စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးချို၊သွေးချို (Diabetes)




ဆီးချိုဟု ခေါ်ဆိုကြသော်လည်း သွေးထဲတွင် အချိုဓါတ်များ ခြင်း ဖြစ်ပါသည်။ သွေးထဲက နေမှ ဆီးထဲမှာပါလာတာပါ။ လူအများစုက ဆီးချိုရှိမှန်းကို မသိကြပါဘူး။ အခြားရောဂါစစ်ရင်း သိတာ၊ ဒါမှမပာုတ် ဆီးချိုကြောင့် အရမ်း နာမကျန်းဖြစ်မှပဲသိတတ်ကြပါတယ်။ ဆီးချိုရှိနေပြီ ဆိုရင် လူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။

• ရေငတ်ခြင်း၊ အာခြောက်ခြင်း
• ဆီးသွားများခြင်း
• ညဘက်ဆီးခဏခဏ ထသွားရခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း၊ နေလို့မကောင်းခြင်း
• သိသာစွာ ကိုယ်အလေးချိန်ကျသွားခြင်း
• အမြင်အာရုံမကောင်းတော့ခြင်း၊ေ၀၀ါးလာခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း
• ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း
• စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း

ဆီးချိုကို ဘယ်လိုစစ်ဆေးမလဲ
သကြားဓါတ် စစ်ဆေးခြင်း
သွေးတွင်း သကြားဓါတ်ကိုလည်း စစ်ဆေးရပါတယ်။ အောက်ပါ အချက်တွေ ရှိမယ်ဆိုရင် ဆီးချို ရှိမရှိ အတည်ပြုနိုင်ပါတယ်။

Fasting plasma glucose ≥ 7.0 mmol/L (126 mg/dL)
Random plasma glucose ≥ 11.1 mmol/L (200 mg/dL)
သတိပြုရန် အချက်က ဆီးချို ရှိမရှိ သွေးတွင်းဓါတ်ကို စစ်ဆေးရင် အများအသုံးများတဲ့ လက်ထိပ်ကသွေးကို ဖောက်ပြီးမစစ်ရပါဘူး။ အကြောထဲက သွေးကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ လက်ထိပ်ကသွေးကို ဖောက်စစ်တာက ဆီးချိုရှိတဲ့သူမှာ ဆီးချိုပုံမှန် ရှိရဲ့လားဆိုတဲ့နေရာမှာ သုံးရတာပါ။ အထက်ပါအတိုင်းစစ်ဆေးပြီးလို့ အဖြေက နည်းနည်း အမြင့်ပိုင်း ရောက်နေပြီဆိုရင် ဆီးချိုရှိမရှိ စစ်ဆေးရန် အခြားနည်းတွေကိုဆက်ပြီး စစ်ဆေး ရပါသေးတယ်။

ဆီးချိုရောဂါ အမျိုးအစား
ဆီးချိုရောဂါမှာ Type I နဲ့ Type II ၂မျိုးရှိပါတယ်။ ကုသရပုံခြင်းက မတူလို့ပါ။ Type I က အသက်ငယ် သူတွေမှာဖြစ်ပြီး Type II က အသက်ကြီးတဲ့ သူတွေူမှာဖြစ်ပါတယ်။
ဆီးချို အမျိုးအစား Type 1 နဲ့ Type 2 ခွဲခြားပုံ

Type 1
- စဖြစ်တဲ့အသက် < 40 yrs
- ရောဂါလက္ခဏာပေါ်ချိန် Weeks
- ကိုယ်အလေးချိန် - Normal or low
- Ketonuria - Yes
- Rapid death without treatment with insulin - Yes
- Autoantibodies - Yes
- Diabetic complications at diagnosis - No
- ဆီးချိုမျိုးရိုး - Uncommon
- Other autoimmune disease - Common

Type 2
- စဖြစ်တဲ့အသက် > 50 yrs
- ရောဂါလက္ခဏာပေါ်ချိန် Months to years
- ကိုယ်အလေးချိန် Obese
- Ketonuria - No
- Rapid death without treatment with insulin - No
- Autoantibodies - No
- Diabetic complications at diagnosis - 25%
- ဆီးချိုမျိုးရိုး - Common
- Other autoimmune disease - Uncommon

ဆီးချိုရောဂါကို အမျိုးအစားခွဲခြားရာမှာ သိသာထင်ရှားတဲ့အချက်တွေကြောင့် ခွဲခြားရ လွယ်ပေမယ့် တချို့လက္ခဏာတွေကတော့ ၂မျိုးစလုံးမှဖြစ်တတ်လို့ ခွဲခြားရခက်ပါတယ်။ ဆီးချို အမျိုးအစားပာာ ခွဲလို့မရဖြစ်နေပြီး ကုသမှုကို တုံ့ပြန်ပုံပေါ်မူတည်ပြီးမှသာ ခွဲခြားလို့ ရလာတတ်ပါတယ်။
ဆီးချို Type I ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြား ကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့တွဲနေတတ်ပါတယ်။
ဆီးချို Type II ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။

ဆီးချို Type I ပာာ အင်ဆူလင်မထွက်လို့ အဓိက အင်ဆူလင်ကို လိုအပ်တဲ့ အမျိုးအစား ဖြစ်ပြီး Type II ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း ကျဆင်းလာတဲ့အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းတက်တဲ့ ဆေးတွေပဲလိုအပ်ပါတယ်။

အင်ဆူလင်ဆိုတာ ခန္ဒာကိုယ်ထဲက ပုံမှန်အားဖြင့် သရက်ရွက်ကနေထွက်တဲ့ ပောာ်မုန်း တစ်မျိုးပါ။ အဲဒီ အင်ဆူလင်က ခန္ဒာကိုယ်က စားသုံးလိုက်တဲ့ သကြားဓါတ်ကို ဆဲလ်တွေက အကျိုးရှိရှိ သုံးစွဲနိုင်ဖို့အတွက် အကူအညီပေးရပါတယ်။ အဲဒီ အင်ဆူလင် မရှိရင်သော် လည်းကောင်း၊ အဲဒီအင်ဆူလင်ကို ခန္ဒာကိုယ်က တုံ့ပြန်နိုင်စွမ်းကျလာရင်သော်လည်းကောင်း ဆီးချိုဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဆီးချိုရောဂါကိုကုသရာမှာ သုံးမျိုးရှိပါတယ်။

ပထမအချက်ကတော့ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်ကို ပြင်ဆင်ရပါမယ်။
နောက်၂မျိုးကတော့ သောက်ဆေးနဲ့ ထိုးဆေးကုထုံးတွေပဲဖြစ်ပါတယ်။
ဒီမှာ တစ်ခု သိထားသင့်တာက ဆီးချို၊ သွေးတိုးရောဂါတွေပာာ ပျောက်ကင်းအောင် ကုသလို့မရဘဲ ရောဂါမဆိုးဝါးအောင်၊ ပုံမှန်အတိုင်းပဲ ရှိနေအောင် ထိန်းထားလို့ပဲရပါတယ်။
Type I အမျိုးအစားတွေပာာ အင်ဆူလင်မထွက်တဲ့အတွက် အန္တရယ်ရှိပါတယ်။ အင်ဆူလင်ကို အသက်ရှင်ဖို့အတွက်လိုအပ်လို့ သောက်ဆေးနဲ့မရဘဲ ထိုးဆေးကို သုံးရပါတယ်။ ထိုးဆေးကို ထိုးရာမှာလည်း အသက်ရှင်နေသမျှ ကာလပတ်လုံး ထိုးနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Type I သမားတွေပာာ ဆီးချိုအထူးကုများနဲ့ ပြသပြီး ကုထုံးခံယူရပါတယ်။

Type II အမျိုးအစားလို့ထင်ပြီဆိုရင်တော့ အရင်ဆုံးလုပ်သင့်တာက နေထိုင်၊ စားသောက်မှု ပုံစံကို ပြောင်းလဲပစ်ရပါမယ်။ လေ့ကျင့်ခန်းမှန်မှန်ုလုပ်ခြင်း၊ အချိုရှောင်ခြင်း၊ ပာင်းသီးပာင်းရွက် နှင့် အသီးအနှံများ ပုံမှန်စားခြင်း၊ အရက်၊ ဆေးလိပ်ရှောင်ကျဉ်ခြင်းတို့ကို လုပ်ရပါတယ်။ ဒီလို အမျိုးအစားတွေမှာတော့ အဲလို နေထိုင်စားသောက်မှုပုံစံကို ပြောင်းပေးရင် ဆီးချိုကို ထိန်းထား နိုင်ပါတယ်။ အဲလိုမျိုး ပြောင်းလဲလို့မှ ဆီးချိုကို မထိန်းထားနိုင်ဘူးဆိုရင်တော့ သောက်ဆေး များကို မှီဝဲရပါတယ်။
ဆီးချိုရောဂါအတွက် ဆေးထိုးနေရသူတွေ ဆေးသောက်နေရသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို စစ်ဆေးခြင်းက အလွန်အရေးပါပါတယ်။ ဒီလိုဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို စစ်ဆေးရင်တော့ လက်ထိပ်ကသွေးကို ယူပြီး အများစစ်နေတဲ့ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးလို့ရပါပြီ။

၁။ အင်ဆူလင်ထိုးနေရတဲ့ သူတွေမှာတော့ သွေးတွင်းသကြားဓါတ်ကို နေ့တိုင်း စစ်သင့် ပါတယ်။ အဲလိုနေ့တိုင်းမှန်မှန် စစ်ပေးမှ လိုအပ်တဲ့ အင်ဆူလင်ပမာဏကို သိရှိနိုင် မှာဖြစ်ပါ တယ်။ အသင့်တော်ဆုံးကတော့ သွေးတွင်းသကြားဓါတ်ကို နေ့လည်စာမစားခင်တကြိမ်နဲ့၊ ညဘက် အိပ်ရာဝင်ခါနီးတစ်ကြိမ် စစ်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို 5-8mmol/L (90-144mg/dl) ကြားမှာ ရှိနေအောင်ထိန်းထားသင့်ပါတယ်။

၂။ သောက်ဆေး သောက်နေရတဲ့သူတွေ အတွက်ကတော့ လူနာ အဆင်ပြေသလို စစ်ဆေးလို့ ရပါတယ်။ နေထိုင်လို့ မကောင်းဘူး၊ ဆီးချိုတက်နေတယ်လို့ ထင်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ်။ အခြားရောဂါတွေဖြစ်နေတဲ့အချိန်၊ Steroid ဆေးများ သောက်သုံးနေ ရချိန်၊ ကုသမှု အပြောင်းအလဲတွေလုပ်နေတဲ့အချိန်မှာ မှန်မှန် စစ်ဆေးပေးရပါမယ်။ ဖြစ်သင့်တာ ကတော့ တစ်နေ့ကို မနက်စာ မစားခင်တစ်ချိန်နဲ့ နေ့လည်စာစားပြီး ၂နာရီကြာတဲ့ အချိန်မှာ တစ်ကြိမ်စစ်ဆေး သင့်ပါတယ်။ နံနက်စာမစားခင်မှာ သွေးတွင်းသကြားဓါတ်ကို 4-7mmol/L (72-126mg/dl) နဲ့ နေ့လည်စာစားပြီး ၂နာရီအချိန်မှာတော့ 4-10mmol/L (72-180mg/dl) ကြားမှာရှိနေအောင် ထိန်းထား သင့်ပါတယ်။

အခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ၊ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုတွေ၊ မှီဝဲရမယ့် ဆေးဝါးတွေအကြောင်းပဲ ဖြစ်ပါတယ်။
နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်းပာာ Type I ရော Type II အတွက်ပါ သွေးတွင်း သကြား ဓါတ်ပုံမှန်ဖြစ်နေဖို့ အဓိကအကြောင်းအရင်းအနေနဲ့ပါဝင်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ခြင်း (ပုံမှန်အားဖြင့် တစ်နေ့ကို တစ်နာရီလောက် ကိုယ်လက် လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။)၊ အစားအသောက်ကို ရွေးချယ်စားသုံးခြင်း၊ ရှောင်ကျဉ်ခြင်း၊ အရက်သောက်သုံးမှုကို လျော့ချခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတို့က ဆီးချိုဝေဒနာရှင်တစ်ယောက်အနေနဲ့ ပြုလုပ်ရပါလိမ့်မယ်။
အစားအသောက်စားချိန်မှာ ဆီးချိုဝေဒနာရှင်တွေအတွက် Plate model လို့ခေါ်တဲ့ စားသောက်မှု ပုံစံတစ်ခုကို ရှင်းပြပါမယ်။

Plate model ဆိုတာ ပန်ကန်ပြား တစ်ချပ်နဲ့ နေ့လည်စာ၊ ညစာ စားသောက်တော့မယ်ဆိုရင် အဲဒီပန်ကန်ပြားရဲ့ ၅ပုံ၁ပုံကို အသား၊ငါး၊ ဥများကိုထားပါ။ ကျန်တဲ့ပန်ကန်ပြားရဲ့ တစ်ဝက်ကို ထမင်း၊ အာလူး၊ ပေါင်မုန့် တို့ကိုထားပါ။ ကျန်တဲ့တစ်ဝက်ကိုတော့ ပာင်းသီးပာင်းရွက်နဲ့ အသီးအနှံတို့ကို ထားရပါမယ်။ ဆီးချိုသမားတစ်ယောက်ပာာ အစားအသောက်စားတဲ့အခါမှာ အဲလိုမျိုးပုံစံမျိုးနဲ့ စားသုံးရပါမယ်။ ထို့ပြင် အဆီများသော အစားအစာများ၊ အငန်စာများ ကိုလျှော့စားရပါမယ်။ သကြားမပါတဲ့ အစားအသောက်များကို စားသုံးရပါမယ်။

ဆီးချိုဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းကလည်း အလွန်အရေးပါပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထားနိုင်ရင် သွေးတွင်းသကြားဓါတ်လည်း ပုံမှန်ဖြစ်လာ ပါလိမ့်မယ်။ ထို့ပြင် ၀ခြင်းရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များတာပာာ ခန္ဒာကိုယ်က အင်ဆူလင်အပေါ်တုံ့ပြန်တာကို လျော့ကျစေလို့ သွေးတွင်းသကြားဓါတ်ကိုများစေပါတယ်။
ဆေးကုထုံးအနေနဲ့ကတော့ Type I မှာတော့ အင်ဆူလင်အဓိကလိုအပ်လို့ အင်ဆူလင်ကိုပဲ ထိုးရပါတယ်။ အင်ဆူလင်ပာာ သောက်ဆေးပုံမျိုးလုပ်လို့မရတဲ့အတွက် သူ့ကိုထိုးဆေး အနေနဲ့ပဲ ရှိပါတယ်။ ခန္ဒာကိုယ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ထိုးရပါတယ်။

Type II မှာတော့ သောက်ဆေးအများအပြားရှိပါတယ်။
နှစ်ပေါင်းများစွာစမ်းသပ်ခဲ့တာမှာတော့ Biguanides နဲ့ Sulphonylureas ပာာ ဆီးချိုကို ကုတာမှာ အဓိက ကုထုံးအနေနဲ့ရှိနေပါတယ်။ အခြားဆေးတွေအနေနဲ့ α-glucosidase inhibitors, the thiazolidinediones and the dipeptidyl peptidase 4 inhibitors တို့ရှိကြပါတယ်။ ဖော်ပြပါဆေးတွေကို ဆီးချိုရောဂါကို ကုတဲ့အခါမှာ တစ်ခုခြင်းသော် လည်းကောင်း နှစ်ခု သုံးခုတွဲပြီးသော်လည်းကောင်း ရောဂါအခြေအနေပေါ်မူတည်ပြီး အသုံးပြုရပါတယ်။

Biguanides
ဒီအမျိုးအစားမှာတော့ Metformin လို့ခေါ်တဲ့အများသိကြတဲ့ ဆီးချိုဆေးပါဝင်ပါတယ်။ Metformin ပာာ အခုအခါမှာ ဆီးချိုရောဂါကိုကုသရာမှာ အဓိကအသုံးပြုကြပါတယ်။ Metformin ကိုဝတဲ့ Type I လူနာတွေမှာ အင်ဆူလင်နဲ့အတူတွဲဖက် အသုံးပြုပါတယ်။ ဒါပေမယ့် ဒီဆေးအမျိုးအစားပာာ Sulphonylureas ထက်စာရင်တော့ ဆိုးကျိုးပိုများပါတယ်။ Metformin ကို Sulphonylureas နဲ့လည်း တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ Sulphonylureas ထက်စာရင် ၀တဲ့သူတွေမှာပိုပြီး အသုံးပြုနိုင်ပါတယ်။ Metformin ပာာ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ၊ အရက်အလွန် အကျွံသောက် သုံးသူတွေမှာ အသုံးပြုရင် Lactic acidosis လို့ခေါ်တဲ့ သေစေနိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်နိုင် ပါတယ်။ အဲဒီအခါမျိုးမှာဆိုရင်တော့ အင်ဆူလင်ကို အစားထိုးအသုံးပြုရပါတယ်။

Sulphonylureas
ဒီဆေးကိုတော့ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့ ဆီးချိုကို ထိန်းလို့မရတော့တဲ့ မ၀တဲ့ လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။ Metformin က အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို တတ်စေတဲ့ ဆေးဖြစ်ပြီး ဒီအမျိုးအစားကတော့ အင်ဆူလင်ပိုထွက်စေတဲ့ဆေးဖြစ်ပါတယ်။ Sulphonylureas ပာာကိုယ်အလေးချိန်ကိုတက်စေပြီး ခန္ဒာကိုယ်ကလည်း အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျ လာတတ်ပါတယ်။ ကျနော်တို့ဆီမှာ အများဆုံးအသုံးပြုတဲ့ Sulphonylureas ကတော့ Gliclazide, Glemipiride တို့ဖြစ်ကြပါတယ်။

ဆီးချိုပာာ အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆီးချိုကိုစောစောစီးစီး သိပြီး ကုသမှုခံယူ ထားရင်တော့ အခြေအနေကောင်းပေမယ့် နောက်ကျမှသိရင် တခြားရောဂါတွေနဲ့ပေါင်းပြီး ဆိုးကျိုး တွေများတတ်ပါတယ်။ အဲဒီအတွက် ဆီးချိုမဖြစ်အောင် အနေအထိုင်၊ အစား အသောက် တွေကို ဆင်ခြင်ရပါမယ်။ ဆီးချိုကို သတိအမြဲရှိနေရန်လိုအပ်ပြီး စစ်ဆေး နေသင့်ပါတယ်။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသမှုခံယူသင့်ပါတယ်။

Credit to Dr. Thurein Hlaing Win ရေးသားထားသော မြန်မာပြည်တွင် အဖြစ်များသော ရောဂါများ ၃။ ဆီးချို၊သွေးချို (Diabetes) ဆောင်းပါးမှ ထုတ်နုတ် ဖေါ်ပြထားပါသည်။
MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389

 https://www.facebook.com/momopmm/photos/ms.c.eJxFkMkNxEAIBDNaDfeQf2Jr03Ij8

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...