စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိကိုယ်ကိုတာဝန်ယူရဲပါစေ။

                   



မြန်မာနိုင်ငံကလူငယ်အချို့က နိုင်ငံခြားကားတွေကြည့်ပြီးအတုယူကြလေ့ရှိပါတယ်။ ဒါပေမယ့်များသောအားဖြင့်တော့စကတ်အတိုဝတ်တာနဲ့ ကလပ်သွားတာလောက်ပဲအတုယူတာ
တွေ့ရပါတယ်။ ကောင်းတဲ့အချက်တွေကိုတော့ သိပ်အတုယူတာမျိုးမတွေ့ရပါဘူး။ (အားလုံးကိုမဆိုလိုပါ။ လူတော်များလည်း တွေ့ဖူးပါတယ်)

ဥပမာအမေရိကန်တွေဆို၇င် ၁၈နှစ်လောက်ရောက်ကတည်းကသူတို့ကျောင်းစရိတ်တွေကို သူတို့ဘာသာစားပွဲထိုးလုပ်ပြီးစ၀င်ငွေရှာကြပါပြီ။ စားပွဲထိုးတစ်ခုထဲမဟုတ်ပါဘူး။ အခြား
ဝင်ငွေရနိုင်မယ့်အလုပ်တွေကိုလည်း ရှာဖွေပြီးလုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာကအလုပ်မှမရှိတာ ဘာလုပ်၇မှာလဲလို့ ဆင်ခြေပေးချင်ရင်တော့ပေးလို့ရပါတယ်။ ဒါဆိုရင် အလုပ်ကိုရော အားသွန်ခွန်စိုက်သင်ရှာကြည့်ဖူးပါသလား? သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့
အရာလို့သဘောထားပြီးရှာခဲ့ဖူးပါသလား? များသောအားဖြင့်တော့တစ်ခါနှစ်ခါ အလုပ်ရှာကြည့်မယ်။ မရရင် လက်လျော့လိုက်ကြတဲ့သူတွေများပါတယ်။ ငါငယ်ပါသေးတယ်လို့ တွေးတဲ့သူတွေလည်းရှိပါတယ်။

အမှန်တော့ ငယ်သေးတာနဲ့အလုပ်မလုပ်တာ ဘာမှမသက်ဆိုင်ပါဘူး။နိုင်ငံခြားသားတွေကို ၁၈နှစ်ပဲရှိသေးလို့အလုပ်မလုပ်သေးတာလို့သွားပြောရင်သူတို့ရယ်ပါလိမ့်မယ်။ဒီတော့ ကောင်းတဲ့အမူအကျင့်များလည်း အတုယူနိုင်ကြပါစေ။

ဒါနဲ့အလုပ်ရှာချင်တယ်ဆိုရင် www.work.com.mm ပေါ်မှာအလုပ်အကိုင်ပေါင်း ၂၀၀၀နီးပါးကို ထိုင်ရာမထအင်တာနက်ရှိရုံနဲ့အလုပ်လျှောက်လို့ရတယ်နော်။
Ph. 01512563 or 011223309

မိုးရှင်း (I.M.T)
www.work.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...