စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အခါ
သင်ခန်းစာ -
Ref -Laughing Colours
  ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#story_yyl
ကေဆိုတဲ့ မိန်းကလေးဟာ သူမ၏ ချစ်သူကို ဂုဏ်ယူစွာဖြင့် သူငယ်ချင်း
တွေ့ရှေ့မှာ အမြဲပြောလေ့ ရှိတယ်။ ပြီးတော့ သူငယ်ချင်းတွေရဲ့ ချစ်သူ ဘယ်လိုမျိုး ရှိတယ် ဆိုတာကိုလည်း မေးလေ့ရှိတယ်။
တစ်နေ့မှာတော့ မိန်းကလေး၏ မွေးနေ့ကျရောက် ပါတော့တယ်။ အဲဒီမှာ သူငယ်ချင်း အားလုံးကို ဖိတ်ပါတယ်။ ဒါ့အပြင် သူမ၏ ချစ်သူကိုတော့ အထူး ဧည့်သည်တော် အဖြစ် ဖိတ်တာပေါ့။ လူတိုင်း လူတိုင်းဟာ ကေ့မွေးနေ့မှာ
သူမအတွက် လက်ဆောင်တွေ ယူလာကြပါတယ်။ အားလုံသော သူတွေ ကလည်း သူမ၏ ချစ်သူဘယ်အချိန် ရောက် လာမလဲ ဘာလက်ဆောင်
ပေးမလဲ ဆိုတာကို စောင့်ကြည့်နေကြပါတယ်။
အဲလိုအချိန်မှာပဲ သူမ၏ ချစ်သူရောက်လာပါတယ်။
ဘာလက်ဆောင်ပေးမယ်လို့ ထင်ပါသလဲ ?
ကောင်လေးဟာ ရောက်ရောက်ခြင်းမှာပဲ ပရိသတ်အားလုံးရဲ့ရှေ့မှာ သူ၏ အိတ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပါတယ်။ အဲဒါကတော့
ပေါင်မုန့်တစ်လုံးပင် ဖြစ်ပါတယ်။ အားလုံးသောသူတွေ အံ့အားသင့်
သွားတာ ပေါ့နော်။ အဲအချိန်မှာ မိန်းကလေးဟာ အလွန်စိတ်ဆိုး
စွာဖြင့် ပေါင်မုန့်ကြီးကို ကိုင်ပြီး လွှတ်ပစ် လိုက်ပါတယ်။ ကောင်လေးကလည်း
သူပေးတဲ့ လက်ဆောင်ကို လွှတ်ပစ်ရမလားဆိုပြီး စိတ်ဆိုး သွားတာပေါ့။
အဲဒါနဲ့ ကောင်လေးဟာ လွှတ်ပစ်လိုက်တဲ့ ပေါင်မုန့်ကို လိုက်ကောက် ပါတော့တယ်။ ပြီးတော့ ပေါင်မုန့် အတွင်းထဲမှ အရာကို ထုတ်ပြ လိုက်ပါတယ်။
အဲဒါကတော့ ကားသော့နှင့် စေ့စပ်လက်စွက်ပါ။ ကောင်မလေးဟာ အဲဒီ
အရာတွေကို မြင်ရသော်လည်း သူမအတွက် အရာရာဟာ နောက်ကျလို့ သွားပါပြီ။
သင်ခန်းစာ -
မျှော်လင့်ထားသလို ဖြစ်မလာလည်း အရာအရာကို ရောင်ရဲ တင်းတိမ်နိုင်အောင် သင်ယူပါ။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...