စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







မိဘမျပည့္စံုလည္း သားသမီးလိမၼာျပီး ၾကိဳးစားမယ္ဆုိရင္



Human of New York မွာ ေဖာ္ျပထားတဲ့ ေက်ာင္းသူမေလး တစ္ဦး ျဖစ္ပါတယ္။ သူမ ဟာ ယခုလို ေျဖပါတယ္။

"ကြ်န္မရဲ႕ အေမက အိမ္ေဖာ္၊ အေဖက သန္႔ရွင္းအလုပ္သမား။ သူတို႔ ေျပာတယ္။ င့ါသမီး စာေတာ္ျပီး အမွတ္ေကာင္းေနေအာင္သာ ၾကိဳးစားထား၊ အေဖတို႔၊ အေမတို႔ မရွိခဲ့ မရခဲ့တာေတြ င့ါသမီး ရေစရမယ္ တဲ့။ ဒါေပမယ့္ ေလာေလာဆယ္ ကြ်န္မ ဘာကုိ စိတ္ဝင္စားလို႔ စားမွန္းမသိ၊ ဘာလုပ္ခ်င္မွန္း မသိဘူး။ ဒါကိုလည္း အေမတို႔၊ အေဖတို႔ သိေအာင္ ထုတ္ေျပာ မဝံ့ပါဘူး"

လူအမ်ိဳးမ်ိဳး၊ ျဖစ္ရပ္ အမ်ိဳးမ်ိဳး ကိုယ္စီပါ။ အခ်ိဳ႕က မိဘ ခ်မ္းသာျပီး သားသမီးက မၾကိဳးစား၊ မလုပ္ခ်င္၊ အခ်ိဳ႕ကေတာ့ ၾကိဳးစားသူ။ အခ်ို႕က မိဘ ဆင္းရဲေပမယ့္ သားသမီးက ၾကိဳးစားတတ္၊ အခ်ိဳ႕က်ေတာ့ ယခုလို ဘာလုပ္လို႔ လုပ္ရမွန္း မသိတဲ ့အေျခအေန ေပါ့။ အဲ့ဒါမ်ိဳးက ပိုလို႔ ရင္နာဖို႔ေတာင္ ေကာင္းပါေသးတယ္။ မိဘက ဆင္းရဲေပမယ့္ သားသမီး ပညာေရးနဲ႔ ေရွ႕ေရးအတြက္ ေရကုန္ေရခမ္း ၾကိဳးစားလို႔ ေထာက္ပံ့မယ္ ဆုိတာေတာင္ ဘာလုပ္လို႔ လုပ္ရမွန္း မသိပါဘူး ဆုိတဲ့ သူေတြ အမ်ားၾကီးပါ။

မိဘေတြ ဆီက အၾကံဥာဏ္မရဘူးဆုိရင္ ကိုယ္တိုင္ဟာ ဘာလုပ္သင့္တယ္ ဆုိတာကို ေလ့လာ ဆည္းပူး ရွာမွီးဖို႔ လိုပါေသးတယ္။ ေမြးဖြားၾကီးျပင္းလာ တဲ့ ေခတ္လည္း မတူတာေၾကာင့္ မိမိရဲ႕ ဘဝေရွ႕ေရးအတြက္ မိဘကို မမွီခိုကိုပဲ ကိုယ္တိုင္ ေရြးခ်ယ္ဆံုးျဖတ္ျပီး ျပန္ျပီးေတာ့ တိုင္တိုင္ပင္ပင္နဲ႔ သြားႏုိင္ရင္ ဒါဟာ ေပ်ာ္ရႊင္ ေအာင္ျမင္တဲ့ မိသားစု တစ္ခု ျဖစ္လာႏိုင္ပါတယ္။
.
  ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#article_yyl
www.yoyarlay.com

(Unicode version)

မိဘမပြည့်စုံလည်း သားသမီးလိမ္မာပြီး ကြိုးစားမယ်ဆိုရင်

Human of New York မှာ ဖော်ပြထားတဲ့ ကျောင်းသူမလေး တစ်ဦး ဖြစ်ပါတယ်။ သူမ ဟာ ယခုလို ဖြေပါတယ်။

"ကျွန်မရဲ့ အမေက အိမ်ဖော်၊ အဖေက သန့်ရှင်းအလုပ်သမား။ သူတို့ ပြောတယ်။ ငါ့သမီး စာတော်ပြီး အမှတ်ကောင်းနေအောင်သာ ကြိုးစားထား၊ အဖေတို့၊ အမေတို့ မရှိခဲ့ မရခဲ့တာတွေ ငါ့သမီး ရစေရမယ် တဲ့။ ဒါပေမယ့် လောလောဆယ် ကျွန်မ ဘာကို စိတ်ဝင်စားလို့ စားမှန်းမသိ၊ ဘာလုပ်ချင်မှန်း မသိဘူး။ ဒါကိုလည်း အမေတို့၊ အဖေတို့ သိအောင် ထုတ်ပြော မဝံ့ပါဘူး"

လူအမျိုးမျိုး၊ ဖြစ်ရပ် အမျိုးမျိုး ကိုယ်စီပါ။ အချို့က မိဘ ချမ်းသာပြီး သားသမီးက မကြိုးစား၊ မလုပ်ချင်၊ အချို့ကတော့ ကြိုးစားသူ။ အချို့က မိဘ ဆင်းရဲပေမယ့် သားသမီးက ကြိုးစားတတ်၊ အချို့ကျတော့ ယခုလို ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ ့အခြေအနေ ပေါ့။ အဲ့ဒါမျိုးက ပိုလို့ ရင်နာဖို့တောင် ကောင်းပါသေးတယ်။ မိဘက ဆင်းရဲပေမယ့် သားသမီး ပညာရေးနဲ့ ရှေ့ရေးအတွက် ရေကုန်ရေခမ်း ကြိုးစားလို့ ထောက်ပံ့မယ် ဆိုတာတောင် ဘာလုပ်လို့ လုပ်ရမှန်း မသိပါဘူး ဆိုတဲ့ သူတွေ အများကြီးပါ။

မိဘတွေ ဆီက အကြံဉာဏ်မရဘူးဆိုရင် ကိုယ်တိုင်ဟာ ဘာလုပ်သင့်တယ် ဆိုတာကို လေ့လာ ဆည်းပူး ရှာမှီးဖို့ လိုပါသေးတယ်။ မွေးဖွားကြီးပြင်းလာ တဲ့ ခေတ်လည်း မတူတာကြောင့် မိမိရဲ့ ဘဝရှေ့ရေးအတွက် မိဘကို မမှီခိုကိုပဲ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပြီး ပြန်ပြီးတော့ တိုင်တိုင်ပင်ပင်နဲ့ သွားနိုင်ရင် ဒါဟာ ပျော်ရွှင် အောင်မြင်တဲ့ မိသားစု တစ်ခု ဖြစ်လာနိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...