စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
အရုပ်လေးလေးတွေကို ဖွင့်ဖောက်တဲ့ဗီဒီယိုတင်ပြီး ချမ်းသာတဲ့ သူ
သူဟာ ကမ္ဘာပေါ်မှာ YouTube ပေါ်မှ ဝင်ငွေ အများဆုံး ရှာနိုင်သူ စာရင်းထဲလည်း ပါဝင်နေပါတယ်။ သူလုပ်တဲ့အလုပ်က ဘာမှ သိပ်ထူးထူးခြားခြား မရှိပါဘူး။ တစ်နေ့ပြီး တစ်နေ့Disney က အသစ်ထွက်တဲ့ အရုပ်တွေကို ဖောက်ဖွင့်ပြရုံပဲ ဖြစ်ပါတယ်။ unboxing လုပ်တာလို့ခေါ်ပါတယ်။ တစ်လတစ်လကို ဝင်ကြည့်သူ ဦးရေ သန်း ၃၈၀ ရှိပြီး ဝင်ငွေကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ငါးသန်း ဝန်းကျင်အထိ ရှိပါတယ်။
၂၀၁၂ ခုနှစ် တစ်နှစ်ထဲမှာတင် သူ့ရဲ့ ဗီဒီယိုအောက်မှာ ထိုးတဲ့ ကြော်ငြာနဲ့တင် ဝင်ငွေက တစ်နှစ်ကို ၅ သန်းစတင်ရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် တိုးလာပါတယ်။ အခုဆိုရင် ဗီဒီယိုပေါင်း ၁၇၀၀ မကတော့ပါဘူး။ သူ့ရဲ့ Channel ကို ကြည့်သူများကတော့ Disney က ထုတ်တဲ့ အရုပ်သစ်များကို မဝယ်ခင် စောင့်ကြည့်တဲ့ ကမ္ဘာတစ်ဝန်းက ကလေးငယ်များက အများဆုံး ဖြစ်ပါတယ်။
နောက်တော့ NewYork Times က သူဘယ်သူလဲလို့ အဖြေရှာကြည့်လိုက်တဲ့အခါ လက်သည်းနီ ဆိုးထားတဲ့ ကလေးမလေးက အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး ဘရာဇီးလူမျိုး တစ်ဦး ဖြစ်ပါတယ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရုပ်ဘူးဖွင့်ပြရုံနဲ့ နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ သန်းချီ ရှာနိုင်တဲ့ သူမဟာလည်း အများလေးစားတဲ့ စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: telegraph
  အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#knowledge_yyl
www.yoyarlay.com
(Unicode version)
အရုပ်လေးလေးတွေကိုု ဖွင့်ဖောက်တဲ့ဗီဒီယိုုတင်ပြီး ချမ်းသာတဲ့ သူ
YouTube ပေါ်မှာ ဗီဒီယိုုတင်ပြီး ငွေရှာတဲ့ နည်းကိုုသိပါသလား။ မိမိတုုိ့ရဲ့ Google account ကနေ YouTube ကိုု ဝင်ပြီး ဗီဒီယိုုတင်ပြီး Google Display Advertising မှာ sign in လုပ်ပြီးရင် ရပါပြီ။ ဒါပေမယ့် မြန်မာပြည်အတွက် ယင်း function များကို မဖွင့်သေးပါဘူး။ နိုုင်ငံတကာမှာတော့ အိမ်မှာနေရင်း YouTube ပေါ် ဗီဒီယိုုတင်ပြီး စီးပွားလုုပ်နေသူတွေ အများကြီးပါ ယင်းထဲမှာ တစ်ဦး ကတော့ DC Toys Collector အမည်နဲ့ ဗီဒီယိုု တင်နေသူ ဖြစ်ပါတယ်။ https://www.youtube.com/user/DisneyCollectorBR မှာပါ။
သူဟာ ကမ္ဘာပေါ်မှာ YouTube ပေါ်မှ ဝင်ငွေ အများဆုုံး ရှာနိုုင်သူ စာရင်းထဲလည်း ပါဝင်နေပါတယ်။ သူလုုပ်တဲ့အလုုပ်က ဘာမှ သိပ်ထူးထူးခြားခြား မရှိပါဘူး။ တစ်နေ့ပြီး တစ်နေ့Disney က အသစ်ထွက်တဲ့ အရုုပ်တွေကိုု ဖောက်ဖွင့်ပြရုံုပဲ ဖြစ်ပါတယ်။ unboxing လုုပ်တာလိုု့ခေါ်ပါတယ်။ တစ်လတစ်လကိုု ဝင်ကြည့်သူ ဦးရေ သန်း ၃၈၀ ရှိပြီး ဝင်ငွေကတော့ တစ်နှစ်ကိုု အမေရိကန်ဒေါ်လာ ငါးသန်း ဝန်းကျင်အထိ ရှိပါတယ်။
၂၀၁၂ ခုုနှစ် တစ်နှစ်ထဲမှာတင် သူ့ရဲ့ ဗီဒီယိုုအောက်မှာ ထိုုးတဲ့ ကြော်ငြာနဲ့တင် ဝင်ငွေက တစ်နှစ်ကိုု ၅ သန်းစတင်ရရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် တိုးလာပါတယ်။ အခုုဆုုိရင် ဗီဒီယိုုပေါင်း ၁၇၀၀ မကတော့ပါဘူး။ သူ့ရဲ့ Channel ကိုု ကြည့်သူများကတော့ Disney က ထုုတ်တဲ့ အရုုပ်သစ်များကိုု မဝယ်ခင် စောင့်ကြည့်တဲ့ ကမ္ဘာတစ်ဝန်းက ကလေးငယ်များက အများဆုံုး ဖြစ်ပါတယ်။
နောက်တော့ NewYork Times က သူဘယ်သူလဲလိုု့ အဖြေရှာကြည့်လိုက်တဲ့အခါ လက်သည်းနီ ဆုုိးထားတဲ့ ကလေးမလေးက အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး ဘရာဇီးလူမျိုး တစ်ဦး ဖြစ်ပါတယ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရုုပ်ဘူးဖွင့်ပြရုံုနဲ့ နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ သန်းချီ ရှာနိုုင်တဲ့ သူမဟာလည်း အများလေးစားတဲ့ စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: telegraph
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...