စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒူးနာခြင်းအကြောင်း သိကောင်းစရာ





ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်း ကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။

ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်း အပြင်ဖက်မှာ ရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။

အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီး
လည်းစစ်ဆေးနိုင်ပါတယ် ။

တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါ တွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေ
အပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေ ကွေးမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။

ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ

တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက် အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်
လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်
စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေး အပင်တွေ မတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်း အရင်း တွေပဲဖြစ်ပါတယ် ။

အရွတ်ဒါဏ်ရာများ

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။

အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆို
တာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာ
နာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုး
လောက်ကိုတော့ ရေခဲအုံခြင်ပတ်တီးစီးခြင်း၊အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာ
တွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မ
တာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။

တချို့လူတွေကတော့ ဒူးနာခြင်းကိုသက်သာစေဖို့အတွက်ပတ်တီးကိုတင်းကြပ်စွာ စီးခြင်းနဲ့ ဒူးခေါင်းကို ငြိမ်
နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကို ဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်
တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကို
ဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာက တော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲ
စိတ်မှသာရနိုင်မှာပါ ။

ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ

ဒူးဆစ် ၊တစ်ရှုးတွေနဲ့ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေနဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်းဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာ
ဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါ တစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးကအဆစ်အမြစ်တွေကို အဆစ်ယောင်
ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။

Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို non-inflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ် ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံ ရောင်သလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ် ။

လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့က
တော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာက
နေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်း
ကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိက
အချက်လည်းဖြစ်ပါတယ် ။

အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့
ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်
ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်း
သပ်စစ်ဆေးနိုင်ပါတယ် ။

ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါ
တယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ကုသမှုတွေကတော့ခွဲစိတ်ခြင်းဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံး
ထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။

ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာ
မျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်
ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။

ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သ
တိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြ
ဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်
သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...