စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျက်ကီချန်း ဇာက်ကားတွေကို နှစ်သက်ရတဲ့ အကြောင်းရင်း


 ဇာတ်ဝင်ခန်း တစ်ခုတွင် ဂျက်ကီချန်းအား မြင်တွေ့စဉ်
 
 အလွမ်း အဆွေး ပုံစံနဲ့ ဂျက်ကီချန်းအား တွေ့ရစဉ်
 
 ခပ်ပြောင်ပြောင် ပုံစံနဲ့ ဂျက်ကီချန်း

ဂျက်ကီချန်း သီချင်းသီဆိုနေစဉ်
 
ဇာတ်ဝင်ခန်းတစ်ခုတွင် ဂျက်ကီးခန်းမှ စက်လှေကား၏ လက်ကိုင်တန်းမှ စွန့်စွန့်စားစား ဆင်းနေပုံ


ဂျက်ကီးချန်း ဇာတ်ကားတွေကို လူတိုင်းကြည့်ဖူးမှာပါ။ အဲလို ကြည့်တဲ့ အခါမှာ
ချက်ကီးချန်းက ခပ်နောက်နောက် ပုံစံနဲ့လည်း တွေ့ရသလို တစ်ခါတစ်ရံ ခပ်တည်တည်
ပုံစံရုပ်မျိုးနဲ့လည်း သရုပ်ဆောင် ထားပါတယ်။ သိုင်းကားတွေကို အထူးသဖြင့်
ရိုက်သော်လည်း ဟာသလေးတွေပါ ရောနှောပြီး ထည့်ထားတော့ ကြည့်ရတဲ့သူတွေ အလွန်ပျော်တာပေါ့။


ဒါ့အပြင် တစ်ချို့သော ဇာတ်ဝင်တေး သီချင်းတွေကို သူကိုယ်တိုင်တောင် သီဆို
ထားပါတယ်။ အဆိုဘက်မှာလည်း ထူးချွန်သူ တစ်ယောက်ပေါ့။ အချစ်နဲ့ ပက်သက်တဲ့
ဇာတ်ဝင် ခန်းတွေမှာဆို ကြည့်ရတဲ့သူတွေ မျက်ရည် ဝဲလာအောင် သူက သရုပ်ဆောင်လို့ ထားပါသေးတယ်။ စွန့်စားခန်းတွေမှာဆို ကြည့်ရှုနေတဲ့သူ အံ့သြတုန့်လှုပ် ကြောက်ရွံ့
လာအောင်လည်း စွန့်စွန့်စားစား ရိုက်ကူးထားပါတယ်။

ဒီလိုသော အချက်တွေက ဂျက်ကီးချန်းရဲ့ ဇာတ်ကားတွေကို စွဲစွဲမြဲမြဲ ကြည့်စေရန် ဆွဲဆောင်ထားပါတယ်။ တစ်ချို့သော ဇာတ်ကားတွေဆိုရင် တစ်ခါကြည့်ပြီး သားလည်း ထပ်ကြည့်ရင် မရိုးပါ။ ဒါကြောင့် ထပ်ခါ ထပ်ခါ ကြည့်မိ ပါတော့တယ်။ ဒါကြောင့် ဂျက်ကီးချန်း ဇာက်ကားတွေ နှစ်သက်ရပါတယ်။
Photo by - Jackie Chan facebook
ကျော်လင်းနိုင် (ရိုးရာလေး)

www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/827310620645525

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...