စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ ဘောလုံးပရိသတ်များကို ပမာပြုပြီး စင်ကာပူ ဝန်ကြီးချုပ် တိုက်တွန်း

မြို့တော် သန့်ရှင်းရေး ဆောင်ရွက်ကြရန် မြန်မာ ဘောလုံးပရိသတ်များကို ပမာပြုပြီး စင်ကာပူ ဝန်ကြီးချုပ် တိုက်တွန်း
ဓာတ်ပုံ - လီရှန်လွန်းဖေ့စ်ဘွတ်
 
 
မိမိတို့မြို့တော်ကို သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ရာတွင် စင်ကာပူနိုင်ငံသားအားလုံး မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကို မြန်မာ့ဘောလုံး ပရိသတ်များ၏ အမူအကျင့်ကောင်းနှင့် နှိုင်းယှဉ်ပြပြီး စင်ကာပူ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

AFF ဆူဇူကီး ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် စင်ကာပူရောက် မြန်မာ ဘောလုံးပရိသတ်များသည် မိမိတို့ အသင်းကို စည်းကမ်းပြည့်ဝစွာ အားပေးခဲ့သလို ပွဲအပြီးတွင်လည်း ကွင်းအတွင်းရှိ မိမိတို့၏ အမှိုက်သရိုက်များကို စနစ်တကျ ပြန်လည် သိမ်းဆည်းခဲ့ကြသည်။ အဆိုပါ လုပ်ရပ်ကို စင်ကာပူ နိုင်ငံသားများနှင့် ကမ္ဘာ့မီဒီယာများကပါ မီးမောင်းထိုး ဖော်ပြပြီး ချီးကျူးရေးသားခဲ့ကြဖူးသည်။
စင်ကာပူရှိ Meadow တွင် ပြီးခဲ့သည့် သီတင်းပတ်က Laneway ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ အမှိုက်သရိုက်များစွာ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပြီး ချန်ထားခဲ့သဖြင့် ဝန်ကြီးချုပ် လီရှန်လွန်းက ဖြစ်ရပ်နှစ်ခုကို ဓာတ်ပုံနှစ်ခုဖြင့် ယှဉ်ပြပြီး ၎င်း၏ Facebook ပေါ်တွင် ရေးသား ဝေဖန်ထားခြင်း ဖြစ်သည်။

၎င်းက နိုဝင်ဘာလအတွင်း မြန်မာ့ ဘောလုံးပရိသတ်များ အနေဖြင့် မိမိတို့အသင်း အရေးနိမ့်ခဲ့သည့်တိုင် စိတ်ဓာတ် ကောင်းမွန်စွာဖြင့် တာဝန်ကျေကျေ အမှိုက်သရိုက်များ သိမ်းဆည်းနေခဲ့ပုံနှင့် Laneway ပွဲတော်သို့ လာရောက်သူ (၁၃၀၀၀)ခန့်က အမှိုက်သရိုက်များ ရှုပ်ပွစွာ ချန်ထားခဲ့သည့် အခြေအနေ နှစ်ခုကြား ကွာခြားမှုကို လက်တွေ့ နှိုင်းယှဉ်ပြခဲ့သည်။

၎င်းက စင်ကာပူကို သန့်ရှင်းသည့် မြို့တော်တစ်ခု အဆင့်မှ အမှန်တကယ် သန့်ရှင်းစင်ကြယ်နေသည့် အခြေအနေထိ မြှင့်တင်ရန် အစဉ်တစိုက် ကြိုးပမ်းမှုတွင် နိုင်ငံသား တစ်ဦးချင်းစီ တာဝန်သိသိ ပါဝင်မှုက အရေးကြီးကြောင်း အဆိုပါ ဓာတ်ပုံနှင့်အတူ မှတ်ချက်ပြု ရေးသားထားသည်။ ဝန်ကြီးချုပ်သည် ယင်းဓာတ်ပုံကို ဇန်နဝါရီ ၂၈ ရက်က ၎င်း၏ Facebook စာမျက်နှာပေါ် လွှင့်တင်ထားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်၏ အဆိုပါ ရေးသားဖော်ပြမှုအောက်တွင် စင်ကာပူ နိုင်ငံသားများက မြန်မာပရိသတ်များ၏ တာဝန်သိတတ်မှုကို ချီးကျူး ကျေးဇူးတင်ကြောင်း မှတ်ချက်များ ရေးသားခဲ့သလို မြန်မာနိုင်ငံသားများကလည်း ယင်းအတွက် ဂုဏ်ယူကြောင်း မှတ်ချက်များ ပေးခဲ့ကြောင်း သိရှိရသည်။

http://7daydaily.com/story/30435#.VMuWRHvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...