စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







LinkedIn အေကာင့္ဖြင့္လို႔ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရယူပါ





Facebook ကို ဖြင့္ျပီး တစ္ရက္ျပီး တစ္ရက္ အခ်ိန္ကုန္ေနတာထက္ အသံုးဝင္တဲ့ အျခားေသာ Social Networking ဝဘ္ဆုိဒ္ေတြ အမ်ားၾကီးပါ။ ယင္းထဲမွာ မွ တစ္ခု အေနနဲ႔ ကေတာ့ LinkedIn.com ျဖစ္ျပီး သူ႔ထဲမွာ အေကာင့္ ဖြင့္ထားျခင္းျဖင့္ အလုပ္ရွင္မ်ားက မိမိကို ဆက္သြယ္လာပါ လိမ့္မယ္

မိမိရဲ႕ ပညာအရည္အခ်င္းနဲ႔ အလုပ္အကို္င္ အေတြ႔အၾကံဳ အစံုမ်ားကို တင္ထားျခင္းျဖင့္၊ ဆက္သြယ္ရမယ့္ အီးေမးလ္တု႔ိ ဖုန္းတို႔ ထည့္ထားျခင္းျဖင့္ လုပ္ငန္းရွင္မ်ားက သင့္ကို ရွာေဖြလာၾက ပါလိမ့္မယ္။ လက္ရွိ ျမန္မာျပည္မွာ အသံုးျပဳသူ ၅ ေသာင္းဝန္းက်င္ အထိ ရွိလာေနျပီ ျဖစ္ပါတယ္။ ႏိုင္ငံတကာနဲ႔ ကုမၸဏီၾကီးမ်ား ဝင္ေရာက္မွု အေရအတြက္ဟာလည္း ေထာင္ဂဏန္းနဲ႔ ခ်ီေနျပီ ျဖစ္ျပီး တစ္ေန႔ျပီးတစ္ေန႔ LinkedIn ကေန ဝန္ထမ္းေကာင္းမ်ား ရရွိဖို႔ အတြက္ ရွာေဖြမွုမ်ား ျပဳလုပ္လ်က္ ရွိပါတယ္။

ယင္းအေကာင့္ကို ဖြင့္တဲ့အခါ Facebook လုိမ်ိဳးလည္း အခက္အခဲ မရွိပါဘူး။ www.linkedin.com မွာ လြယ္တကူ ဖြင့္ရံုပဲ ျဖစ္ပါတယ္။ ဖြင့္ျပီးေတာ့ မိမိ ကြ်မ္းက်င္တဲ့ အရည္အခ်င္းမ်ားကို List လုပ္ျပီး ထည့္ထားျပမယ္ ဆုိရင္ မိမိရဲ႕ Profile ကို ဝင္ေရာက္ ၾကည့္ရွုၾကျပီး စိတ္ဝင္စားသူ မ်ားျပား လာမွာ ျဖစ္ပါတယ္။
.
 ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com

#aungkham_yyl
#tech_yyl

(Unicode version)

LinkedIn အကောင့်ဖွင့်လို့ အလုပ်အကိုင်အခွင့်အလမ်းများ ရယူပါ

Facebook ကို ဖွင့်ပြီး တစ်ရက်ပြီးတစ်ရက် အချိန်ကုန်နေတာထက် အသုံးဝင်တဲ့ အခြားသော Social Networking ဝဘ်ဆိုဒ်တွေ အများကြီးပါ။ ယင်းထဲမှာ မှ တစ်ခု အနေနဲ့ ကတော့ LinkedIn.com ဖြစ်ပြီး သူ့ထဲမှာ အကောင့် ဖွင့်ထားခြင်းဖြင့် အလုပ်ရှင်များက မိမိကို ဆက်သွယ်လာပါ လိမ့်မယ်

မိမိရဲ့ ပညာအရည်အချင်းနဲ့ အလုပ်အက်ိုင် အတွေ့အကြုံ အစုံများကို တင်ထားခြင်းဖြင့်၊ ဆက်သွယ်ရမယ့် အီးမေးလ်တို့ ဖုန်းတို့ ထည့်ထားခြင်းဖြင့် လုပ်ငန်းရှင်များက သင့်ကို ရှာဖွေလာကြ ပါလိမ့်မယ်။ လက်ရှိ မြန်မာပြည်မှာ အသုံးပြုသူ ၅ သောင်းဝန်းကျင် အထိ ရှိလာနေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ကုမ္ပဏီကြီးများ ဝင်ရောက်မှု အရေအတွက်ဟာလည်း ထောင်ဂဏန်းနဲ့ ချီနေပြီ ဖြစ်ပြီး တစ်နေ့ပြီးတစ်နေ့ LinkedIn ကနေ ဝန်ထမ်းကောင်းများ ရရှိဖို့ အတွက် ရှာဖွေမှုများ ပြုလုပ်လျက် ရှိပါတယ်။

ယင်းအကောင့်ကို ဖွင့်တဲ့အခါ Facebook လိုမျိုးလည်း အခက်အခဲ မရှိပါဘူး။ www.linkedin.com မှာ လွယ်တကူ ဖွင့်ရုံပဲ ဖြစ်ပါတယ်။ ဖွင့်ပြီးတော့ မိမိ ကျွမ်းကျင်တဲ့ အရည်အချင်းများကို List လုပ်ပြီး ထည့်ထားပြမယ် ဆိုရင် မိမိရဲ့ Profile ကို ဝင်ရောက် ကြည့်ရှုကြပြီး စိတ်ဝင်စားသူ များပြား လာမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...