စၾကာဝဠာအနႏၵ၌ရွိၾကကုန္ေသာ လူ၊နတ္၊ျဗမၼာ၊သတၱဝါအားလံုးတိုသည္ ကိုယ္စိတ္နွစ္ျဖွာခ်မ္းသာၾကပါေစ၊ေကာင္းက်ဳိးလိုရာစႏၵ ျပည္ဝၾကပါေစ...







မီလ်ံနာ ျဖစ္သြားတဲ့ ေၾကာင္စိတ္တို Grumpy Cat





Grumpy Cat လုိ႔ အမည္ရတဲ့ ေၾကာင္းမေလးကို သိၾကမွာပါ။ သူမရဲ႕ စိတ္တုိေနတဲ့ မ်က္ႏွာ အမူအရာေၾကာင့္ အင္တာနက္မွာ ေရပန္းစား ေအာင္ျမင္ လာျပီး ၂၀၁၄ ခုႏွစ္က သူကိုယ္တိုင္ ပါဝင္ သရုပ္ေဆာင္တဲ့ ဇာတ္ကား တစ္ကား ျပီးတဲ့ေနာက္ ခ်မ္းသာတဲ့ မီလ်ံနာ ျဖစ္လာပါတယ္။

Grumpy Cat ကုိ ေၾကာ္ျငာတို႔မွာ အသံုးျပဳျခင္း၊ ရုပ္ရွင္ဇာတ္လမ္းတုိ႔မွာ အသံုးျပဳျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။ အမွန္ေတာ့ သူခ်မ္းသာလာတယ္လို႔ ဆုိတာထက္ သူ႔ပိုင္ရွင္ ခ်မ္းသာလာတာလို႔ ဆုိရင္ မွန္ပါလိမ့္မယ္။ သူ အင္တာနက္မွာ ေရပန္းစားႏိုင္တာကို သိတာနဲ႔ ပိုင္ရွင္ အမ်ိဳးသမီးဟာ အလုပ္က ထြက္ျပီး ေၾကာင္ကို ေန႔စဥ္ဓာတ္ပံု ရိုက္ျပီး အင္တာနက္ေပၚတင္တဲ့ အလုပ္ပဲ လုပ္ပါေတာ့တယ္။ သူ႔ရဲ႕ Facebook page ဟာ ဆုိရင္ Like ၇သန္း ေက်ာ္လြန္သြားျပီ ျဖစ္ပါတယ္။ www.facebook.com/TheOfficialGrumpyCat မွာ ၾကည့္ရွုႏိုင္ပါတယ္။

ေၾကာင္ကေလး ဘယ္ေလာက္ပဲ ခ်မ္းသာခ်မ္းသာ သူ႔မွာ ဒီစည္းစိမ္ကို ခံစားႏိုုင္တဲ့ အာရံုမ်ိဳး မရွိပါဘူး။ အေကာင္းဆံုး ေမြ႔ယာတို႔ ဘာတို႔ ရႏုိင္ေပမယ့္ အေကာင္းဆံုး အစားအစာမ်ား ရႏိုင္ေပမယ့္ ေလးဘက္သြားတဲ့ ေၾကာင္ကေတာ့ ေၾကာင္ပါပဲ။ သူ႔ကို လူေတြ ဝိုင္းခ်စ္ၾကတယ္။ ဂရုစို္က္ၾကတယ္ အစရွိသျဖင့္တို႔က သူ႔ရဲ႕ ကံအက်ိဳးေပး တစ္ခုပါ။ ယင္းေၾကာင္ကို ရရွိျပီး ေမြးျဖစ္သြားတ့ဲ ပိုင္ရွင္ အမ်ိဳးသမီးကေတာ့ အမွန္တကယ္ ခ်မ္းသာသြားျပီ ျဖစ္ပါတယ္။
.
Ref: wiki
  ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com

(Unicode version)

မီလျံနာ ဖြစ်သွားတဲ့ ကြောင်စိတ်တို Grumpy Cat

Grumpy Cat လို့ အမည်ရတဲ့ ကြောင်းမလေးကို သိကြမှာပါ။ သူမရဲ့ စိတ်တိုနေတဲ့ မျက်နှာ အမူအရာကြောင့် အင်တာနက်မှာ ရေပန်းစား အောင်မြင် လာပြီး ၂၀၁၄ ခုနှစ်က သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ကား တစ်ကား ပြီးတဲ့နောက် ချမ်းသာတဲ့ မီလျံနာ ဖြစ်လာပါတယ်။

Grumpy Cat ကို ကြော်ငြာတို့မှာ အသုံးပြုခြင်း၊ ရုပ်ရှင်ဇာတ်လမ်းတို့မှာ အသုံးပြုခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အမှန်တော့ သူချမ်းသာလာတယ်လို့ ဆိုတာထက် သူ့ပိုင်ရှင် ချမ်းသာလာတာလို့ ဆိုရင် မှန်ပါလိမ့်မယ်။ သူ အင်တာနက်မှာ ရေပန်းစားနိုင်တာကို သိတာနဲ့ ပိုင်ရှင် အမျိုးသမီးဟာ အလုပ်က ထွက်ပြီး ကြောင်ကို နေ့စဉ်ဓာတ်ပုံ ရိုက်ပြီး အင်တာနက်ပေါ်တင်တဲ့ အလုပ်ပဲ လုပ်ပါတော့တယ်။ သူ့ရဲ့ Facebook page ဟာ ဆိုရင် Like ၇သန်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ www.facebook.com/TheOfficialGrumpyCat မှာ ကြည့်ရှုနိုင်ပါတယ်။

ကြောင်ကလေး ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သူ့မှာ ဒီစည်းစိမ်ကို ခံစားနိုင်တဲ့ အာရုံမျိုး မရှိပါဘူး။ အကောင်းဆုံး မွေ့ယာတို့ ဘာတို့ ရနိုင်ပေမယ့် အကောင်းဆုံး အစားအစာများ ရနိုင်ပေမယ့် လေးဘက်သွားတဲ့ ကြောင်ကတော့ ကြောင်ပါပဲ။ သူ့ကို လူတွေ ဝိုင်းချစ်ကြတယ်။ ဂရုစိ်ုက်ကြတယ် အစရှိသဖြင့်တို့က သူ့ရဲ့ ကံအကျိုးပေး တစ်ခုပါ။ ယင်းကြောင်ကို ရရှိပြီး မွေးဖြစ်သွားတဲ့ ပိုင်ရှင် အမျိုးသမီးကတော့ အမှန်တကယ် ချမ်းသာသွားပြီ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...