စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
အလားတူဖြစ်ရပ် -
အလုပ်ဟာ မိမိဘဝပါပဲ။
Ref - General knowledge
  ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
(Unicode version)
ကိုယ်ဘာလုပ်လုပ် ကိုယ်ပဲဖြစ်လာမည်
(၁) ဆေးလိပ် နေ့တိုင်း သောက်မယ်ဆိုရင် ဆေးလိပ်သောက် သမား ဖြစ်လာမည်။
(၂) အရက် နေ့တိုင်း သောက်မယ်ဆိုရင် အရက်သမား ဖြစ်လာမည်။
(၃) နေ့တိုင်း အစားအလွန် အကျွံစားမယ်ဆိုရင် အဝလွန်သူ ဖြစ်လာမည်။
(၄) မလိုအပ်တဲ့ နေရာမှာ ငွေအမြောက်အမြားကို အတိုင်းအထက်လွန် သုံးမယ်ဆိုရင် ဆင်းရဲလာမည်။
(၅) ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေမယ်ဆိုရင် ဖျားနာလာမည်။
အလားတူဖြစ်ရပ် -
(၁) လေ့ကျင့်ခန်း နေ့တိုင်းလုပ်မယ်ဆိုရင် ကျန်းမာရေး ကောင်းလာမည်။
(၂) စာ နေ့တိုင်းရေးမယ်ဆိုရင် စားရေးဆရာ တစ်ယောက်ဖြစ်လာမည်။
(၃) နေ့တိုင်း ပြေးမယ်ဆိုရင် အပြေးသမား တစ်ယောက် ဖြစ်လာမည်။
(၄) စီးပွားရေး အကြောင်း နေ့တိုင်းတွေးမယ်ဆိုရင် စီးပွားရေး သမားတစ်ယောက် ဖြစ်လာမည်။
(၅) စာကို နေ့တိုင်းဖတ်မယ်ဆိုရင် အသိပညာဗဟုသုတ ရှိသူ ဖြစ်လာမည်။
အရာရာတိုင်းဟာ သင်ပဲ ဖြစ်တယ်။ သင်ဟာ ကောင်းတာတွေကိုပဲ ရွေးလုပ်မယ်ဆိုရင် ကောင်းတဲ့ သူတစ်ယောက်
ဖြစ်လာလိမ့်မယ်။ မကောင်းတာတွေကိုပဲ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့ သူပဲ ဖြစ်လာမည်။ နေ့စဉ် မိမိလုပ်တဲ့
အလုပ်ဟာ မိမိဘဝပါပဲ။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...