
၂၀၁၄ ခုႏွစ္အတြင္း ကမၻာ့ လူသံုးအမ်ားဆံုး Password မ်ား စာရင္းကို SplashData လို႔အမည္ရတဲ့ လွ်ိဳ႕ဝွက္ကုဒ္လံုျခံဳေရး စီမံခန္႔ခြဲမွု ေဆာ့ဖ္ဝဲထုတ္ ကုမၸဏီမွ ထုတ္ျပန္ခဲ့ရာ လူသံုး အမ်ားဆံုး ၂၅ ခု စာရင္းကေတာ့ ပံုမွာ ျပထားတဲ့ အတိုင္းပဲ ျဖစ္ပါတယ္။
ယမန္ႏွစ္ေတြထဲကေန ယခုႏွစ္္အထိ ထိပ္ဆံုးမွာ ပါလာေနတာကေတာ့ 12345 နဲ႔ 12345678 တို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ စာရင္းထဲမွာ မေဖာ္ျပျဖစ္တဲ့ Password အေနနဲ႔ မိမိ အမည္ မိမိ ျပန္လည္ အသံုးျပဳတာမ်ိဳးတို႔၊ မိမိရဲ႕ ေမြးသကၠရာဇ္ကို Password အျဖစ္ထားတာမ်ိဳးတို႔၊ မိမိရဲ႕ ခ်စ္သူ သုိ႔တည္းမဟုတ္ အျခားလူတစ္ေယာက္ရဲ႕ အမည္ကို Password အျဖစ္ ထားတာမ်ိဳးတို႔လည္ ေခတ္စားပါတယ္။ ယင္းကဲ့သုိ႔ အရာမ်ိဳးမ်ားကေတာ့ မိမိအေၾကာင္းကို သိတဲ့ သူေတြဟာ မိမိယံုၾကည္ရတဲ့သူမ်ား ျဖစ္ေနရင္ေတာ့ ကိစၥ မရွိပါဘူး။ 12345 တို႔လိုဟာကေတာ့ အျခား လူစိမ္း တစ္ေယာက္လည္း ယူလို႔ရတဲ့ Password မ်ိဳး ျဖစ္ပါတယ္။
ဖုန္း lock screen, online internet အေကာင့္ေပါင္း မ်ားစြာ တု႔ိမွာ အသံုးျပဳၾကျခင္း ျဖစ္ျပီး မိမိ အသံုးျပဳေနတဲ့ Password မ်ားသာ ပံုပါ စာရင္းထဲမွာ ပါေနေသးတယ္ဆုိရင္ ေျပာင္းဖို႔ အခ်ိန္တန္ပါျပီ။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#tech_yyl
www.yoyarlay.com
(Unicode version)
၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့လူသုံးအများဆုံး Password ၂၅ ခု
၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့ လူသုံးအများဆုံး Password များ စာရင်းကို SplashData လို့အမည်ရတဲ့ လျှို့ဝှက်ကုဒ်လုံခြုံရေး စီမံခန့်ခွဲမှု ဆော့ဖ်ဝဲထုတ် ကုမ္ပဏီမှ ထုတ်ပြန်ခဲ့ရာ လူသုံး အများဆုံး ၂၅ ခု စာရင်းကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။
ယမန်နှစ်တွေထဲကနေ ယခုနှစ်အထိ ထိပ်ဆုံးမှာ ပါလာနေတာကတော့ 12345 နဲ့ 12345678 တို့ ဖြစ်ပါတယ်။ ဒါ့အပြင် စာရင်းထဲမှာ မဖော်ပြဖြစ်တဲ့ Password အနေနဲ့ မိမိ အမည် မိမိ ပြန်လည် အသုံးပြုတာမျိုးတို့၊ မိမိရဲ့ မွေးသက္ကရာဇ်ကို Password အဖြစ်ထားတာမျိုးတို့၊ မိမိရဲ့ ချစ်သူ သို့တည်းမဟုတ် အခြားလူတစ်ယောက်ရဲ့ အမည်ကို Password အဖြစ် ထားတာမျိုးတို့လည် ခေတ်စားပါတယ်။ ယင်းကဲ့သို့ အရာမျိုးများကတော့ မိမိအကြောင်းကို သိတဲ့ သူတွေဟာ မိမိယုံကြည်ရတဲ့သူများ ဖြစ်နေရင်တော့ ကိစ္စ မရှိပါဘူး။ 12345 တို့လိုဟာကတော့ အခြား လူစိမ်း တစ်ယောက်လည်း ယူလို့ရတဲ့ Password မျိုး ဖြစ်ပါတယ်။
ဖုန်း lock screen, online internet အကောင့်ပေါင်း များစွာ တို့မှာ အသုံးပြုကြခြင်း ဖြစ်ပြီး မိမိ အသုံးပြုနေတဲ့ Password များသာ ပုံပါ စာရင်းထဲမှာ ပါနေသေးတယ်ဆိုရင် ပြောင်းဖို့ အချိန်တန်ပါပြီ။
No comments:
Post a Comment