စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဘိုးဖြစ်သူကိုမီးထဲမှကယ်တင်ခဲ့သောခြောက်နှစ်အရွယ်ကလေးငယ်

                   
တရုတ်နိုင်ငံဟေလုံကျန်ပြည်နယ်“ဟာရာပင်း”တွင်အသက်၆နှစ်အရွယ်ကလေးငယ်တစ်ဦးသည်အဘိုးဖြစ်သူကိုမီးလောင်နေတဲ့အိမ်ထဲမှကယ်တင်
ခဲ့ပါသည်။


အိမ်မီးလောင်နေတာကိုမြင်လိုက်တဲ့၆နှစ်အရွယ်ကလေးငယ်သည်အဘိုး
ဖြစ်သူကိုမီးတွေထဲကနေကယ်တင်ဖို့ကြိုးစားခဲ့ပါသည်။အဘိုးဖြစ်သူသည်
လမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူး။ကလေးငယ်အနေနဲ့အဘိုးဖြစ်
သူကိုအပြင်ရောက်လာနိုင်အောင်ကယ်တင်ဖို့အတွက်ငယ်လွန်နေတဲ့
အတွက်အဘိုးသည်မြေးဖြစ်သူကိုအပြင်ဘက်ကိုတွန်းထုတ်ခဲ့ပါ
သည်။ဒါပေမဲ့ကလေးငယ်၏ခန္ဓာကိုယ်သည်၂၅%လောက်မီးလောင်ခံ
လိုက်ရပါသည်။


အဘိုးဖြစ်သူကိုမီးထဲကကယ်တင်နိုင်ခဲ့ပေမဲ့အသက်ကိုတော့မကယ်တင်နိုင်
ခဲ့ပါဘူး။ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေကတော့ကလေးငယ်ရှေ့မှာမငိုကြပါဘူး။
ကလေးငယ်သည်ဒဏ်ရာတွေကိုကုသနေစဉ်မှာနာကျင်နေပေမဲ့မျက်ရည်
မကျမိဖို့အတွက်ကြိုးစားခဲ့ပါသည်။“အဘိုးကပြောထားတယ်၊ယောက်ကျားလေး
ဆိုတာမျက်ရည်မကျရဘူးတဲ့။မငိုရဘူးတဲ့။ကျွန်တော်နာလည်းမငိုဘူး။ဦးလေး
တို့လဲလူကြီးတွေဖြစ်နေပြီမငိုရဘူး။”


သူပြောတဲ့စကားတွေကြောင့်လူကြီးတွေသည်သူ့ရှေ့မှာအသံလေးတောင် မထွက်ခဲ့ကြပါဘူး။ကလေးငယ်သည်တစ်နှစ်သားအရွယ်မှာပင်မိဘတေ
သည်သူ့ကိုစွန့်ပစ်သွားခဲ့ပါတယ်။သူသည်အဘိုးဖြစ်သူနဲ့ပဲကြီးပြင်းလာခဲ့
ရတာပါ။ကလေးငယ်ပိုပြီးတော့စိတ်မကောင်းဖြစ်မှာကိုစိုးရိမ်တဲ့အတွက်
သူ့အဘိုးသေဆုံးသွားတဲ့အကြောင်းကိုတော့ကလေးငယ်ကိုမပြောပြကြပါဘူး။


“ဦးလေးတွေအဒေါ်တွေကကျွန်တော်ကိုပိုက်ဆံတွေပေးကြတယ်။ပိုက်ဆံ
၅သောင်းလောက်ကျွန်တော်မှာရှိတယ်။အဘိုးကိုတော့ပိုက်ဆံ၅သောင်း
နဲ့ကယ်တင်နိုင်မှာပါနော်။”ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးရဲ့အဘိုး
ပေါ်မှာထားတဲ့မျှော်လင့်ချက်လေးပါ။

သက်(ref:kwongwah)

https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.3435519

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...