊ သားကြောဖြတ် ခြင်း၊ လိင်ကြောင့် ကူးစက်သောရောဂါ များကြောင့် လမ်းကြောင်း ပိတ်သွားခြင်း၊ လုံးဝ ပိတ်နေခြင်း မဟုတ် သော်လည်း သုတ်ပိုးများရွေ.လျား ရန်ခက်ခဲ ခြင်း၊ တိုကြောင့် ဝှေးစေ့မှ သုတ်ပိုး ထုတ်ပေးသော်လည်း၊ လမ်းကြောင်း မကောင်းခြင်းကြောင့် လိင်အင်္ဂါသို. သုတ်ပိုးများ မရောက်ရှိနိုင်ခြင်း တို.ကြောင့် လည်း သားသမီးရရန်ခက်ခဲ တတ်ပါသည်။

အမျိုး သမီးကြောင့် ကလေးမရနိုင်ခြင်း ( ၃၅ - ၄၀%)

သားဥအိမ်၊ မ မျိုးဥအိမ် ပုံမှန် အလုပ်မလုပ်ခြင်း

သားဥအိမ် တွင် အရေအိတ်များရှိနေခြင်း ၊ အလုံးအကျိတ်ရှိနေခြင်း၊ ပုံမှန် မ မျိုး ဥ ကြွေရန် ဟိုမုန်း လှုံ . ဆော် မှု မကောင်းခြင်း ၊ စသည် တို.ကြောင့် မ မျိုး ဥ မအောင် ခြင်း၊ မကြွေ ခြင်း။

သားဥအိမ် မှ သားအိမ် သို. လမ်းကြောင်း မကောင်းခြင်း

လိင်ကြောင့် ကူးစက်သောရောဂါ များကြောင့် လမ်းကြောင်း ပိတ်သွားခြင်း၊ ၊ သားကြောဖြတ် ခြင်း၊ မျိုး ပွား အင်္ဂါ တ၀ိုက်ခွဲ စိတ် ဖူးခြင်း ၊ သားအိမ် နံရံများ cells တွေ ပွါးပြီး ထူလာခြင်း။

သားအိမ်ခေါင်း နှင့် သားအိမ် ပုံမှန် အလုပ်မလုပ်ခြင်း

  မွေးရာပါ သားအိမ်ခေါင်း နှင့် သားအိမ် တည်ဆောက်ပုံ မမှန်ခြင်း၊ သားအိမ်တွင်း အသားလုံး ရှိခြင်း ၊ သားအိမ်ခေါင်း ကင်ဆာ ရှိခြင်း ။

အကြောင်းရင်း ရှာမရခြင်း သို.မဟုတ် အကြောင်းရင်း များရောနှောနေခြင်း။ (၂၀ - ၃၅%)

ေ ဒေါက်တာဆု ဆေးပညာ ဒါ န

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...